Lyrics
[G Fatt]
ပစ္စုပ္ပန်တွေက အတိတ်တွေဖြစ်သွားလည်း
အတိတ်ဟာကံပါပဲ
အဲ့ကံတွေကြောင့် တန်ပြန်လာမယ့်
အရိပ်ဟာ သံသရာလည်
အိပ်စရာဝရံတာရဲ့ ဘေးကလူ
စိတ်အနာဒဏ်ရာနဲ့
ညီမလေးတို့မင်္ဂလာပွဲ
အကို့အတွက် ဖိတ်စာမချန်ပါနဲ့
မိဘချင်းချိတ်တာဆိုပြီး
ခေါင်းတွေညိတ်ကာ ခံလာခဲ့
တန်ရာတန်ရာတဲ့
ဟုတ်လား အေး နင်မှန်ပါတယ်
ဘိသိက်ဆရာဘေးက
နင့်ရဲ့ကောင်ပြိတ္တာခန္ဓာနဲ့
သစ္စာဖောက်တာလား ညီမလေး
[Amera Hpone]
အကိုက သိပ် ကဗျာဆန်တာပဲ
[G Fatt]
နင့်ဘက်ကကြည့်တော့ ငွေတစ်မျက်နှာစာ
အဲ့တော့ လမ်းခွဲလိုက်
နင့်တစ်မျိုးလုံး ကျေနပ်မှာပါ
ပြီးမှရေစက်ပါတာ မပါတာ မပြောနဲ့
ငါ့ရဲ့အချစ်ကနေစင်္ကြာဝဠာ
တခုစာလောက် အရေအတွက် ပမာဏ
နားလည်လား
အဆင့်အတန်းတွေကွာဟတဲ့အခါ
အချစ်ကိုမြင်နိုင်ဖို့ မျက်နှာဖုံးလေးတော့ ခွာချခဲ့ပါ
ဘဝက ငါရေးဖူးတဲ့ သီချင်းထဲကလို
နာရတဲ့ ကဗျာ
သူဌေးသမီးနဲ့ ဆင်းရဲသား ညားတယ်ဆိုတာ
မြန်မာကားထဲမှာ
[Amera Hpone]
ကံပါသလောက် ချစ်ခဲ့ပြီးပြီပဲ
မဆုံနိုင်မှ နင်ဘာတွေကြောင့် ရန်တွေဖွဲ့
နင်မယုံကြည်လည်းဖူးစာဟာ ဆန်းကြယ်
ပင်လယ်တစင်းရဲ့ ရွက်လှေငယ်
ဒီဆိပ်ကမ်းမှာ ခိုနားဖို့
ဘယ်နတ်ဘုရားတို့ စီမံထားလဲ
ငါဟာလေနှင်ရာပါပဲ
ငါဟာလေနှင်ရာအတိုင်းမျောခဲ့
[G Fatt]
ရမလားဆိုပြီး
ငါ့သိက္ခာလေးကို လာလာထိချင်
မြေနိမ့်ရာဘက်ကို
လှံကလေးနဲ့ နာနာဖိချင်
ဂုဏ်ငွေအာဏာပါဝါမရှိရင်
မျက်နှာချင်းဆိုင်ပြီးတောင်
ကြာကြာမကြည့်ချင်ဘူးဆိုတဲ့
နင့်ရဲ့မာတာမိခင်
အတ္တတွေမကြီးပါနဲ့ အန်တီ
သေခါနီးအချိန်ခဏလေး
မှောင်နေတဲ့ကိုယ့်ဘဝကို
အလင်းရောင်ပေးနိုင်မယ့်မီးအိမ်ရှာဖွေ
အန်တီရဲ့သမီးအလိမ္မာလေးကိုသုံးပြီး
အသပြာလေးတွေရှာ
အန်တီ့သားအလှည့်ကျ
ဝဠ်မလည်ဖို့အတွက် ယတြာလေးချေထား
သတိုးသမီးအရံလုပ်ပေးမယ်ပြောတဲ့
နင့်ရဲ့ဘော်ဒါလေးတချို့
အပြောင်းအလဲမြန်ချက်က
မှန်းရခက်တဲ့ ဒေါ်လာဈေးလို
အကိုတို့နှစ်ယောက်ကညားမှာ
ရုပ်ချင်းအသေဆင်တယ်
ပြောခဲ့တဲ့ ပါးစပ်လေးတွေကို
မြောင်းရေနဲ့ ပလုပ်ကျင်းစေချင်တယ်
Honeymoon က Oversea လား
ငါတို့အတူသွားချင်ခဲ့တဲ့နေရာလေးဆိုတာ
သိရတော့ပိုနားကျည်းရ
မျက်လုံးထဲကတိမ်တွေ
ပါးပြင်ပေါ်ကို ပြိုကာပိကျ
ဟေးဒီမှာ မိုနာလီဇာ
ငါမင်းရဲ့ Joker ကြီးပါ
ဟုတ်လား
[Amera Hpone]
ကံပါသလောက် ချစ်ခဲ့ပြီးပြီပဲ
မဆုံနိုင်မှ နင်ဘာတွေကြောင့် ရန်တွေဖွဲ့
နင်မယုံကြည်လည်းဖူးစာဟာ ဆန်းကြယ်
ပင်လယ်တစင်းရဲ့ ရွက်လှေငယ်
ဒီဆိပ်ကမ်းမှာ ခိုနားဖို့
ဘယ်နတ်ဘုရားတို့ စီမံထားလဲ
ငါဟာလေနှင်ရာပါပဲ
ငါဟာလေနှင်ရာအတိုင်းမျောခဲ့
[G Fatt]
အဲ့ဒီငွေစက္ကူလေးတွေနောက်
နင်တကောက်ကောက်လိုက်ပါသွားတဲ့နောက်
မစားနိုင်မသောက်နိုင်
ငါ့မှာနေ့တွေညတွေလဲပျောက်
ဘာမီတွန်တွေပါသောက်
အိပ်တော့လည်းစိတ်ကစွဲပြီး
နင့်မင်္ဂလာပွဲရောက်
ရေခဲမုန့်လေး
သူနင့်ကိုခွံ့ကျွေးတော့
ငါ့မှာ တစ်ဖက်သတ်စိတ်တွေကောက်
[Amera Hpone]
လေနှင်ရာ အတိုင်းပဲ
လေနှင်ရာ အတိုင်းပဲ
လေနှင်ရာ အတိုင်းပဲ
Credits
Song Writer
Organization
Musicians
Producer
Song Bio
"Ywat Hlae" is a duet between Myanmar hip-hop/R&B artist G Fatt and singer Amera Hpone, built around a bittersweet love story shaped by class differences and fate (ကံ/kan). The title metaphor — a small sailboat drifting wherever the wind takes it — runs through the whole track as a symbol of two lovers unable to control the forces pulling them apart.
Song Info
- Released20 Jul, 2020
- WriterG Fatt
- OrganizationZen Music
- MusiciansG Fatt, Amera Hpone
- ProducerCarelux