Lyrics
မမက သိပ်ချစ်ဖို့ကောင်းတယ်
လူကွယ်တိုင်း အနားနားကပ်ကာရယ်
တိတ်တိတ်ကလေး ခိုးခိုးပြီးနမ်းတယ်
မမကို သိပ်ချစ်တာပဲကွယ်
မမက သိပ်သနားဖို့ကောင်းတယ်
ကျွန်တော်ဘာပြောပြော
ခေါင်းမခါဘူးကွယ်
ဘယ်သူမှ ဂရုမစိုက်ပဲချစ်တယ်
မမကို သိပ်ချစ်တာပဲကွယ်
မမကိုချစ်တယ်
ကျွန်တော့်ကိုချစ်တယ်
ဘာမှ မသိဘူးကွယ်
မမကိုလေ
သိပ်ချစ်တာပဲကွယ်
မမက သိပ်မုန်းဖို့ကောင်းတယ်
ခြေရာလေးလည်း ဖျောက်တတ်ပြီကွယ်
အရင်လိုလည်း နည်းနည်းမှမဟုတ်တယ်
မမကို သိပ်မုန်းတာပဲကွယ်
မမက အပြောင်းလဲမြန်လွန်းတယ်
ညာညာပြီး ချစ်တတ်ပါတယ်
အိမ်မက်ကလေး တစ်ရေးနိုးသွားတော့ကွယ်
မမကို သိပ်မုန်းတာပဲကွယ်
မမကိုမုန်းတယ် ကျွန်တော့်ကိုမေ့တယ်
ဘာမှမသိဘူးကွယ် မမကိုလေ
သိပ် မုန်းတာပဲကွယ်
မမက သိပ်ချစ်ဖို့ကောင်းတယ်
လူကွယ်တိုင်း အနားနားကပ်ကာရယ်
တိတ်တိတ်ကလေး ခိုးခိုးပီး နမ်းတယ်
မမကို သိပ်ချစ်တာပဲကွယ်
မမက သိပ်သနားဖို့ကောင်းတယ်
ကျွန်တော်ဘာပြောပြော
ခေါင်းမခါဘူးကွယ်
ဘယ်သူမှ ဂရုမစိုက်ပဲချစ်တယ်
မမကို သိပ်ချစ်တာပဲကွယ်
မမကို ချစ်တယ်
ကျွန်တော့်ကို ချစ်တယ်
ဘာမှမသိဘူးကွယ်
မမကိုလေ သိပ်ချစ်တာပဲကွယ်
Credits
Song Writer
Producer
Song Bio
ဒီ လွှမ်းမိုးရဲ့ မမ သီချင်းလေးဟာ အချစ်ဦး သို့မဟုတ် မိမိထက် အသက်ကြီးတဲ့ အမျိုးသမီးတစ်ဦးအပေါ် ထားရှိတဲ့ နုပျိုတဲ့ လူငယ်တစ်ယောက်ရဲ့ ခံစားချက်ပေါင်းစုံကို ရိုးရှင်းပွင့်လင်းစွာ ပုံဖော်ထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းထဲမှာ အချစ်ရဲ့ ချိုမြိန်မှု၊ အလိုလိုက်မှုတွေနဲ့ စတင်ထားပြီး ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေကို ဖော်ပြထားပါတယ်။
ဒါပေမဲ့ သီချင်းရဲ့ အလယ်ပိုင်းမှာတော့ အချစ်ကြောင့် ရရှိလာတဲ့ နာကျင်မှု၊ ပြောင်းလဲသွားတဲ့ အခြေအနေတွေနဲ့ အိပ်မက်ပျက်သုဉ်းသွားတဲ့ ခံစားချက်ကို "မုန်းတယ်" ဆိုတဲ့ စကားလုံးနဲ့ အားပါပါ သရုပ်ဖော်ထားပါတယ်။ နောက်ဆုံးမှာတော့ အချစ်နဲ့ အမုန်းကြားက ရုန်းကန်မှုကို ဖြတ်ကျော်ပြီး အမှတ်တရဟောင်းတွေဆီ ပြန်လည်ရောက်ရှိသွားတဲ့ သံသရာကို ခံစားရမှာပါ။
Song Info
- Released30 Jun, 1998
- OrganizationOak Oaw Tay Than Thwin, May Studio
- WriterNay Myo Say
- ProducerYe Khaung (May)
- EngineerYe Khaung (May)
- MusiciansHlwan Moe, Twot Kyi, Sandayar Khin Maung Cho, Athen, Ko Oo, Tin Win, The King