You Fool Me

You Fool Me

Lyrics

အခန်းထဲများအထားမှားသွားလား မင်းရဲ့ဓာတ်ပုံ

ပေါ့ဆမှုကြောင့် အတန်တန်ငါရှာနေမိတုန်း

မျှော်လင့်လွန်းလို စောင့်ရကျိုးနပ်ချင်မိရုံ

မျှော်လင့်မိတုန်း............

When I call your phone.............

O...Oh...O....Oh...oh...O.....

You fool me! babe

Staying like I don't know

But I wasn't crazy

အချိန်စက္ကန့်မရွေးဝေးနိုင်တဲ့ဆက်ဆံရေးလေး

အတူထိန်းထားဖို

မတူညီခြင်းတွေ အပြန်အလှန်လက်ခံပေးကြေး

အဖြစ်ချင်ဆုံးအရာ အမျှော်လင့်ဆုံးက

မင်းကို စိတ်​​ကျေနပ်စေချင်ရုံ

ကတ်ဆက်၊တိပ်ခွေ၊Rapတွေရင်မခုန်တဲ့မိန်းကလေး

သိပ်ငွေမက်နေရင်ပုံပေးပစ်လိုက်ချင်တာပဲ

ဒါပေမယ့်....လက်တွေ့အခြေအနေမှာသိပ်မလွယ်ခဲ့

တကယ်ချစ်တယ်ဆို ကိုယ်ချစ်ရသူကို

ကိုယ်ကိုယ်တိုင် အခက်တွေ့နေစေတာအဓိပ္ပါယ်မဲ့တယ်

ဘာတွေ မင်းနစ်နာနေတုန်း

ကိုယ့်ပြဿနာတွေဖုံးဖိ ဟန်ဆောင်ပြုံးတုန်း

ကိုယ်စီမုန်းတဲ့ အရာတွေမလုပ်ဖို

အကြိမ်ကြိမ်ဆွေးနွေးရတာကအလုပ်မဟုတ်

ငါတနေကုန် အလုပ်ရှုပ်ပင်ပန်းလည်း

မင်းအလိုမကျလို နှိမ်နှိမ် ငါပြုံးတုန်း

ငါအမုန်းဆုံးစကားလုံး အနိုင်ယူဖိုသုံးနှုန်း

ဒီတိုင်းဆက်သွား ငါ့ကို တစ်ချိန်ချိန်မှာဆုံးရှုးရမှာ

ဘိုင်သေပဲ ဇာတ်က

မင်းstressတွေပျောက်ဖို

ငါ့ဘဝကို ဆေးခြောက်တစ်တိုင်အနေနဲ့ဆက်သ

အတူ မိုင်တွေမနည်းဖြတ်ချလာပြီးမှ

ပြိုင်နေတဲ့အတ္တကြောင့် လမ်းတစ်ဝက်ကျ

ကွိင်တွေနဲ့လက်ပြ။ အရင်ကပျော်စရာတွေရှိတယ်

တိုင်တွေလည်းပတ်ကြတယ်

အခုတော့ မဆိုင်ပေမယ့်အမှတ်ရတယ် Wooh

အခန်းထဲများ အထားမှားသွားလား မင်းရဲ့ဓာတ်ပုံ

ပေါ့ဆမှုကြောင့် အတန်တန်ငါရှာနေမိတုန်း

မျှော်လင့်လွန်းလို စောင့်ရကျိုးနပ်ချင်မိရုံ

မျှော်လင့်မိတုန်း............

When I call your phone.............

O...Oh...O....Oh...oh...O.....

