Hlwan Moe

Hlwan Moe

BIOGRAPHY

လွှမ်းမိုး (၁၉၅၄-၂၀၀၁) သည် မြန်မာနိုင်ငံသား တေးရေး တေးဆို ဖြစ်သည်။ နိုင်ငံအဝှမ်း ထင်ရှားကျော်ကြားသည့်သီချင်းများစွာကိုသီဆိုခဲ့သည်။

ရန်ကုန်သားလေးကျွန်တော်ပါ သီချင်းဖြင့် တောရောမြို့ပါအောင်မြင်ခဲ့ပြီးနောက် မန္တလေးမြို့ကိုပြန်ခဲ့မယ်၊ မအေးကိုချစ်လို့ပါ၊ လူပျောက်ကြော်ငြာ၊ နီနီညိုညိုကိုကို၊ ဆရာမ၊ ကံ့ကော်မြို့တော်၊ အဖေ၊ အချစ်ရှုံးသမားဒဿဂီရိ၊ အခုတော့ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်လို့ကျန်ခဲ့ပြီ စသည့်သီချင်းများအပြင် များစွာသော တေးအယ်လ်ဘမ်များ ထွက်ရှိအောင်မြင်ခဲ့သည်။

ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သူဖြစ်သောကြောင့် မြန်မာသံတေးများသာမက ဓမ္မတေးများစွာကိုလည်း သီဆိုခဲ့သည်။

သီချင်းပုံစံ

သီဆိုခဲ့သော သီချင်း ပုံစံများမှာ

၁၉၆၀ပြည့်နှစ်များ၏ နှစ်လယ် (၁၉၆၅) မှ ၁၉၇၀ ပြည့်နှစ်များကြား ဝါရှင်တန်ဒီစီတွင်ပေါ်ပေါက်ရေပန်းစားခဲ့သည့် Funk ၏မျိုးကွဲဖြစ်သော Go-go ပုံစံ

၁၉၂၀ ပြည့်နှစ်များတွင် အမေရိကတောင်ပိုင်း၌ ပေါ်ထွန်းခဲ့သော Country ပုံစံဖြစ်ပြီး

အနောက်တိုင်းဂီတအနေဖြင့် အောင်မြင်စကာလမှ နောက်ဆုံးအချိန်အထိအများဆုံး ဆိုသွားခဲ့သော ပုံစံမှာ ၁၉၅၀ ပြည့်နှစ်များတွင် ကျူးဘား၌ပေါ်ပေါက်အောင်မြင်ခဲ့သော Cha-cha-cha ပုံစံနှင့် ၁၉၁၄ နှစ်များတွင် အမေရိက၌ စတင်ရေပန်းစားခဲ့သော Foxtrot ပုံစံဖြစ်သည်။ ထိုနှစ်မျိုးလုံး Dance ဂီတအုပ်စုတွင်ပါဝင်သည်။

Foxtrot ဟန်နှင့်တီးခတ်သွားသော ခေတ်ပေါ်သီချင်းတစ်ပုဒ်ကိုလေ့လာလိုလျှင် အမေရိကန် Pop rock band တစ်ခုဖြစ်သော American Authors ၏ Best Day of My Life သီချင်းကို မြည်းစမ်းကြည့်နိုင်ပါသည်။

ရုပ်ရှင်ဗီဒီယိုများ

လွှမ်းမိုးသည် ဂီတနယ်ပယ်တွင်သာမက သရုပ်ဆောင်တွင်လည်း ထူးချွန်သူဖြစ်ခဲ့သည်။ ဦးဆုံးပါဝင်သည့် ပန်းသီတဲ့ကြိုး ဇာတ်ကားတွင် ပီပြင်သောသရုပ်ဆောင်မှုများကြောင့် အကယ်ဒမီရမည်ဟုပင်ထင်ကြေးပေးခံခဲ့ရသည်။

ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများမှာ

- ပန်းသီတဲ့ကြိုး (နေအောင်၊ ခင်သီတာထွန်း) ဒါရိုက်တာဝင်းဖေရိုက်ကူးပြီး ၁၉၈၅ ရုပ်ရှင်ထူးချွန်ဆုအတွက်အမျိုးသားဇာတ်ဆောင် အမျိုးသမီးဇာတ်ဆောင် အမျိုးသမီးဇာတ်ပို့ဆုများရခဲ့သည်

