တခါက သင်္ဃန်းကျွန်းညများ

တခါက သင်္ဃန်းကျွန်းညများ

Lyrics

ရန်ကုန်မြို့မှာ

Club တွေဘားတွေ မပေါများခင်က

မြင်မြင်သမျှ လက်ဖက်ရည်ဆိုင်လေးတွေဟာ

လောကတစ်ခွင်စာ

အဲ့မှာ အထင်ကရ သီချင်းတွေ အုပ်စုဖွဲ့သောတဆင်ကြ

ငါတို့ကို ဘယ်သူမှ လာခွဲလို့မရပါ

ကျောသားရင်သား

ရပ်ကွက်အချင်းချင်းလဲ မတည့်

တွေ့တာနဲ့ သတ်ပုတ်တာကများ

ငါတို့ရဲ့ မွဲပြောပုဆိုးတွေဟာ

တဖြည်းဖြည်း ချက်ပြုတ်လာရာမှာ

အပတ်တစ်ကုတ် ရှာကာထားတဲ့ မုန့်ဖိုးဆိုတာ လက်တစ်ဆုတ်စာ ပမာဏ

တွတ်ပီစာအုပ်တွေနဲ့ Rap တစ်ပုဒ်ဟာ နတ်သုဒ္ဒါအာဟာရ

မျက်စောင်းလေး တစ်ချက်ထိုးရင်တောင်မှ နာကျင်လောက်တဲ့အရွယ်

ရည်းစားတော့မျက်နှာအပျက်မခံဘူး

မိဘအပေါ် တာဝန်ဘယ်လောက်မဲ့မဲ့

သူငယ်ချင်း အပေါင်းအသင်းရောင်းရင်း

တစ်ဒါဇင်လောက်နဲ့တွဲ

ရာဇဝင်ကောင်းတဲ့ ဂျစ်ပစီမိုးတိမ်လေးတွေ

စာသင်ကျောင်းနဲ့မတည့်

လမ်းမီးတိုင်နဲ့စာအုပ်ဆိုင်တွေသာ ခင်တွယ်ခဲ့တာ

သင်္ဃန်းကျွန်းတစ်ဝိုက်ပတ်ပတ်လည်ဟာ သူတို့ ကျင်လည်တဲ့နေရာ

ဆိုဖီရဲ့ကမ္ဘာလေလွင့်သူထဲက ဇာတ်ကောင်ရဲ့အထာ

ဘဝမှာ ပါစကယ်ခူးသွယ်တို့လိုလဲ မစင်ကြယ်ခဲ့ရှာ

ငါတို့မှာ

Cho:

အိပ်မက်များဟာ ငါ့ပုဆိုးစလိုပဲ

လမ်းမခေါ် နွမ်းလျှကာ ဖွာလန်ကြဲ

လက်ဖက်ရည်ဆိုင်က သီချင်းတွေ

စလွယ်သိုင်းရင်းလေ အိမ်စောင့်နတ်နဲ့လဲ မတည့်

ကတ်ဆက်တစ်လုံးကို ပုခုံးဖက်ပေါင်းသင်းခဲ့တယ်

ရင်ခုန်သံကို စာရွက်အလွတ်တွေထဲထည့်

ကမ္ဘာမှာ ဘာနဲ့လဲနိုင်မလဲကွယ်

တစ်ခါက သင်္ဃန်းကျွန်းညများရယ်

Rap:

