Why?

Why?

Lyrics

အတိတ်ကအကြောင်းတွေမေ့ပစ်လိုက်
ကိုယ့်ဘဝလေးကိုယ်ဆက်လျှောက်လိုက်
အတူတူရှိခဲ့ဖူးတဲ့နေ့တွေ
ငါတို့ပေးခဲ့ဖူးတဲ့ကတိတွေအကုန်မေ့လိုက်

မျက်နှာများတဲ့စည်းများနဲ့
အခက်အခဲတွေများစွာခြားထားလည်း
တကယ်သာတို့နှစ်ယောက်ချစ်ခဲ့ကြရင်
ဒီလိုဝေးသွားဖို့လည်းမဖြစ်နိုင်တာသိလိုက်

အချိန်တွေမြန်မြန်ကုန်သွားမလား
မမြင်တာကြာလေပိုဝေးသွား
ငါရှိတဲ့အရပ်ကိုကျောခိုင်း
မင်းရဲ့စိတ်အလိုအတိုင်း

Why didn't we know couldn't keep going further?
ရာသီတွေပြောင်းသွားလည်း နေ့ရက်တိုင်းမှာ
အမှတ်ရနေဆဲပေါ့
အရာရာပြိုလဲသွားတဲ့ ငါ့အိပ်မက်တွေ
ဘာလုပ်ရမှာလဲပြော

Why couldn't we stop falling onto each other?
မတော်တဆလေးများတောင် ထပ်တွေ့ခဲ့ရင်
နှုတ်မဆက်ပါနဲ့တော့
နင်လိုချင်တဲ့အတိုင်းပဲ ဝေးသွားတဲ့အခါ
ပျော်သလိုနေပါတော့

ပြတ်တောက်သွားတဲ့ကြိုးများရယ်
အတ္တတရားတွေနဲ့ဆေးခြယ်
အရောင်တဖြည်းဖြည်းလွင့်လို့သွားလည်း
တစ်ချိန်ကရင်းနှီးပတ်သက်ခဲ့ကြတဲ့သူစိမ်းများ

အချိန်တွေမြန်မြန်ကုန်သွားမလား
မမြင်တာကြာလေပိုဝေးသွား
ငါရှိတဲ့အရပ်ကိုကျောခိုင်း
မင်းရဲ့စိတ်အလိုအတိုင်း

Why didn't we know couldn't keep going further?


ရာသီတွေပြောင်းသွားလည်း နေ့ရက်တိုင်းမှာ
အမှတ်ရနေဆဲပေါ့
အရာရာပြိုလဲသွားတဲ့ ငါ့အိပ်မက်တွေ
ဘာလုပ်ရမှာလဲပြော

Why couldn't we stop falling onto each other?


မတော်တဆလေးများတောင် ထပ်တွေ့ခဲ့ရင်
နှုတ်မဆက်ပါနဲ့တော့
နင်လိုချင်တဲ့အတိုင်းပဲ ဝေးသွားတဲ့အခါ
နင်ပျော်သလိုနေပါတော့

အတိတ်ကအကြောင်းတွေမေ့ပစ်လိုက်
ကိုယ့်ဘဝလေးကိုယ်ဆက်လျှောက်လိုက်
တကယ်သာတို့နှစ်ယောက်ချစ်ခဲ့ကြရင်
ဒီလိုဝေးသွားဖို့လည်းမဖြစ်နိုင်တာသိလိုက်

Credits

Song Bio

Released on October 30, 2022, "Why?" marks Jerrieboo’s official debut single. The track captures the raw boundary of heartbreak, exploring the definitive moment of realizing you never want to cross paths with someone ever again. Built on atmospheric production, it delivers a clean, emotionally resonant vibe.

Song Info

SHARE
Why? Lyrics – Jerrieboo | Song Credit