- ဒုစရိုက်သားကောင် (စမ်းပပအောင်) ကျော်ဟိန်းစီစဉ်သည်

- နွေဦးရောက်ပြီကိုကို (ရန်အောင်၊ မေဝင်းမောင်)

- ခေါင်းနဲ့ပန်း (ကျော်ဇေယျ၊ တင်တင်ညို)

- ကြင်နာမယ် ယုယမယ် မြတ်နိုးမယ် (မေသန်းနု)

- မေတ္တာသံစဉ်တေး (နွဲ့နွဲ့မူ၊ ချစ်ချစ်ဇော်)

- ဖေဖေ့သားနဲ့မေမေ့သမီး (ခင်သန်းနု) ၁၉၈၈

- နောင်အင်းလေး ( .....? )

- လူကြမ်း (ဒါရိုက်တာလွှမ်းမိုး၊ ချိုပြုံး)

- လေပွေအဝှေ့မှာဖြင့် (...........?) ဒါရိုက်တာ မိုက်တီး

- ပန်းပန်လျက်ပါမဗေဒါ (ကျော်သူ၊ ချစ်ချစ်ဇော်)

- အလင်းရောင်ပေါ်ပြီမရီ (တင့်တင့်ထွန်း) ဒါရိုက်တာ စန္ဒာအောင်သိန်းတို့ဖြစ်သည်။

ကက်ဆက်ဇာတ်လမ်း

ကက်ဆက်ဇာတ်လမ်းများတွင်လည်း အသံဖြင့်သရုပ်ဆောင်ခဲ့သည်၊ သူသရုပ်ဆောင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်မှာ ဝတ္ထုဆွေဆွေအောင် ဇာတ်ညွှန်းဒါရိုက်တာစိန်ဝင်း(ဘူမိဗေဒ)၊ အသံသရုပ်ဆောင် ရုပ်ရှင်မင်းသမီးမြင့်မြင့်ခိုင်တို့ပါဝင်သော မာနမင်းသား အမည်ရှိကက်ဆက်ဇာတ်လမ်းဖြစ်သည်။

ငယ်ဘဝ

၁၉၅၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ တွင် မွေးသည်။ ငယ်နာမည်မှာ စိုးစိုး ဖြစ်သည်။ မဟုတ်မခံစိတ်ရှိသဖြင့် ငယ်စဉ်ကစိတ်မြန်လက်မြန်သမားဖြစ်ခဲ့ဖူးသလို အောင်မြင်ပြီးနောက်ပိုင်းတွင်လည်း သိသူကိုဖြစ်စေ မသိသူကိုဖြစ်စေ မတောင်းဆိုရပါဘဲ ကူညီတတ်သောစိတ်ရှိသဖြင့်လည်း လူချစ်လူခင်ပေါသူဖြစ်ခဲ့ပြန်သည်။

အဆိုတော်အဖြစ်မအောင်မြင်မီက ဂစ်တာအတီးသမားအဖြစ်ရပ်တည်ခဲ့ကာ အဆိုတော်ဖြစ်ပြီးနောက်ပိုင်းတွင်လည်း King တီးဝိုင်းတွင် lead ဂစ်တာနှင့်ဂီတမှူးအဖြစ် တာဝန်ယူခဲ့သည်။

မကျော်ကြားခင်ကစန္ဒယားချစ်မောင်၏ Double Agent တီးဝိုင်းတွင်လည်း lead ဂစ်တာသမားအဖြစ်တီးခတ်ခဲ့ဖူးပြီး အနောက်တိုင်းခေတ်ပေါ်တေးများ စတင်လာခဲ့သည့်ခေတ်ဦးတွင်ပင် ထူးထူးချွန်ချွန်တီးခတ်နိုင်သော ဂစ်တာသမားအဖြစ် အသိမှတ်ပြုခံခဲ့ရသည်။

မိသားစုဘဝ

မိသားစုနှင့်အတူ သီရိလမ်း၊ ပါရမီရပ်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းတွင် နေထိုင်ခဲ့သည်။

