တံတိုင်းများ

တံတိုင်းများ

Lyrics

အဆုံးသတ်ကိုအမြဲကြိုတွေးနေမိတဲ့အကျင့်ကိုပြင်ရအုံးမယ်

ငါသိပါတယ် သိပေမဲ့ ငါတွေးလိုက်တိုင်း နောက်ဆုံးမှာငါဆိုတာတစ်ယောက်ထဲ 

အချစ်စစ်ကိုပေးပါမယ်လို့မင်းအကြိမ်ကြိမ်ပြောလဲ

ယုံကြည်ပါတယ် ဆိုပေမဲ့ ငါ့စိတ်မှာကာထားတဲ့ တံတိုင်းများရှိနေတယိ

ငါ့အတိတ်မှာပြန်မကြည့်ချင်တဲ့နေ့ရက်ပေါင်းများစွာ

နာကျင်မှာကြောက်တဲ့လိပ်လိုအခွံထဲကမထွက်လာ

ဘယ်သူမှမလိုပါ ဆိုပြီး ငါ့စိတ်ကိုငါညာ

ငါကိုယ်တိုင်ကာရံခဲ့သောတံတိုင်းပေါင်းမြောက်များစွာ

မယုံကြည်ရခြင်းတွေကြား

ယုံကြည်ရာမင်းဖြစ်မလား

ဂန္တာရဆူးတွေကြား

မင်းဟာရေအိုင်ငယ်လား

ဒါမှမဟုတ် မင်းဟာပန်းပွင့်လေးလား

ဘေးမှာလိပ်ပြာတွေဝဲနေလို့ က်ိုယ်ဟာအဝေးကငေးနေတဲ့ပျားပါ

ဒါမှမဟုတ်

မင်းကသစ်ရွက်လေးလား လေကြမ်းတွေ တိုက်လာတဲ့အချိန်ကျရင် အဝေးထွက်ပြေးမလား

ငှက်ကလေးတစ်ကောင်လို ဘယ်ချိန်ထပျံမလဲ ဘယ်ချ်ိန်ထိရှိမလဲ ငါသိချင်တယ်

ငါ့စိတ်ထဲမှာအမြဲတမ်းမုန်တိုင်းတွေဝင်လို့

ဘယ်သူ့ကိုမှထပ်မယုံရဲ နာကျင်မှာစိုးလို့

ဆူးတွေရှိနေမလားကိုယ့်ရဲ့နှင်းဆီ

ကြောက်မိပေမဲ့ငါဆုပ်ကိုင်ပြီးပြီ

ငါ့စိတ်ကိုငါကာထားတဲ့တံတိုင်းတွေရှိပေမဲ့

ငါ့မသိစိတ်ကဒါတွေကိုဖွင့်ခဲ့ပြီးပြီ

Credits

Song Info

SHARE