Ta Mu Daya Nae Che Tae Nwe

Ta Mu Daya Nae Che Tae Nwe

Lyrics

သမုဒယနဲ့ချည်တဲ့နွယ်

ဘဒ္ဒကမ္ဘာကြီးထဲ လူလာဖြစ်တဲ့တဒင်ကခဏတာလေးမှာ

စကြာဝဠာကြီးနဲ့သာယှဉ် ကိုယ်တို့ဟာမထင်မရှားဘဝပါလေ

တစ်သက်တာဘဝခရီးထဲ မင်းဖြတ်သန်းလို့ သင်ကြားသမျှအရာတွေမှာ

ဒုက္ခနဲ့တွေ့ရင် ရင်ဆိုင်ဖို့အတွက် အင်အားမျှပါစေ

ဟိုမှာကြည့်စမ်းကွယ် ပန်းပွင့်လေးတွေဝင်ကြွားလှပနေ

ညိုးငယ်ချိန်ရောက်တော့ အပင်ဖျားနားကကြွေ

ကိုယ်တို့ဟာ သေမင်းလက်မှာ ဝပ်တွားရမှာမသွေ

ကိုယ်သာ အရင်သွားရပါရစေ ကိုယ်မရှိတော့တဲ့ကမ္ဘာထဲမှာ မင်းဟာ ကျင့်သားရပါစေ

ကိုယ်ဟာလွင်ပြင်ကျယ်တွေကိကျော်လွန်ခဲ့ပြီးနောက်

ပင်လယ်ကိုဖြတ်ပျံလို့ သမုဒ္ဒရာထဲ

လေနီကြမ်းတွေဆိုး မုန်တိုင်းကို တိုးမိတော့

ကိုယ့်အတောင်ပံတွေဟာ စုတ်ဖွာကြဲ

ခေါင်းကိုငုံ့ကာလွဲ တောင်းပန်းတိုးလျှိုးရတယ်

မလုပ်ပါနဲ့လို့ ကမ္ဘာမြေရေ ဒါဘယ်လိုဒုက္ခငရဲ

ဒီကြယ်ဟာ အမှောင်ယံတွေထဲ ပြုတ်ကျခဲ့တဲ့ဥက္ကာခဲ

အားလုံးဟာမုန်းလောက်ပါပြီ သိက္ခာတွေကုန်းကောက်စရာမရှိ

ပုခုံးညောင်းစရာခရီးက အရာရာကိုလွှတ်ချခဲ့ပြီးနောက်

ကိုယ်ပိုင်ဆိုင်တာဆိုလို့လည်း အရှုံးပေါင်းရာချီ

သေရာပါ Trauma တွေ ဦးနှောက်မှာငြိ

ဝါးလုံးခေါင်းရှာပြီး သာရတဲ့လတစ်စင်းဟာ

April နေ့ရက်တွေထဲက ပြေးထွက်လာပြီးနောက်

မင်းရင်ခွင်ထဲကလွဲပြီးလည်း ပုန်းအောင်စရာမရှိ

လူတွေဟာဘယ်လိုများလဲ အချစ်ရယ်လို့

မင်းဆီမှာ ခေါင်းထိုးပြော ငိုရတဲ့အဖြစ်ရယ်

ကိုယ်တည်ဆောက်ခဲ့သမျှ ကိုယ်ပြန်ဖြိုချခဲ့ပြစ်မယ်

ကိုယ့်အမြှီးကို ကိုယ်ပြန်ပြီးမျိုရတဲ့ခေတ်ထဲမှာ

မင်းကို ပြန်ရခဲ့တာ

ဒါဘုရားသခင်ရဲ့ တစ်ခုတည်းသော သနားကြင်နာမှုပဲ

တစ်ခြားတစ်ပါးသူလက်ထဲတော့ မထားချင်ပါဘူးရယ်

ဒါကြောင့်ပဲ ကိုယ်ဟာ ကြားဝင်ကာ လုခဲ့တယ်

ကိုယ်မှာကမင်းပဲရှိတာ သူတို့မှာကရွေးချယ်စရာတွေအများကြီးပဲနေမှာ

သံယောဇဉ်တွေ ထားမိခဲ့လေသမျှ ပြန်စွန့်လွှတ်ဖို့ဆိုတာလည်း အားမရှိတဲ့အနေအထားပါ