ရင်ဘတ်ထဲအကန့်၊ တစ်သက် သပ်သ​ပ်ထား

ထုတ်ဖြည်ချမရတော့ ဖွင့်ချ

ခံယူဖိုမထိုက်တဲ့ အလင်းစ

နောက်က တောက်လျှောက်လိုက်နေခွင့်မရ

အလွမ်း ရပ်ဆိုင်းမရခြင်းများ

ချုပ်ထိန်းခက်တိုင်း ငါရှင်းပြလည်း

Replyကြာ၊Seenမပြ

ညတိုင်း အရက်ဝိုင်းမှာဖွင့်ချလည်း

မ​ပြတ်သားနိုင်တဲ့သူအပြစ်ပါ

နင်နဲ့ပြတ်ခိုင်းတာ ငြင်းမရဘူးရှင်းလား

ချစ်စ ရက်ပိုင်းသာ မင်းအနားနားရှိပြ

အဖြစ်က ဘုရင်လား အကျဥ်းသားလားမသိရ

ပြင်းရှရှအကြည့်က အတင်းအဓမ္မသတိရအောင်

နှိပ်စက်။ ဘဝမှာ မင်းကမှအဓိက Wooh

နာနာကျည်းကျည်းဘယ်မုန်းရမှာ

ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ပြ တတိတိနဲ့အသုံးချမှန်း

သိသိလျက်ဒုက္ခရှာ

ပတ်သက်တဲ့အရာတွေဆို မင်းမှာ အချည်းနှီးပဲထုတ်ပြစရာ

ဖက်တွယ်တော့ နင်ပြတ်လွယ်

ဖွင့်နေကျဓာတ်ပြား​​ဟောင်းကြီးက

ငါမကြိုက်လေ နင်ပိုလုပ်၊ပိုရွဲလေ

နင့်ခေါင်းက အမှတ်အသားကောင်းပြီးသား

မင်းဘက်က အရှက်တရားခေါင်းတီးလှစွာ

တစ်ဖက်သတ် ပြတ်သားကြောင်းသိရလာမှ

ငါ​သဘော​ပေါက်နောက်ကျ အချစ်နဲ့ဘဝက

နှစ်ဖက်သွားပေါင်းစည်းမရတာ

ကိုယ်စီအမုန်းရိပ်တွေ အကြည့်ချင်းမှာ

တစ်စက်မှ ရှုးနိမ့်ချေမရှိ မင်းအသာစီးက

အမှုန့်ကြိတ်ချေ ဖိနင်းပါ

အတွေးတွေနဲ့ နှုတ်ဆိတ်နေမိရင်း

အကြာကြီး ဘာစကားမှမတုန့်ပြန်ဖြစ်ခဲ့

ခေါင်းငုံခံဝံ့တယ်

ငါ့မှာရှေ့တိုးလိုမရ၊နောက်ဆုတ်ပြန်ခွင့်မဲ့

ငါစွမ်းသလောက်မင်းအတွက်အကောင်းဆုံးဖန်ဆင်းခဲ့တာကိုတော့မငြင်းနဲ့

ရှင်သန်နေရင်း တွေဝေနေရင်း ကျော်လွန်နေရင်း

ငါမော.....

ဘယ်လိုနည်းနဲ့ ဒီနွံထဲက ဘယ်လိုရုန်းထွက်ရမလဲ

အစရှာစဥ်းစားကြည့်တော့ မလွယ်ခဲ့လို

နင်သာ ကိုယ်ချင်းစာစိတ်ကို ငါ့အပေါ်

အနည်းငယ်သာဝေမျှဦး

အရာရာနယ်နိမိတ်ခြားနေမယ်မထင်....

နာကျင်ဒဏ်တွေ မခံနိုင်တော့ဘူး No....

အခန်းထဲများ အထားမှားသွားလား မင်းရဲ့ဓာတ်ပုံ

ပေါ့ဆမှုကြောင့် အတန်တန်ငါရှာနေမိတုန်း

မျှော်လင့်လွန်းလို စောင့်ရကျိုးနပ်ချင်မိရုံ

မျှော်လင့်မိတုန်း............

When I call your phone.............

O...Oh...O....Oh...oh...O.....

Credits

Song Info

SHARE
You Fool Me Lyrics – SKELE | Song Credit