Lyrics
"" Why - Doublej ""
စကားလုံးရဲ့အဆုံးမှာ မင်းလေးမျက်ရည်ပျို
နာကျင်စွာနဲ့ လမ်းခွဲခြင်းကိုရွေး
ကမ္ဘာတူနေလည်း ချစ်ဖို့မဖြစ်နိုင်သေး
မချစ်လို့မှမဟုတ်တာကို မင်းလည်းသိမယ်လို့
ဝန်ခံခြင်ရက် ဖွင့်ဟခွင့်တောင် မရခဲ့
ပိုင်ဆိုင်ခြင်ရက် စွန့်လွှတ်လိုက်တာ ငါ့အမှားပဲ
ရူးရူးမိုက်မိုက် ဒို့စွဲလန်းကြတယ်
အချစ်တစ်ခုအောက်မှာ ကျရှုံးခဲ့ရတယ်
ငါနင့်ကို ဘာကြောင့်များ ချစ်မိသွားလဲ
ငါနဲ့နင်နဲ့ ဘာကြောင့် ချစ်ခဲ့ကြလဲ
အေးတိအေးစက် မင်းအပြုံးများ နောက်ကွယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးများကြောင့်ရယ်
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရ
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရလဲ
အဲ့ဒီညမှာ အသည်းကွဲတာနဲ့စ
နောက်ထပ် သူစိမ်းတစ်ယောက်ကို
ထပ်ချစ်နိုင်သေးလားလို့ မင်းမေးရင်
အရာရာအားလုံးဟာ မင်းနဲ့သက်ဆိုင်တယ်လို့ မင်းတွေးရင်
ဒါဟာအမှန်တရားပဲလေ
အချစ်ရေ မင်းနဲ့မဝေးချင်
ငါ့အိပ်မက်တွေဟာ ဟိမဝန္တာနှင်းတွေထဲကိုရောက်ခဲ့
ဒြပ်မဲ့ကွန်ကရစ်နဲ့လုပ်ထားတဲ့ မီးတောင်များပေါ်ရောက်ခဲ့
တဝေါဝေါဆင်းနေတဲ့မြစ်ရဲ့ မလွန်ဆန်နိုင်ခြင်းပေါ်ရောက်ခဲ့
မင်းရဲ့အချစ်ဆိုတဲ့ နာကျင်ရခြင်းအပေါ် တိုက်တွေဆောက်ခဲ့
ငါဟာမင်းနဲ့ပတ်သက်ရင်
စိတ်ပျော့လွန်းနေလို့တဲ့ ရူးမိုက်စရာ
မင်းပန်းပဲခူးခူး လမ်းပဲကူးကူး
ဘဝမှာ ဂရုစိုက်ပါ
အသည်းကွဲတဲ့ တနင်္လာနေ့တွေဟာ
အပတ်တိုင်းမှာ ငါ့ဆီရောက်လာ
နိုင်ငံတော်သတင်းစာထဲ ထည့်ရေးရင်
မင်းက ထရယ်လောက်မလား ချစ်တယ်
တကယ်ဆို ခေါင်းတွေသာငြိမ့်မိသူ
မင်းမျက်နှာလေး မြင်ရဖို့
ကံကြမ္မာကို ဓားနဲ့ကျိန်မိသူ
ပျော်ရွှင်ခဲ့တယ် မင်းနဲ့ငါ
တကယ်ဆိုချစ်ခဲ့တာ မင်းနဲ့ငါ
အသည်းတွေကွဲလည်း
နောင်တတွေမရခဲ့တာ မင်းနဲ့ငါ
ရူးရူးမိုက်မိုက် ဒို့စွဲလန်းကြတယ်
အချစ်တစ်ခုအောက်မှာ ကျရှုံးခဲ့ရတယ်
ငါနင့်ကို ဘာကြောင့်များ ချစ်မိသွားလဲ
ငါနဲ့နင်နဲ့ ဘာကြောင့် ချစ်ခဲ့ကြလဲ
အေးတိအေးစက် မင်းအပြုံးများ နောက်ကွယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးများကြောင့်ရယ်
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရ
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရလဲ
ရူးရူးမိုက်မိုက် ဒို့စွဲလန်းကြတယ်
အချစ်တစ်ခုအောက်မှာ ကျရှုံးခဲ့ရတယ်
ငါနင့်ကို ဘာကြောင့်များ ချစ်မိသွားလဲ
ငါနဲ့နင်နဲ့ ဘာကြောင့် ချစ်ခဲ့ကြလဲ
အေးတိအေးစက် မင်းအပြုံးများ နောက်ကွယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးများကြောင့်ရယ်
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရ
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရလဲဲ
အိုး အို
ဟိုး ဟိုးCredits
Musicians
Organization
Producer
Engineer
Song Info
- Released02 Nov, 2022
- MusiciansJixk Gabby, Doublej
- OrganizationZen Music
- ProducerCracky
- WriterJixk Gabby, Doublej
- EngineerCracky
SHARE