Dry

IDGAF · 30 Sep, 2015

Dry

Kyar Pauk

From IDGAF · 30 Sep, 2015

Lyrics

တစ်နေရာကို ငေးရင်း ငေးရင်း

တစ်နေ့လုံးဘယ်မှ မရွေ့

အိမ်မှာ နင်မရှိတဲ့တစ်နေ့

လူရောင်စုံ ရှုပ်ပွ လမ်းမရဲ့ အမှိုက်ပုံကြီးဘေး

ခိုတွေအလန့်တကြားထလို့ပြေး

ဘယ်နေရာကို ကြည့်ကြည့် အမှတ်တရတွေက 

တစ်အိမ်လုံးပြည့်

ကြွေခွက်ထဲက Cigarette အတိုလေး

အပြင်ကမ္ဘာကြီးကို စိတ်ကူးနဲ့တောင်

ခြေဦးမလှည့်

ဘာဆိုဘာမှ မဖြစ်ချင်ခဲ့

အခန်းထဲမှာ ငါ့အိပ်ဆေးပုလင်းလေးတွေ

မင်းမကြိုက်တဲ့ ရုပ်ရှင်ကားတွေ အပြားလိုက်တွေ

နင် နင်မရှိဘဲနဲ့

ငါဘာများရှေ့ဆက်ရမလဲ

အရာရာ ခြောက်ကပ် အက်ကွဲ

အူး အူး...

တစ်နေရာကို ငေးရင်း ငေးရင်း

တစ်နေ့လုံးဘယ်မှ မရွေ့

အိမ်မှာ နင်မရှိတဲ့တစ်နေ့

လူရောင်စုံ ရှုပ်ပွ လမ်းမရဲ့ အမှိုက်ပုံကြီးဘေး

ခိုတွေအလန့်တကြားထလို့ပြေး

Credits

Song Bio

A poignant exploration of grief, stillness, and spatial emptiness, "Dry" by Myanmar rock icon Kyar Pauk (Big Bag) captures the quiet devastation of existing in a home stripped of a loved one's presence. Grounded in vivid, melancholic imagery—from scattered sleeping pill bottles and unwatched movie discs to a lone cigarette butt resting in a porcelain tray—the track illustrates a protagonist rendered completely motionless, staring blankly as the vibrant outside world rushes by unnoticed. Kyar Pauk's evocative delivery channels the agonizing question of how to move forward when everything feels utterly drained and hollow, turning profound heartbreak into an atmospheric, deeply resonant rock ballad about the paralyzing weight of absence.

Song Info

SHARE