ဘဝနိဂုံး

၂၀၀၁ ခု၊ ဇူလိုင်လ ၁၀ ရက် နံနက်တွင် ရုတ်တရက် ကွယ်လွန်သည်။

ထွက်ရှိခဲ့သော တေးစီးရီးများ

ဟင်္သာတို့ရဲ့နန်းတော်ရှေ့

ပျော်တာပေါ့ အမေရယ် (၁၉၈၁)

ပရိသတ်ချစ်သောတေးများ(၂)

လက်ရွေးစင်တေး

လက်ရွေးစင်တေးများ - ၂

ငွေရတု အကောင်းဆုံးတေးများ(၃) (၂၀၀၁)

ငွေရတုမှတ်တမ်း အကောင်းဆုံးတေး(၂)(၂၀၀၁)

ငွေရတုအကောင်းဆုံးတေးများ (၄) (၂၀၀၁)

တေးပုလဲ ၈၅

မောင်မေးမယ်မေ (၁၉၈၈)

နှလုံးသားကိုနီကာ (၂၀၀၀)

ကျွန်တော်နှင့်လွှမ်းမိုး

လက်ရွေးစင် (မူရင်း)

သၽွီ

ဆရာမ (၁၉၈၀)

တိတ်တခိုးချစ်သူ (၂၀၀၂)(သိန်းတန်(မြန်မာပြည်)၏တေးသီချင်းများကို ပြန်လည်သီဆိုထားသည်)

ပရိသတ်ချစ်သောတေးများ (၁)

မဟာဒဏ္ဍာရီ (၁၉၉၂)

မိုးစက်တင်လေ

မနှင်းဆီ (၁၉၇၉)

ရန်ကုန်သားလေး ကျနော်ပါ (၁၉၇၅)

လက်ရွေးစင်တေးများ

ကော်ဖီဆိုင်အိပ်မက်

ငွေရတုမှတ်တမ်း(၁) (၂၀၀၀)

ပြောပါရစေ (၁၉၈၂)

အလှူရှင် (ချိုပြုံးနှင့် တွဲဖက်၍)

မအေးကိုချစ်လို့ပါ (၁၉၇၇)

ကားပြိုင်ပွဲ (မို့မို့မြင့်အောင် နှင့်တွဲဖက်၍)(၁၉၈၀)

ကျောင်းပြေးချစ်သူ (မေရွက်ဝါ နှင့်တွဲဖက်၍)

မင်းလိုလူစား အများကြီး

ပန်းနုနှင်းဆီ (၁၉၉၅)

ဖြေ (၁၉၉၀)

မြန်မာသံ တေးစီးရီးများ

ပွဲကြိုက်ခင် (၁၉၈၆)

ကျွန်တော်တင်တဲ့ရွှေမင်းသမီး (၁၉၈၇)

ချစ်ကြိုးမဲ့လေတံခွန် (၁၉၈၉)

ဂုဏ် (၁၉၉၀)

ရွှေခြည်ငွေခြည်ပိုးကြိုးသီ (မာမာအေး နှင့်တွဲဖက်၍)(၁၉၉၁)

အဝိဇ္ဇာ၏ပြယုဂ်များ (၁၉၉၃)

တစ်ဆောင်းသစ်ပြန်ပြီ (၁၉၉၃)

ဆောင်းနှင်းမြူနဲ့ကိုယ့်ချစ်သူ (တွံတေးသိန်းတန် ၏ သီချင်းများအား ပြန်လည်ခံစားသီဆိုမှု) (၁၉၉၃)

ဂန္ထဝင်မှတ်တိုင်များ (၁၉၉၃)

ကြည်နူးဖွယ်မင်္ဂလာတေးသီဖြာ (နီနီဝင်းရွှေ နှင့်တွဲဖက်၍)(၁၉၉၃)

မေ့အချစ်မြား (၁၉၉၆)

ကြည်နူးဖွယ်အကောင်းဆုံးဓမ္မတေးသီချင်းများ(၂၀၀၀)

စိတ်တိုင်းဖြစ်ရစေ့မယ်ကိုသိပ်ခက် (စိုးစန္ဒာထွန်း

နှင့်တွဲဖက်၍)(၂၀၀၀)

ရွှေပန်းရည်ဘဏ်တိုက်(၁) (နီနီဝင်းရွှေ နှင့်တွဲဖက်၍)(၂၀၀၀)

