Chit Pyone Si Chel

Shwe Yaung A Htote Pat Ti · 31 Dec, 1998

Chit Pyone Si Chel

Lyrics

စန်းသော်တာ လမင်းကြီးလို

ဝင်းဝင်းပပထည်

တို့ချစ်သူ ရွှေစင်လေး

ရှုမငြိမ်းနိုင်တယ်

မောင့်ရင်ကို အေးချမ်းစေ့သူ

ပြုံးပန်းအလှ မျက်ခြယ်

သက်နွဲ့တင် ချိုအီမူး

ကြော့ဆုံး ကေသွယ်

မရမ်းရောင်ခြယ် သူ့နှုတ်ခမ်းလေးရယ်

နမ်း နမ်းချင် နမ်းစဖွယ်

ပန်းဝတ်ရည် ထုံအီမူး

မောင် ရူးပြီကွယ်

နန်းစံသူ မြမျက်ဝန်းရယ်

အသဲ စွဲနှုတ်ထားတယ်

မစိမ်းနဲ့နော် ကြင်နာဦး

သက်ဆုံးတိုင်မယ်

အညှာလွယ်လွယ် တို့ အသဲ

နုနုငယ်ငယ်

ကြွေပြီနော် ချိုအသဲ

ပြုံးသူ့သက်လှယ်

ရုန်းဘူးနော် မျက်ခြယ်

ဆုံးခန်းထိအောင်

ပိုးချည်မျှင် လွန်းရက်ကန်းတင်

အကွက်လှလှ လိမ်းခြယ်

ထားသစ္စာ ခိုင်စေဦး

ရွယ်လူးပျိုငယ်

ဘဝပုံကာ ချစ်ကြစို့ကွယ်

တိုးရစ်ပတ် အချစ်နွယ်

စိမ်းလဲ့ရေ ကြည်စေဦး

ချစ်ပြုံးစီခြယ်

အညှာလွယ်လွယ် တို့ အသဲ

နုနုငယ်ငယ်

ကြွေပြီနော် ချိုအသဲ

ပြုံးသူ့သက်လှယ်

ရုန်းဘူးနော် မျက်ခြယ်

ဆုံးခန်းထိအောင်

ပိုးချည်မျှင် လွန်းရက်ကန်းတင်

အကွက်လှလှ လိမ်းခြယ်

ထားသစ္စာ ခိုင်စေဦး

ရွယ်လူးပျိုငယ်

ဘဝပုံကာ ချစ်ကြစို့ကွယ်

တိုးရစ်ပတ် အချစ်နွယ်

စိမ်းလဲ့ရေ ကြည်စေဦး

ချစ်ပြုံးစီခြယ်

Credits

Song Bio

"Chit Pyone Si Chel" is a lush, poetic Burmese ballad that likens its beloved to a radiant full moon, lingering tenderly on her smile, eyes, and grace. What begins as sensory admiration deepens into a heartfelt vow — love woven as delicately and faithfully as fine silk thread, meant to endure through youth and beyond. The song closes on a shared promise to build a life together, bound in loyalty as clear and enduring as flowing water.

Song Info

SHARE