Lyrics
Verse
ငါယုံကြည်တဲ့လမ်း မင်းရွေးထားတဲ့လမ်း
ဆုံမှတ်တခုနဲ့ လမ်းနှစ်ခုဖစ်နေတယ်
အဆင်ပြေနိုင်မယ့်လမ်းမရှိတော့ပီပဲ ရေး...
မျှော်လင့်ချက်နဲ့လက်တွေ့က မရေရာ စိတ်ကူးထားတဲ့ဘဝက အဝေးကြီးမှာ
ခံစားချက်တို့နောက်လို့က်ဖို့မသေချာ အိုး...
Cho
တချိန်ငါတို့နောက်ထပ်မတွေ့ခဲ့တော့ရင်
ပြန်မဆုံတဲ့လမ်းရွေးခဲ့ကြရင်
ဒီခံစားချက်တို့ လုံးဝမမေ့ပါနဲ့ အိုး...
တချိန်ကရင်းနှီးခဲ့ကြတဲ့ သူစိမ်းတွေ
အတူရင်ဆိုင်ဖို့ပြောတဲ့နေ့တွေ
ဒီခံစားချက်တို့လုံးဝမမေ့ပါနဲ့ အိုး...
Verse 2
နာကျင်စွာနဲ့အကောင်းဆုံးလမ်းပဲ ရွေးပါမယ်
အမြဲတမ်း မင်းဘက်က ငါနေပါမယ်
အဆင်ပြေနိုင်မလား တို့နှစ်ယောက်ရွေးတဲ့လမ်း...
အကောင်းဆုံးပေးဆပ်ခဲ့ပါတယ် အမြဲတမ်းလဲ အဆင်သင့်ရှိတယ်
ခံစားချက်များရဲ့အဝေးကို ထွက်မသွားနဲ့ အိုး...
Cho
တချိန်ငါတို့နောက်ထပ်မတွေ့ခဲ့တော့ရင်
ပြန်မဆုံတဲ့လမ်းရွေးခဲ့ကြရင်
ဒီခံစားချက်တို့ လုံးဝမမေ့ပါနဲ့ အိုး...
တချိန်ကရင်းနှီးခဲ့ကြတဲ့ သူစိမ်းတွေ
အတူရင်ဆိုင်ဖို့ပြောတဲ့နေ့တွေ
ဒီခံစားချက်တို့လုံးဝမမေ့ပါနဲ့ အိုး...
Bridge
ရှင်လျက်ကွဲခဲ့ရတဲ့အသဲတွေ
ဒီကမ္ဘာမှာ ဘယ်လောက်များရှိလို့လဲ
ဒီမျှော်လင့်ချက်တို့လုံးဝမမေ့ပါနဲ့ အိုး...
တချိန်ငါတို့နောက်ထပ်မတွေ့ရတော့ရင်
ပြန်မဆုံတဲ့လမ်းရွေးခဲ့ကြရင်
ဒီခံစားချက်တို့လုံးဝမမေ့ပါနဲ့ ...ဟိုး...
(တချိန်ကရင်းနှီးခဲ့ကြတဲ့ သူစိမ်းတွေ
အတူရင်ဆိုင်ဖို့ပြောတဲ့နေ့တွေ
ဒီခံစားချက်တို့လုံးဝမမေ့ပါနဲ့ အိုး...)×2
Credits
Engineer
Song Writer
Musicians
Song Info
- Released22 May, 2026
- EngineerHsan Moe Htet
- WriterNJ
- MusiciansNJ, Chan Myae Mg Cho