စိတ်ကြိုက်လက်ရွေးစင် (၂၀၀၁)

ကိုးကား

ဈာပနကမ်းယပ်ပါ အချက်အလက်များ

လွှမ်းမိုး ငယ်သူငယ်ချင်း(တရားသူကြီးဟောင်း တစ်ဦး) ၏ငယ်ဘဝအကြောင်းပြောပြချက် အချို့နှင့် သိကျွမ်းခဲ့ဖူးသည့် အတွေအကြုံအချို့

https://my.m.wikipedia.org/w/index.php?title=လွှမ်းမိုး&oldid=521840

___________________

#Admin လေ့လာချက် လွှမ်းမိုး စီးရီးများ

လွှမ်းမိုး- ဓမ္မတေးသီချင်းများ

===*===*===*==-*===

၁။ကြည်နူးဖွယ်ရာတေးသီဖြာ

အကောင်းဆုံးဓမ္မတေးသီချင်းများ

၂။ကြည်နူးဖွယ်မင်္ဂလာတေးသီဖြာ

လွှမ်းမိုး-နီနီဝင်းရွှေ

၃။မိဘကန်တော့တေး

လွှမ်းမိုး-မေဆွိ-နီနီဝင်းရွှေ

၄။ဘုရားမကြိုက်တဲ့လူမိုက်ငါးယောက်

လွှမ်းမိုး-စိုးလွင်လွင်-မေဆွိ-နီနီဝင်းရွှေ

၅။သရဏဂုံသုံးပါးကန်တော့ခန်း- အဖွဲ့

၆။အလင်္ကာ၏ ရတနာများ(ဆိုင်း)-အဖွဲ့

၇။မေတ္တာပွားပုံနည်းမျိုးစုံ - အဖွဲ့

၈။ပြည်မြို့ လေးဆူဓာတ်ပျော်

ရွှေဆံတော်စေတီတော်မြတ်ကြီး

ဓမ္မတေးသီချင်းများ-အဖွဲ့

၉။ဖန်ဆင်းရှင်နဲ့အလှများ

(ခေတ်ပေါ်ဓမ္မတေး) အမှတ် - ၅ - အဖွဲ့

၁၀။မင်္ဂလာနေ့သစ်သီချင်းများ - အဖွဲ့

၁၁။မေတ္တာပွားပုံနည်းမျိုးစုံ - အဖွဲ

လွှမ်းမိုး-မြန်မာသံ(တစ်ကိုယ်တော်)

===*===*===*===*===*===

၁။ပွဲကြိုက်ခင်

၂။ကျွန်တော်တင်တဲ့ရွှေမင်းသမီး

၃။ချစ်ကြိုးမဲ့လေတံခွန်

၄။ဂန္တဝင်မှတ်တိုင်များ

၅။မေ့အချစ်မြား

၆။ ဂုဏ်

၇။အဝိဇ္ဇာ၏ပြယုဂ်များ

၈။တစ်ဆောင်းသစ်ပြန်ပြီ

၉။ ဆောင်းနှင်းမြူနဲ့ကိုယ့်ချစ်သူ

၁၀။စိတ်ကြိုက်လက်ရွေးစင်

လွှမ်းမိုး-မြန်မာသံ(စုံတွဲတေးများ)

===*===*===*===*===*===

၁။ရွှေခြည်ငွေခြည်ပိုးကြိုးသီ

(လွှမ်းမိုး+မာမာအေး)

၂။အုံ့ပုန်းချစ်နဲ့မင်္ဂလာသတင်း

(လွှမ်းမိုး+မေရွက်ဝါ)

၃။ကြိုးကြာမောင်နှံ-(လွှမ်းမိုး၊နီနီ၀င်းရွှေ)

၄။ရွှေပန်းရည်ဘဏ်တိုက်

(လွှမ်းမိုး+နီနီဝင်းရွှေ)

၅။စိတ်တိုင်းကျဖြစ်ရစေ့မယ်ကိုသိပ်ခက်

(လွှမ်းမိုး၊စိုးစန္ဒာထွန်း)

၆။ရွှေမင်္ဂလာဆောင် (၁)

၇။ရွှေမင်္ဂလာဆောင် (၂)

