Lyrics
မင်္ဂလာပါ မိတ်ဆွေ
ကောင်းမွန်သော နေ့တစ်နေ့ရဲ့ အစမှာ
မင်းရဲ့အတွေးတွေထဲက
ဘာကိုမှ ဆွေးမနေနဲ့ထ
အချိန်တွေကုန် နေတွေနဲ့ည
ရင်သန်ချိန်တရွေ့ရွေ့ နည်းပါး
ဘဝရဲ့ပူလောင်မွန်းကြပ်မှုတွေ ရှင်းခဲ့ကြ
လွတ်လပ်ခြင်းနဲ့စ
စိတ်ကိုအေးဆေးပဲထား
တစ်ရက်ပြီး တစ်ရက် ဖြေးဖြေးပဲသွားမယ်
Chill နေတဲ့ဘဝ ကိုမရခင် ချွေးတွေနဲ့စ
မင်း တစ်နေ့သေတဲ့အခါ
မသေခင် နေ့တွေထဲမှာ
အကူအညီတွေ ပေးဝေခဲ့ကြဖိုလည်း
မေ့မနေနဲ့ကွ
ပြင်လိုမရတဲ့ အရာတွေကိုတွေးရင်း
ဘာအတွက်ကို ပြန် Feel မလဲ
အတိတ်က အမှားတွေ အားလုံးမေ့လိုက်
အနာကျတ်ဖို ပြန်မကလိနဲ့
ပြာယာခတ်လို မချန်မိခဲ့ရအောင်
လာရာ အရပ်ကို ပြန်ကြည့်လှည့်
အရာရာထက်ကို ဉာဏ်သတိနဲ့လိုက်ပြီး
အနာဂတ်ကို ဖန်တီးမယ်
အရင်ကအမှားတွေအပေါ် သင်ခန်းစာယူ
နောက်တစ်ခါ မလွဲစေနဲ့
မင်းပြုသမျှ အရာတိုင်း မင်းရဲ့
အရိပ်လိုအနောက်မှာ အမြဲနေ
ဘဝက သိပ်တိုတောင်းတာပဲ ဟေ့
အိုဟောင်းတဲ့ ဘဝကိုထားထားခဲ့
စိတ်ကိုကောင်းတာပဲမွေး
ပိုကောင်းတဲ့ ဘဝကိုသွားကြမယ်
ဒါဘဝ လက်ဗလာ နဲ့ စ
အမေလက်မောင်းပေါ်
ခေါင်းတင်ပြီးတော့အိပ်စက်ခဲ့တဲ့ညတွေ
အချိန်ဟာရွေ့လျားခဲ့ တရွေ့ရွေ့ကုန်လိုသွား
ဆက်လျှောက်ရင်းနဲ့ နောက်လှည့်ကြည့်
ရှည်လျားတဲ့လမ်းမများ
မင်းရဲ့တနေ့တာကို
အကောင်းဆုံးတွေနဲ့ဖြတ်သန်းပါ
ဘယ်သောအခါမှဖြတ်ပြီး
မလျှောက်ခဲ့ဖူးသောဖြတ်လမ်းများ
ဒီကစားပွဲမှာမင်းဘဝကို
လောင်းကြေးထပ်ပြီးကံစမ်းမလား
ဒီနေ့အတွက်အကောင်းဆုံးရှင်သန်လိုက်
မနက်ဖန်ဆိုတာခန့်မှန်းမရ
ခေါင်းထဲဝင်လာတဲ့အသိနောက်မှာ
သတိလိုက်ကပ်
အားလုံးကိုခနမေ့
လက်ထဲကjointမီးငြှိလိုက်စမ်း
လမ်းမပေါ်မှာဘဝတွေများစွာရှိတယ်
ကြည့်လိုက်တချက်
အမြင့်ဆုံးထိဆက်ပြီးပျံသန်းခရီးနှင်ကြမယ်
feel like bird
မင်းဆီိမှာအနုပညာမရှိရင်
ရင်ဘတ်ထဲ ဟာလာဟင်းလင်း
အဓိပ္ပါယ်မဲ့စွာရှင်သန်ရမဲ့ဘဝလို
ငါဟာမဖြစ်ချင်
နားကြပ်ကိုတပ်လိုက်တာနဲ့
ကမ္ဘာသစ်တခုကိုငါဟာလွင့်စင်လာ
ငြိမ်းချမ်းရာဘဝတကွေ့ကို
ရောက်သွားတဲ့ကမ္ဘာဟာသစ်ပင်ပါ
ဆက်ကြုံတွေလာမယ့် ကံကြမ္မာအတွက်
ငါဟာ အသင့်ပြင်ထား