Lyrics
ဒီရင်ခွင်ဟာခြောက်ကပ်ကပ်နဲ့
ညအမှောင်ဝယ်
ကိုယ်လေတမ်းတမိတဲ့ အချစ်မေတ္တာတွေ
ဘယ်ဆီမှာလည်းကွယ်
သန်းခေါင်ယံ နှစ်ချက်ထိုးမှ
အိပ်ယာထဲဝင်တယ်
ကိုယ်သက်ပြင်းများချလို
အိပ်လိုမပျော်နိုင်တယ်
မပြောဖြစ်တဲ့စကားတွေရယ်
ကိုယ့်ရဲ့ရင်ထဲမှာကွယ်
ကိုယ့်ဘဝကိုစိုးမိုးထားတဲ့မိန်းမလှပျိုရယ်
နင်နေနိုင်လွန်းတယ်
အိပ်မရတဲ့ညတွေရယ် နေ့နဲ့ညမှားနေတယ်
ကြင်နာသူလေးမမှေးစက်တဲ့
နှလုံးသားရင်ခွင်ငယ်
ကြင်နာသူလေးမမှေးစက်တဲ့
ကိုယ့်ရဲ့ရင်ခွင်ငယ်
ကြည်ပြာရီဝေအိမ်မက်ထဲက လရောင်ရယ်
ကိုယ်လေဖမ်းဆုပ်မိဖိုကြိုးစားချိန်မှာအကြိမ်ကြိမ်လန့်နိုးခဲ့
နွေရာသီမှာဖူးပွင့်တက်တဲ့ပိတောက်တွေရယ်
ကိုယ်လေမခူးရက်ခဲ့လို ငေးမောနေပါတယ်
မပြောဖြစ်တဲ့စကားတွေရယ်
ကိုယ့်ရဲ့ရင်ထဲမှာကွယ်
ကိုယ့်ဘဝကိုစိုးမိုးထားတဲ့မိန်းမလှပျိုရယ်
နင်နေနိုင်လွန်းတယ်
အိပ်မရတဲ့ညတွေရယ် နေ့နဲ့ညမှားနေတယ်
ကြင်နာသူလေးမမှေးစက်တဲ့
နှလုံးသားရင်ခွင်ငယ်
ကြင်နာသူလေးမမှေးစက်တဲ့
ကိုယ့်ရဲ့ရင်ခွင်ငယ်
ကြင်နာသူလေးမမှေးစက်တဲ့
နှလုံးသားရင်ခွင်ငယ်ငယ်ထဲ
ကိုယ်ဟာအချစ်ပျောက်သွားလို
လိုက်လိုရှာနေတယ်
ချစ်မိတဲ့ အလွမ်းသည်
မနမ်းရက်တဲ့ပန်းရယ်
ခူးလိုက်ရင်ညိုးနွမ်းသွားမှာစိုးရိမ်တယ်
နွေပင်လယ်ထဲဝယ်
နစ်မျောလိုသွားတယ်
ကြင်နာသူလေးမမှေးစက်တဲ့ရင်ခွင်ငယ်ထဲ …
မပြောဖြစ်တဲ့စကားတွေရယ်
ကိုယ့်ရဲ့ရင်ထဲမှာကွယ်
ကိုယ့်ဘဝကိုစိုးမိုးထားတဲ့မိန်းမလှပျိုရယ်
နင်နေပျော်နိုင်လွန်းတယ်
အိပ်မရတဲ့ညတွေရယ် နေ့နဲ့ညမှားနေတယ်
ကြင်နာသူလေးမမှေးစက်တဲ့နှလုံးသားရင်ခွင်ငယ်
ကြင်နာသူလေးမမှေးစက်တဲ့
နှလုံးသားရင်ခွင်ငယ်ငယ်
ကြင်နာသူလေးမမှေးစက်တဲ့
နှလုံးသားရင်ခွင်ငယ်ငယ်
Credits
Organization
Musicians
Song Writer
Song Info
- Released11 Nov, 2026
- OrganizationZen Music
- MusiciansX Track
- WriterJuxie Wayne
- EngineerYe Thu (H-Town), Eh Mwe