လွှမ်းမိုး-မြန်မာသံတေးများ- အဖွဲ့

===*===*===*===*===*===

၁။အချစ်ဦးသို့ရွှေနားတော်သွင်း ဧချင်း

၂။လောကအလှချစ်သူများ

၃။အုံ့ပုန်းချစ်နဲ့မင်္ဂလာသတင်း

၄။မြန်မာ့အလှခြယ်မှုန်းသူများ

၅။ပန်းတိုင်းပွင့်စေသူများ

၆။ပန်းတိုင်းပွင့်စေသူများ ၂

၇။ရင်မှာအေးမြစေသူများ

၈။သူရွေးသီရာတေးကဗျာ

၉။ရွှေစင်ပုလဲသွယ်

၁၀။စိန်မြရံချယ်

၁၁။နှစ်ဖက်လှဆယ်မျက်နှာ

၁၂။ဒဝေစ်ဆရာ

၁၃။ဂန္တဝင်ရုပ်ရှင်တေးများ

၁၄။ဆ်ိုလွယ်တေး #8 (လွှမ်းမိုး+အောင်သူ)

လွှမ်းမိုး-စတူရီယိုတေးများ

===*===*===*===*===

၁။ရန်ကုန်သားလေးကျနော်ပါ

(လွှမ်းမိုး-မွှေး-မေသော်)

၂။မင်းလိုလူစားအများကြီး

(လွှမ်းမိုး-မွှေး-ရွှင်ပြုံး)

၃။မအေးကိုချစ်လို့ပါ(လွှမ်းမိုး၊ဇင်မ)

၄။ကားပြိုင်ပွဲ (လွှမ်းမိုး၊မို့မို့မြင့်အောင်)

၅။ကျောင်းပြေးချစ်သူ(လွှမ်းမိုး၊မေရွက်ဝါ)

၆။အလှူ့ရှင် (လွှမ်းမိုး+ချိုပြုံး)

၇။ပျော်တာပေါ့အမေရယ် (လွှမ်းမိုး+မို့မို့မြင့်အောင်)

၈။မနှင်းဆီ

၉။ပြောပါရစေ

၁၀။ဆရာမ

၁၁။တေးပုလဲ ၈၅

၁၂။ဟင်္သာတို့ရဲ့နန်းတော်ရှေ့

၁၃။ကျွန်တော်နှင့်လွှမ်းမိုး

(နေဇော်အောင်၏သီချင်းများ)

၁၄။သျှီ (သို့)သစ်ခုတ်သမားရဲ့လွမ်းချင်း

၁၅။ပရိသတ်ချစ်သောတေးများ

၁၆။ပရိသတ်ချစ်သောတေးများ(၂)

၁၇။မိုးစက်တင်လေ

၁၈။မဟာဒဏ္ဍာရီ

၁၉။ဖြေ

၂၀။မောင်မေးမယ်မေ

၂၁။လက်ရွေးစင်တေး

၂၂။လက်ရွေးစင်တေးများ

၂၃။လက်ရွေးစင်တေးများ(၂)

၂၄။နှလုံးသားကိုနီကာ

၂၅။ကော်ဖီဆိုင်အိမ်မက်

၂၆။ပန်းနုနှင်းဆီ

၂၇။ငွေရတု ၁

၂၈။ငွေရတု ၂

၂၉။ငွေရတု ၃

၃၀။ငွေရတု ၄

၃၁။တိတ်တခိုးအချစ်

လွှမ်းမိုး-စတူရီယို(အဖွဲ့တေးများ)

===*===*===*===*===*===

၁။နော်လီဇာ-ဒိုင်းနမိုတ်သီချင်းများ

၂။ဒါလားဟေ့ကျားစကား

(လွှမ်းမိုး၊နော်လီဇာ)

၃။နှင်းချစ်သူများ

(လွှမ်းမိုး-ဂျက်မြသောင်း-အကာ-ခိုင်ခင်ဦး)

၄။ဆုမျက်သွယ်

(လွှမ်းမိုး-ခင်မောင်ထူး-မေခလာ-မီမီဝင်းဖေ)

၅။ဆ်ိုလွယ်တေး #3

(လွှမ်းမိုး-ခင်မောင်ထူး-မေခလာ-မီမီဝင်းဖေ)

