Lyrics
လဲကျချိန်ငါ့နားဘယ်သူတွေရှိလဲ
အထိုးနှက်ခံဘဝတစ်ခုကို ဘယ်သူတွေသိလဲ
ပြောရရင်မဆုံးနိုင်တဲ့ အပူတွေချည်းပဲ
သောကတွေအထုပ်လိုက်ကြီး ယူနေမိခဲ့
ငါအိပ်မရတဲ့ညတွေကိုဘယ်သူတွေသိလဲ
ငါ့ရဲ့ စိတ်တ္တဇကိုဘယ်သူတွေသိလဲ
နေ့ရက်တွေတိုင်း ငါဘူနေမိခဲ့
အဖူးအခက်တွေများစွာပဲ ရှူနေမိတယ်
ကြုံနေရတဲ့အခက်အခဲတွေ
ဘယ်သူတွေသိလဲ ဘယ်သူမှမသိ
တံခါးပိတ် နားကြပ်တပ် အခန်းမီးမှိတ်
ငါ့နားမှာ ဘယ်သူမှမရှိ
အသက်မဲ့တဲ့ နံရံကိုအကြောင်းမဲ့ထိုး အရူးထမိ
အိမ်မက်တွေဝေးဆဲပါ သုခမရှိ
တစ်ယောက်ထဲငါလမ်းပျောက်ရင်း ရူးသွားပြီ
ဒီလမ်းမပေါ်ဆက်ကာရွေ့နေသမျှ
ခေါင်းထဲမှာတဖြည်းဖြည်းအတွေးတွေများ
အိပ်၊စား၊ကာမ ခွေးတွေဘဝမဟုတ်တော့
အနာဂတ်အတွက်Planတွေချ တွေးနေရ
အဲ့ဒီအတွေးတွေများစွာနဲ့ ချွေးတွေကျ
လမ်းကြောင်းကမဖြောင့်တန်းအကွေ့တွေများ
မောပန်းလဲ မနားတမ်းငါပြေးနေမှ
အဲ့ဒီပိုက်ဆံအတွက် မိသားစုတောင်မေ့နေခဏ
လဲကျချိန်ငါ့နားဘယ်သူတွေရှိလဲ
အထိုးနှက်ခံဘဝတစ်ခုကို ဘယ်သူတွေသိလဲ
ပြောရရင်မဆုံးနိုင်တဲ့ အပူတွေချည်းပဲ
သောကတွေအထုပ်လိုက်ကြီး ယူနေမိခဲ့
ငါအိပ်မရတဲ့ညတွေကိုဘယ်သူတွေသိလဲ
ငါ့ရဲ့ စိတ်တ္တဇကိုဘယ်သူတွေသိလဲ
နေ့ရက်တွေတိုင်း ငါဘူနေမိခဲ့
အဖူးအခက်တွေများစွာပဲ ရှူနေမိတယ်
ငါ့ရဲ့ ခေါင်းထဲကအတွေးတွေ
လူတွေနဲ့အဝေးဆုံးကို ပြေးနေ
လုပ်ချင်ကိုင်ချင်စိတ်တွေ ဘာမှမရှိတော့တဲ့နောက်
လောကဓံရဲ့မီးတောထဲလျှောက်
အတိတ်ရဲ့စက်ဝန်းတွေကြားငါမျောသွားခဲ့
တစ်ခါတစ်လေဆို ပစ္စုပ္ပန်မှာ ခန္ဓာပဲရှိ
အနားကထွက်သွားသမျှလူတိုင်းငါ့အနား
အခုချိန်ထိ ဘယ်သူမှလည်းပြန်မလာခဲ့
မင်းတိုဘက်ကတွေးတော့လည်းမှန်တာပဲ
ဒီလိုမျိုးပဲအကြိမ်ကြိမ်ငါ သံသရာလည်
တဖြည်းဖြည်းနဲ့ စိတ်တွေခက်ထန်လာခဲ့
ကံကြမ္မာကိုလည်း ငါလက်သင့်ခံပါတယ်
လဲကျချိန်ငါ့နားဘယ်သူတွေရှိလဲ
အထိုးနှက်ခံဘဝတစ်ခုကို ဘယ်သူတွေသိလဲ
ပြောရရင်မဆုံးနိုင်တဲ့ အပူတွေချည်းပဲ
သောကတွေအထုပ်လိုက်ကြီး ယူနေမိခဲ့
ဘယ်သူတွေသိလဲ ဘယ်သူတွေသိလဲ
ဘယ်သူတွေသိလဲ ဘယ်သူတွေရှိလဲ
ဘယ်သူတွေသိလဲ ဘယ်သူတွေသိလဲ
ဘယ်သူတွေရှိလဲ ဘယ်သူတွေရှိခဲ့
Credits
Organization
Musicians
Song Writer
Song Info
- Released20 Oct, 2026
- OrganizationZen Music
- MusiciansKanz
- WriterNay Aung Khant
- Engineermadz (a.k.a) N a y production
- Producermadz (a.k.a) N a y production