Shwe Yaung A Htote Pat Ti · 31 Dec, 1998
Lar Mal So Kyo Mhar Lar
From Shwe Yaung A Htote Pat Ti · 31 Dec, 1998
Lyrics
ကိုယ်ဘယ်ကိုရောက်ရောက် မင်းကိုတော့
ကိုယ့်စိတ်ကသတိရနေတာ
ဘယ်နေရာမှာဖြစ်ဖြစ် မင်းကိုတော့
ခဏတဖြုတ်မှ မေ့မရနိုင်ပါ
ဘယ်လိုမှ ဖျောက်လို့မရဘူး
အတွေးထဲအမြဲဝင်တယ်မင်းအကြောင်း
ဒါကိုမတွေး မတွေးသင့်တော့မှန်း
ဪ သိလျက်နဲ့သတိရနေတာ
သိလျက်နဲ့သတိရနေတာ
မြေဘယ်လောက်ဝေးဝေး ဝေးနေလည်း
ကိုယ့်စိတ်ကမင်းရဲ့ဆီမှာ
မြေဘယ်လောက်ခြားခြား ခြားနေလည်း
မင်းစိတ်နဲ့ကိုယ့်ရဲ့ကိုယ်ပါ
အရင်လိုပဲ နှစ်ကိုယ့်တစ်စိတ်တစ်ကိုယ်ထဲ
မပြောင်းလဲဘူး မင်းအပေါ်ကိုယ့်သဘောထား
ရေကိုဖြတ် အဖြတ်ခက်သလိုပဲ
သမုဒယရဲ့ကြိုးကခိုင်မာ
ဪ သမုဒယရဲ့ကြိုးကခိုင်မာ
နာအောင်တစ်ဖက်စောင်းနင်းစကားတွေလည်း
ကိုယ့်ချစ်ခြင်းကိုမဖျက်ဆီးနိုင်ဘူးကွယ့်
လာနိုင်အောင် ကိုယ်ကြိုးစားနေတယ်
မျှော်လင့်ချက်တွေရင်ထဲမှာအပြည့်နဲ့
အရင်လိုပဲ နှစ်ကိုယ့်တစ်စိတ် တစ်ကိုယ်ထဲ
မပြောင်းလဲဘူး မင်းအပေါ်ကိုယ့်သဘောထား
ရေကိုဖြတ် အဖြတ်ခက်သလိုပဲ
သမုဒယရဲ့ကြိုးကခိုင်မာ
ဪ သမုဒယရဲ့ကြိုးကခိုင်မာ
နာအောင်တစ်ဖက်စောင်းနင်းစကားတွေလည်း
ကိုယ့်ချစ်ခြင်းကိုမဖျက်ဆီးနိုင်ဘူးကွယ့်
လာနိုင်အောင်ကိုယ်ကြိုးစားနေတယ်
မျှော်လင့်ချက်တွေရင်ထဲမှာအပြည့်နဲ့
ဘယ်သူဆီမှာမင်းအကြောင်းသိရမလဲ
ကိုယ်နားပဲအမြဲစွင့်နေတာ
ဘယ်နေရာမှာမင်းနဲ့တွေ့နိုင်မလဲ
ကြိုးစားရင်း ကြိုးစားဖွေရှာ
တကယ်လို့များ တွေ့ခဲ့ရင်တော့
အမှားတစ်ချို့အတွက်တောင်းပန်ချင်တာ
ကြိုဆိုမလား ငြင်းလိုက်မှာလား
ကိုယ်မင်းရှေ့မှောက်ရောက်တဲ့အချိန်မှာ
ကြိုဆိုမလား ငြင်းလိုက်မှာလား
ကိုယ်မင်းရှေ့မှောက်ရောက်တဲ့အချိန်မှာ
ကိုယ်မင်းရှေ့မှောက်ရောက်တဲ့အချိန်မှာ
ကြိုဆိုမလား ငြင်းလိုက်မှာလား
Credits
Producer
Song Writer
Musicians
Organization
Engineer
Song Bio
"Lar Mal So Kyo Mar Lar" (လာမယ်ဆိုကြိုမလား) is a heartfelt Burmese ballad about a love that refuses to fade despite distance and doubt. No matter how far apart the two are, the singer's devotion remains unshaken — unbroken by outside interference and pressed forward with quiet hope. The song closes on anxious anticipation, imagining the moment of reunion and wondering whether it will bring acceptance or rejection. It's a tender portrait of enduring love caught between hope and uncertainty.
Song Info
- Released31 Dec, 1998
- ProducerLeonard Mg Mg Lwin
- WriterSoe Lwin Lwin
- MusiciansSoe Lwin Lwin
- OrganizationOasis
- EngineerAye Min