ဝါးဒနိနဲ့နေရနေရ ချစ်ခြင်မေတ္တာတွေကိုတော့

မင်းဆီကလွဲ တခြားနည်းနဲ့ မဖွေရှာ

မျက်ရည်မိုးတွေဟာ အတားဆီးမဲ့ ကြွေကျလာ

အဲ့လို ကိုယ်တို့ရဲ့ ခါးသီးတဲ့နေ့များမှာ

ကမ္ဘာရဲ့ အမှောင်ခြမ်းရောက်ရင်တောင် မင်းလှမ်းငေးတိုင်းမြင်ဖို့ လောင်ကျွမ်းပြနေမယ်

ဘယ်သူ့ကို့အချစ်ခဲ့ဆုံးလဲ အချစ်ခဲ့ဆုံးလဲမေးတိုင်း

မင်းနာမည်ပဲ ခုထိ ကယောင်ကတမ်းထဖြေတယ်

မိတ္ထီလာ ကလောနဲ့ အောင်ပန်းကလေ

ညောင်ရွှေမြို့တစ်ဝိုက်က တောင်တန်းအလှတွေပေါ် မင်းလက်တွဲပြီး နောက်တစ်ခေါက် လျှောက်စမ်းပါစေ

ကိုယ်တို့အတူနင်းဖူးတဲ့ ထောင်နှုတ်ခမ်းဝတွေ

ကိုယ်ဟာ နောင်တများစွာ သယ်ပိုးရင်းနဲ့ လူ့ဘဝကြီးအလယ်

ကိုယ်စွန့်စားခဲ့သမျှ နာကျည်းခဲ့သမျှ ဘယ်သူမှ မသိလဲ ဒီလူဆိုးဘက်မှာ

အချစ်ဟာ ရပ်တည် တကူးတကရှိမြဲရယ်

ဒါဟာ သမုဒ္ဒယနဲ့ချည်တဲ့နွယ်

ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ

ကိုယ်ဖွက်ထားခဲ့တဲ့ ချစ်ခြင်းတရားကို အခုမှသိတယ်

ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့်ထဲ

မင်းကို ထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ကွယ်

ရူးရချည်ရဲ့ ရူးရချည်ရဲ့ကွယ်

မြို့တစ်ဖက်ကမ်း မြို့ကနေထိုင်ပြီးတွေးခဲ့မိ

ဒီအိမ်အပြန်လမ်းတွေဟာ ဘယ်လောက်မိုင်ခရီးဝေးမလဲမသိ

ဘယ်သူနဲ့မှ ယှဉ်ပြိုင်မရွေးနဲ့နော်

တစ်ခုခုဆို ဘဲကြီးမှာ ကွိုင်သီးလေးပဲရှိတာ

ကြောက်စိတ်တွေဟာ အလွန်အကဲပါ အချစ်ရေ

ဒီလူဟာ အတိတ်တွေရဲ့ နွံထဲမှာ နစ်နေ

ဘာကိုမှ မကျွံရဲစရာနှစ်တွေမှာ မင်းရှိလို့ ပျှော်စရာတွေ ဒွန်တွဲကာ ရစ်ခွေ

နောင်တရမှာ အတပ်သိရဲ့သားနဲ့ ဘူတာမှားပြီး သွားရပ်မိတဲ့ ရထားငယ်

အခက်အခဲတွေ ကြုံလာတော့ သတ္တိတကယ်အားနည်း

မင်းမရှိတော့လူတွေအလယ်မှာ မျက်စိသူငယ် နားသူငယ်

တိုက်ခန်းလေးတစ်ခုထဲမှာ မနက်ထိလည်းကတယ်

ငါတို့ တောင်ပေါ်ရွာလေးကိုလည်း ပတ်ကြည့်ခဲ့ကြတယ်

အထီးကျန်လွန်းတဲ့ မင်းအတွက် အဖော်ဆိုပြီး ခွေးလေးတစ်ကောင်ပေးခဲ့တာရော မှတ်မိရဲ့လားကွယ်

