Khun Arr Mya Par

Shwe Yaung A Htote Pat Ti · 31 Dec, 1998

Khun Arr Mya Par

Lyrics

တွေ့ချင်တယ်အချစ်နဲ့

တို့ မဆုံတာကြာခဲ့ပြီ

မေ့ပင်လယ် ရေစီးကြောင်းထဲမှာ

ပဲ့ကိုင်သူမဲ့လို့ ဝေးရာလွင့်မသွားခင်

တွယ်ရာမဲ့သူ ရင်ထဲခဏဝင်ကြည့်

မုန်းချင်နေတဲ့သူ သူ့ရဲ့အမူအယာတွေပြရင်

အားငယ်တယ် တို့စိတ်ထိန်းမရပါ

ချစ်လွယ်သူမှန်းလည်း သိပါရက်နဲ့လေ

စေတနာတွေ ရေစီးကမ်းပြိုမိ

သူ မနှစ်သက်တာဘာများလုပ်မိသလဲ

ညတိုင်းကိုယ့်မှာအိပ်မက် ရက်ရှည်လည်

နီးတော့မလိုနဲ့ဝေးဝေးလာတယ်

ပြုံးတော့မလိုနဲ့ မဲ့မဲ့လာတယ် တို့

အချစ်ဆုံးမင်းကို အပြစ်မဖွဲ့ရက်ပေမယ့်

တွေ့မြင်နေကျသူ မတွေ့တော့ မျှော်ကာငိုမိတယ်

စိတ်နာတယ်သူ့ကို အသည်းထဲမှာ

မေတ္တာပန်းချီလည်းမှိန် လရောင်ဆိုးခဲ့တဲ့ တိမ်ရယ်

ပြန်ဆုံနိုင်ရန်ခွန်အားမျှပါကွယ်

တွေ့ချင်တယ်အချစ်နဲ့

တို့ မဆုံတာကြာခဲ့ပြီ

မေ့ပင်လယ် ရေစီးကြောင်းထဲမှာ

ပဲ့ကိုင်သူမဲ့လို့ ဝေးရာလွင့်မသွားခင်

တွယ်ရာမဲ့သူ ရင်ထဲခဏဝင်ကြည့်

မုန်းချင်နေတဲ့သူ သူ့ရဲ့အမူအယာတွေပြရင်

အားငယ်တယ် တို့စိတ်ထိန်းမရပါ

ချစ်လွယ်သူမှန်းလည်း သိပါရက်နဲ့လေ

စေတနာတွေ ရေစီးကမ်းပြိုမိ

သူ မနှစ်သက်တာဘာများလုပ်မိသလဲ

ညတိုင်းကိုယ့်မှာအိပ်မက် ရက်ရှည်လည်

နီးတော့မလိုနဲ့ဝေးဝေးလာတယ်

ပြုံးတော့မလိုနဲ့ မဲ့မဲ့လာတယ် တို့

အချစ်ဆုံးမင်းကို အပြစ်မဖွဲ့ရက်ပေမယ့်

တွေ့မြင်နေကျသူ မတွေ့တော့ မျှော်ကာငိုမိတယ်

စိတ်နာတယ်သူ့ကို အသည်းထဲမှာ

မေတ္တာပန်းချီလည်းမှိန် လရောင်ဆိုးခဲ့တဲ့ တိမ်ရယ်

ပြန်ဆုံနိုင်ရန်ခွန်အားမျှပါကွယ်

Credits

Song Bio

"Khun Arr Mya Par" (ခွန်အားမျှပါ) is a deeply introspective Burmese ballad about longing for a love that has drifted out of reach — and the quiet strength it takes to keep hoping for reunion. The song opens with a simple, aching admission: it's been too long since the narrator has seen the one they love, who now feels like a vessel adrift in an ocean of forgetfulness, unmoored and drifting further away with each passing day. When memories of the loved one's mannerisms surface, they stir a complicated mix of longing and helpless frustration — a heart too weak to fully let go, even while wondering what went wrong to cause such distance. The lyrics paint tender imagery of nightly dreams that stretch on and on, of closeness slipping into distance, of smiles fading into blankness. Despite the pain, the narrator refuses to place blame, choosing instead to grieve quietly for someone once a constant presence, now only glimpsed in memory. The song closes on a note of fragile hope, comparing fading affection to moonlight dimming behind clouds, and asking only for enough strength to make a reunion possible again. It's a bittersweet meditation on love, absence, and the resilience required to keep believing in "someday."

Song Info

SHARE