၆။ဂီတပွဲတော်

၇။ဂီတပွဲတော် (၂)

၈။ဂီတပွဲတော် (၃)

၉။ဂီတသင်္ကေတ (၉)

၁၀။စင်ပေါ်ကသီချင်းပွဲတော်(၁)

၁၁။စင်ပေါ်မှသီချင်းပွဲတော် (၃)

၁၂။စင်ပေါ်မှသီချင်းပွဲတော် (၄)

၁၃။စင်တင်တေးဂီတ

၁၄။ကိုင်ဇာရွှေတေးစု (၂)

၁၅။အကောင်းဆုံးလက်ဆောင်

၁၆။အမှတ်တရလားရှိုး

၁၇။နှလုံးသားဟစ်ကြွေးသံများ

၁၈။ရင်ထဲကဟစ်ကြွေးသံ

၁၉။ရေဒီယိုကမ္ဘာ+ခင်မောင်ထူး+မေဆွိ

၂၀။ဝေအတူကြွေအတူ

၂၁။ရတနာတွေတော့ရတနာတွေပေါ့

(မင်းအောင်-လွှမ်းမိုး-ချိုပြုံး)

၂၂။ရွှေဂီတပွဲတော် အမှတ် (၂)

၂၃။စိုင်းထီးစိုင်-ရွှေလက်ဆောင်(၂)

၂၄။ရွှေရတုအကြို

၂၅။ကြည်ကြည်အေး ဒစ္စကိုရောဂါ

(လွှမ်းမိုး + ကြည်ကြည်အေး)

လွှမ်းမိုးသင်္ကြန်သီချင်းများ

===*===*===*===*===

၁။မဏ္ဍပ်တိုင်းမှာတို့ရှိတယ် (၁)

၂။သင်္ကြန်ကဗျာ-အဖွဲ့

၃။လွှမ်းမိုး-သင်္ကြန်

၄။ရေနန်းဗိမ္မာန်-အဖွဲ့

၅။ပိတောက်လက်ဆောင်ပေးပါရစေ-အဖွဲ့

၆။နွေဦးအလင်္ကာ (1993 ခု)- ကာဗာမရှိ

၇။မန်းမြို့သူဇာမေ ၁၉၈၆-ခု သင်္ကြန်တေးသစ်

(လွှမ်းမိုး+မြတ်ဝတ်ရည်) ကာဗာမရှိ

၈။ရေသဘင်ပွဲတော်-အဖွဲ့

၉။ ကိုကျော်ညွန့် ၂၁~ရာစု-၈၄-ခုသင်္ကြန်

အဖွဲ့-ကာဗာမရှိ

၁၀။ကိုကျော်ညွန့် ၁၉၈၄-ခုသင်္ကြန်

၁၁။ဆိုလွယ်တေး #2 သင်္ကြန်တေး(Karaoke)

၁၂။မင်းသားလေးသင်္ကြန် (1992)

၁၃။သင်္ကြန်အခါတော် - အဖွဲ့

၁၄။ကိုယ်ဒီအတိုင်းပဲ - အဖွဲ့

၁၅။တွေ့ကြဦးဆို့နော် - အဖွဲ့

၁၆။မြစ်ရွှေလီ သင်္ကြန် (1986) - အဖွဲ့

၁၇။စင်ပေါ်မှ သင်္ကြန်ပွဲတော် (၁) - အဖွဲ့

၁၈။စင်ပေါ်မှ သင်္ကြန်ပွဲတော် (၄) - အဖွဲ့

၁၉။ကာရာအိုကေ #6 သင်္ကြန်တေး- အဖွဲ့

၂၀။ပိတောက်ကဇာတ်လိုက် - အဖွဲ့

၂၁။အကောင်းစားသင်္ကြန်

၂၂။ရွှေသင်္ကြန် - အဖွဲ့

၂၃။မြန်မာတို့သင်္ကြန် - အဖွဲ့

၂၄။ဥဩသင်္ကြန်တေးများ - အဖွဲ့

TOP SONG

SHARE

More Info

  • TypeSolo
  • Born26 Jun, 1954
  • AreaMyanmar
  • GenresRock
  • RolesVocal, Guitar