Nge Thu Moh

Nge Thu Moh

Lyrics

စိတ်အလိုကိုလိုက်ကာ

ငယ်သူမို့မသိတတ်ခဲ့ပါ

ဟိုးတစ်ချိန်ပြန်လွမ်းစရာ

ပျော်ရွှင်သော အချစ်ရက်များစွာ

တို့နှစ်ယောက်ရဲ့ အချစ်ဟာ

ငြိမ်းချမ်းတဲ့ ကံဇာတာနယ်မှာ

လမ်းဖြောင့်ဖြောင့်လာမယ်ထင်ခဲ့တာ

အမှားအမှန်ကို ချိန်ချိန်

ဖြေနိုင်တဲ့ တို့နှစ်ယောက်အသိဉာဏ်

မပြည့်စုံနိုင်သေးခင်

ထင်ရာပဲ စိုင်းခဲ့မိတာ

အကျိုးအမြတ် ရလဒ်ဟာ

နွမ်းခဲ့တဲ့ ရာသီအိုချိန်မှာ

ကျောခိုင်းခဲ့ ညောင်ညိုပင်အောက်မှာ

စိတ်တွေလည်တိုင်း မျက်ရည်ရယ်ဝိုင်း

လွမ်းစရာရယ် အရာရာဖြစ်ခဲ့ပြီ

မိုးတွေရွာတိုင်း အသည်းအိမ်မှာလှိုင်း

ရင်ခွင်လွှာရယ် အဆွေးကြီးဆွေးပြီ

သို့ပေမယ့်လည်းလေ

နယ်မြေချင်းစည်းခြားခဲ့ပြီ

အခုချိန်မှာ ဘဝတွေ

ဘယ်လိုမှ မနီးကြတော့ပေ

အဝေးကတော့ စိတ်တွေ

သတိရလို့ နေပါတယ်လေ

မေ့မရတဲ့ ငယ်ချစ်ဦးရေ

စိတ်တွေလည်တိုင်း မျက်ရည်ရယ်ဝိုင်း

လွမ်းစရာရယ် အရာရာဖြစ်ခဲ့ပြီ

မိုးတွေရွာတိုင်း အသည်းအိမ်မှာလှိုင်း

ရင်ခွင်လွှာရယ် အဆွေးကြီးဆွေးပြီ

သို့ပေမယ့်လည်းလေ

နယ်မြေချင်းစည်းခြားခဲ့ပြီ

အခုချိန်မှာ ဘဝတွေ

ဘယ်လိုမှ မနီးကြတော့ပေ

အဝေးကတော့ စိတ်တွေ

သတိရလို့ နေပါတယ်လေ

မေ့မရတဲ့ ငယ်ချစ်ဦးရေ

မေ့မရတဲ့ ငယ်ချစ်ဦးရေ

မေ့မရတဲ့ ငယ်ချစ်ဦးရေ

မေ့မရတဲ့ ငယ်ချစ်ဦးရေ

မေ့မရတဲ့ ငယ်ချစ်ဦးရေ

မေ့မရတဲ့ ငယ်ချစ်ဦးရေ

Credits

Song Bio

"Nge Thu Moh" (ငယ်သူမို့) is a tender Burmese pop ballad that captures the ache of a first love lost not to heartbreak, but to circumstance. The narrator looks back on a youthful relationship shaped by innocence and inexperience — two people who followed their feelings without the wisdom to navigate them, believing their path would stay smooth and their bond untouched by fate. As the song unfolds, that early sweetness gives way to quiet sorrow: tears well up with every wandering thought, and each rainfall stirs a fresh wave of longing in the heart. The central tragedy isn't betrayal, but distance — the two lovers are separated by borders and circumstance, their lives now impossible to bring close again. Yet even from afar, the memory refuses to fade, and the recurring refrain lingers like a whispered promise: this young love can never be forgotten. With its wistful melody and deeply relatable theme of love interrupted by life's boundaries, "Nge Thu Moh" has resonated with generations of Burmese listeners who understand that some first loves stay with us long after they end.

Song Info

SHARE