ဘဝတွေ မပျက်သွားအောက် အဘက်ဘက်က ကျပ်တည်းတဲ့ကြားက

ကိုယ်ဟာ တည်ထောင်နေရတော့

တစ်ခါတစ်လေလည်း ကိုယ့်သံသယတွေဟာ

မုန်တိုင်းတစ်ခုလို အနီရောင်အနေအထားကျော်

ဒီသံယောဇဉ် ဒီမေတ္တာတွေဟာ ဒီကမ္ဘာမြေအဆုံးထိကို ချည်နှောင်စေသားပေါ့

ငါတို့အသက်တွေ မမှီအောင် ရှည်လျားသော

သံသရာထဲမှာ ဘယ်ဘဝရောက်ရောက် ငါ့အနားလာ ဂဂျီဂဂျောင်တွေကျနော်

ဒါဟာ ငါမင်းကို ချစ်ခဲ့သမျှ ငါ့ဘဝတစ်လျှောက်လုံးစာ ဖွက်ထားသမျှတွေပဲ

မင်းသိတဲ့အတိုင်းပဲပေါ့ G Fatt ဟာ ရင်ဘက်ကမပါပဲ ပါးစပ်ဖျားကနေ မကြွယ်

နောက်ဆုံးတစ်နေ့မှာ ငါတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကို ပြတ်သားရလေမယ်

ငါမင်းကို စိတ်ချလက်ချလို့

ဒီကမ္ဘာကြီးထဲကနေ ထွက်သွားပါရစေကွယ်

မင်းအတွက် အလှဆုံး သီချင်းလေးတစ်ပုဒ်

ကိုယ်ဖန်တီးပေးခဲ့တယ်

မိုးကုတ်စက်ဝိုင်းထိ တိမ်များသိသလို ကြယ်များသိစေကွယ််

မင်းအတွက် အလှဆုံး သီချင်းလေးတစ်ပုဒ်

ကိုယ်ဖန်တီးပေးခဲ့တယ်

ဆောင်းခိုငှက်များလဲ

ဒီချစ်ခြင်းတရာကို ခံစားမိလေမယ်

မင်းအတွက် အလှဆုံး သီချင်းလေးတစ်ပုဒ်

ကိုယ်ဖန်တီးပေးခဲ့တယ်

မိုးကုတ်စက်ဝိုင်းထိ တိမ်များသိသလို ကြယ်များသိစေကွယ််

မင်းအတွက် အလှဆုံး သီချင်းလေးတစ်ပုဒ်

ကိုယ်ဖန်တီးပေးခဲ့တယ်

ဆောင်းခိုငှက်များလဲ

ဒီချစ်ခြင်းတရာကို ခံစားမိလေမယ်

ကိုယ်ဟာ နောင်တများစွာ သယ်ပိုးရင်းနဲ့ လူ့ဘဝကြီးအလယ်

ကိုယ်စွန့်စားခဲ့သမျှ နာကျည်းခဲ့သမျှ ဘယ်သူမှ မသိလဲ ဒီလူဆိုးဘက်မှာ

အချစ်ဟာ ရပ်တည် တကူးတကရှိမြဲရယ်

ဒါဟာ သမုဒ္ဒယနဲ့ချည်တဲ့နွယ်

ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ

ကိုယ်ဖွက်ထားခဲ့တဲ့ ချစ်ခြင်းတရားကို အခုမှသိတယ်

ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့်ထဲ

မင်းကို ထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ကွယ်

ရူးရချည်ရဲ့ ရူးရချည်ရဲ့ကွယ်

Credits

Song Info

SHARE