Na Mate

Shwe Yaung A Htote Pat Ti · 31 Dec, 1998

Na Mate

Lyrics

အချစ်နဲ့ကျွန်တော် မေတ္တာမျှနေတုံးပေါ့

လွယ်အိပ်နီလေး သူဝယ်ပေးဘူးတယ်

လွယ်အိတ်ကလေးကို ထွေးပွေ ့ကာ

ရင်မှာစိတ်ကြည်နူးလိုက်တာ

အကြင်နာရဆုံး မင်းကလေးရဲဲဲ့စေတနာ

အချစ်နဲ့ကျွန်တော် စိတ်ကောက်နေကြတုံးပေါ့

နှင်းပန်းပွင့်ကလေး ကျွန်တော်ပေးဘူးတယ်

စိတ်ကောက်ပြေကာ သူ့မျက်နှာ

ပြုံးလို့ရီကာ ချစ်လိုက်တာ

အခင်တွယ်ရဆုံး မိန်းကလေးမျက်နှာကဗျာ

မခွဲဘူးအချစ်ရေ အော် မခွဲဘူး အသက်ရေ

စိန္တေမြတ်ဘုရား ဆုပန်ချွေလို့သာ

အလွမ်းပန်းပွင့်တွေ အော် ပေးဆပ်ရင်းသာ

အဆင်အပြေကြဆုံး တို့

နှစ်ယောက်ချစ်ကမ္ဘာမှာ

ချိန်းတဲ့နေ့မှာ ချစ်တဲ့သူဆီသွားဘို့

လွယ်အိတ်နီလေး

ပြတ်သောကြိုးနဲ့သာ

ရင်မှာစိုးရိမ်ကဲလို့သာ

ချစ်တဲ့သူဆီလှမ်းခဲ့ရာ

အကြင်နာရဆုံး

မင်းကလေးရောက်မလာပါ

ရင်ခွင်ထဲမှာငို ပန်းတွေရှိနေတုံးပေါ့

မြေပြင်ထက်ကိုလွှတ်ချမိပြီကွာ

မြေပြင်ထက်မှာ ပန်းမွေ့ရာ

နှင်းပန်းပွင့်တွေ ကျဲပြန့်ကာ

မယုံနိုင်ရဆုံး မင်းပေးတဲ့ ဝေဒနာ

နှလုံးသားထဲမှာ

မင်းကလေးတစ်ယောက်သာ

နေရာယူခွင့် ရှိနေတယ်အခိုက်မှာ

အဝေးဆုံးတစ်ဖက်ကို ပြေးထွက်လို့ခွါ

ပြန်မဆုံနိုင်တော့ တို့နှစ်ယောက်

တစ်ယောက်တစ်နေရာ

ပြန်မဆုံနိုင်တော့ တို့နှစ်ယောက်

တစ်ယောက်တစ်နေရာ

ပြန်မဆုံနိုင်တော့ တို့နှစ်ယောက်

တစ်ယောက်တစ်နေရာ

Credits

Song Bio

"Na Mate" is a bittersweet Burmese ballad that traces a love story through small, symbolic gifts — a red bag, a snowdrop flower — each one marking tenderness and devotion. The mood shifts on the day of a planned meeting, when a snapped bag strap foreshadows heartbreak: the beloved never arrives. What follows is quiet devastation, as the singer accepts that fate has pulled the two apart for good, each now alone in a different place. It's a poignant story of love undone by circumstance, told through small details that carry deep emotional weight.

Song Info

SHARE