ရန်ကုန်မြို့မှာ

မြောက်ပြန်လေတွေတိုက်ခတ်ခဲ့တုန်းက

Cyprus လမ်းနဲ့ ဦးခင်ဝမ်းကို ကြိုက်တတ်ခဲ့တုန်း အစ

ဥမကွဲ သိုက်မပျက် ဆောင်းညတွေဟာ

မအိုက်စက်ခဲ့ လုံးဝ

ကောင်းကင်ပြာပြာကြီးနဲ့ ငါတို့ စွန်တွေဟာ

အလိုက်ဖက်ခဲ့ဆုံး ကဗျာ

ကစားနည်းပေါင်း သောင်းခြောက်ထောင်နဲ့

ကတ္တရာမဖြစ်သေးတဲ့ မြေသားတွေ

လိုချင်တပ်မက်စိတ်တွေဟာ အခုလောက်ထိ

ရှည်လျားထွေပြားမနေ

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံကို

သတိတစ်ကယ်ရတယ်

ရေဒီယို ကမာရွတ်ရဲ့ ထိလွယ်ရှလွယ်မှာ

ရင်ခုန်သံ စည်းနဲ့ဝါးမတည့်

ဂစ်တာဝိုင်းအပေါ် လရောင်ဖြာကျတဲ့အခါဆို

သီချင်းတွေအော်ဟစ်ဆို

ဘဝမှာ ဘာမှငဲ့စရာမလို

အဲ့ဒီခေတ်ကာလရဲ့ အမှတ်အသားဟာ

အဲ့လို ပလက်ဖောင်းရှိုးတွေပဲ

နောက်တော့ ငါတို့ဟာ ဘုံဆိုင်တွေဆီကိုပဲ မျက်စောင်းထိုးနေခဲ့ပြီ

နုပျိုခြင်းတွေကို သက္ကရာဇ်တွေဟာ ဝါးမြိုသွားကြ

နံရံကရွက်စုတ် ပြက္ခဒိန်လေးဟာ အသားညိုမြမြ

ငါဂရုစိုက်တယ် သီချင်းတွေထဲမှာ ကာရံအထားအသိုကအစ

ဒါပေမယ့် ငါ့အစ်ကိုဟာ အမြဲ ငါ့အပေါ်မှာ အားမလို အားမရ

Rest In Peace My Brother

ကားကြိုကားကြားက အဖေ့ချွေးနဲ့စာနဲ့ ဝလင်ခဲ့တာ

ငါဟာမတင်းတိမ်နိုင် ဘဝမှာ ဒီထက်ပို ရချင်တဲ့အခါ

ငယ်သူငယ်ချင်းတွေနဲ့ ဘောလုံးကွင်းလေးကို စတင်ခွဲခွါ

တစ်ခါက သင်္ဃန်းကျွန်းညများ ဘယ်တော့မှ မမေ့နိုင်တော့ပါ ငါ့ရင်ထဲမှာ

Cho:

အိပ်မက်များဟာ ငါ့ပုဆိုးစလိုပဲ

လမ်းမခေါ် နွမ်းလျှကာ ဖွာလန်ကြဲ

လက်ဖက်ရည်ဆိုင်က သီချင်းတွေ

စလွယ်သိုင်းရင်းလေ အိမ်စောင့်နတ်နဲ့လဲ မတည့်

ကတ်ဆက်တစ်လုံးကို ပုခုံးဖက်ပေါင်းသင်းခဲ့တယ်

ရင်ခုန်သံကို စာရွက်အလွတ်တွေထဲထည့်

ကမ္ဘာမှာ ဘာနဲ့လဲနိုင်မလဲကွယ်

တစ်ခါက သင်္ဃန်းကျွန်းညများရယ်

ကမ္ဘာမှာ ဘာနဲ့လဲနိုင်မလဲကွယ်

တစ်ခါက သင်္ဃန်းကျွန်းညများရယ်

Credits

Song Bio

"တစ်ခါက သင်္ကန်းကျွန်းညများ" ဆိုသည်မှာ လက်ဖက်ရည်ဆိုင်များ၊ ကက်ဆက်ခွေများ၊ လမ်းပေါ်က ရန်ပွဲများ၊ အိပ်မက်များနှင့် ညီအစ်ကိုသံယောဇဉ်များဖြင့် ပြည့်နှက်နေသော သင်္ကန်းကျွန်းမြို့နယ်၏ အတိတ်က နုပျိုရိုင်းစိုင်းခဲ့သည့် ညမောများကို ဂုဏ်ယူဝင့်ကြွားမှု၊ ခံစားနာကျင်မှုတို့ဖြင့် ပြန်လည်ပုံဖော်ထားသည့် G Fattရဲ့ လွမ်းမောဖွယ် Rap ကဗျာတစ်ပုဒ် ဖြစ်သည်။

Song Info

SHARE