Kyay Nat Tal

Shwe Yaung A Htote Pat Ti · 31 Dec, 1998

Kyay Nat Tal

Lyrics

ကိုယ့်နဖူးကလေးသူစမ်းပြီးတော့

ကိုယ် နေကောင်းရဲ့ လားလို့ မေးတယ်

ကိုယ့်နှလုံးသား ကြည်နူးတယ်

ဝေဒနာတစ်ဝက်သက်သာပြီကွယ်

စာနာတက်တဲ့ ချစ်သူရယ်

ဒီအပြုအမူ ကြောင့်

ကိုယ်တကယ်ကျေနပ်တယ်

လက်ဖဝါးကလေး သူစမ်းပြီးတော့

ကိုယ်သိပ်ဖျားနေ သလားလို့မေးတယ်

နေမကောင်းတဲ့ ကိုယ့်အတွက်တဲ့

သူရယ်ဆေးတွေ ဝယ်ရှာတယ်

အလိုက်သိလွန်းတဲ့ ချစ်သူရယ်

ဒီအပြုအမူ ကြောင့်

ကိုယ်တကယ်ကျေနပ်တယ်

ရင်ထဲမှာဖွင့်မပြောတက်အောင်

ကျေနပ်တယ်

ရင်ထဲမှာဖွင့် မပြောနိူင်အောင်

ကြည်နူးတယ်

ကိုယ်ရင်မှာ တကယ်ကို ကျေနပ်တယ်

ရင်ထဲမှာဖွင့် မပြောတက်အောင်

ကြည်နူးတယ်

ရင်ထဲမှာဖွင့် မပြောနိူင်အောင်

ကျေနပ်တယ်

ကိုယ်ရင်မှာ တကယ်ကို ကျေနပ်တယ်

ကိုယ်ရင်မှာ တကယ်ကို ကြည်နူးတယ်

လက်မောင်းကလေးသူတွဲပြီးတော့

အိမ်အပြန်လိုက်ပို့ ပေးမတဲ့ပြောတယ်

သူ့ပုခုံးကလေးမှီထားရင်းနဲ့

ကိုယ်လေမျက်ရည်လည်လာတယ်

ဂရုစိုက်လွန်းတဲ့ ချစ်သူရယ်

ဒီအပြုအမူ ကြောင့်

ကိုယ်တကယ်ကျေနပ်တယ်

ရင်ထဲမှာဖွင့်မပြောတက်အောင်

ကျေနပ်တယ်

ရင်ထဲမှာဖွင့် မပြောနိူင်အောင်

ကြည်နူးတယ်

ကိုယ်ရင်မှာ တကယ်ကို ကျေနပ်တယ်

ရင်ထဲမှာဖွင့်မပြောတက်အောင်

ကြည်နူးတယ်

ရင်ထဲမှာဖွင့် မပြောနိူင်အောင်

ကျေနပ်တယ်

ကိုယ်ရင်မှာ တကယ်ကို ကျေနပ်တယ်

ကိုယ်ရင်မှာ တကယ်ကို ကြည်နူးတယ်

ကိုယ့်နဖူးကလေးသူစမ်းပြီးတော့

ကိုယ်နေကောင်း ရဲ့လားလို့ မေးတယ်

ကိုယ့်နှလုံးသားကြည်နူးတယ်

ဝေဒနာတစ်ဝက်သက်သာပြီကွယ်

စာနာတက်တဲ့ ချစ်သူရယ်

ဒီအပြုအမူ ကြောင့်

ကိုယ်တကယ်ကျေနပ်တယ်

ရင်ထဲမှာဖွင့်မပြောတက်အောင်

ကျေနပ်တယ်

ရင်ထဲမှာဖွင့် မပြောနိူင်အောင်

ကြည်နူးတယ်

ကိုယ်ရင်မှာ တကယ်ကို ကျေနပ်တယ်

ရင်ထဲမှာဖွင့် မပြောနိူင်အောင်

ကြည်နူးတယ်

ရင်ထဲမှာဖွင့်မပြောတက်အောင်

ကျေနပ်တယ်

ကိုယ်ရင်မှာ တကယ်ကို ကျေနပ်တယ်

ကိုယ်ရင်မှာ တကယ်ကို ကြည်နူးတယ်

Credits

Song Bio

"Kyay Nat Tal" is a gentle Burmese ballad celebrating quiet, everyday acts of care between two people in love. The singer describes small tender gestures — a hand checking their forehead for fever, a caring touch on the palm, medicine bought without being asked, a shoulder to lean on when tears fall — each one filling their heart with a contentment too deep for words. It's a soft, grateful tribute to a partner's attentiveness, finding profound comfort not in grand romantic gestures, but in the simple, thoughtful ways love shows up in daily life.

Song Info

SHARE