ဆေးလိပ်နဲ့မီးခြစ်

ဆေးလိပ်နဲ့မီးခြစ်

Lyrics

ငါ မင်းအတွက်ပေါ့ မွေးဖွားလာတာ

နှလုံးသားကြီးပြီး ဦးနှောက်ပါမလာ

ငါချစ်တာတစ်ခုတည်း ခေါင်းစဉ်တပ်ပြီး

ဘဝဟာ ပိုစုတ်ပြတ်လာ

မင်းရယ်သံက ငါ့အနာဂတ်လား

အသုံးမဝင်တာတော့ အသိပါ

ငါ ခါးကော့လို့ပေးထားမှာပါ

နောက်ကျောက ဓားတော့ မုန်းလို့ပါကွာ

ငါ့မှာ တစ်ယောက်တည်း ဘဝကို စောက်တလွဲ

မင်းမပါနေတော့ ခက်တာ

အသစ်မရှာဖွေဘဲ ငါချစ်တာနွေတဲ့လား

Cho

အဆုတ်ထဲထိကို ဝင်တိုးမယ့် ဆေးလိပ်လိုလား

နင် ဝင်တိုးဖို့ကို ကူပေးတဲ့ မီးခြစ်လိုလား

နိမ့်လိုက်ကျလိုက် ကျလိုက်နိမ့်လိုက်နဲ့

ငါ့ဘဝဟာ စုတ်ပြတ်သွားပြီ

ပြတ်လိုက် ဆက်လိုက် ချစ်လိုက်မုန်းလိုက်နဲ့

နောက်ဆုံးမှာတော့ နှုတ်ဆက်သွားပြီ

အဆုတ်ထဲထိကို ဝင်တိုးတဲ့ အခိုးအငွေ့လိုလား

နင် ဝင်တိုးဖို့ကို ကူပေးတဲ့ မီးခြစ်လိုလား

နိမ့်လိုက်ကျလိုက် ကျလိုက်နိမ့်လိုက်နဲ့

ငါ့ဘဝဟာ စုတ်ပြတ်သွားပြီ

ပေးခဲ့ဖူးတဲ့ အချစ်နဲ့ကတိတို့ တချို့

ဆေးလိပ်အငွေ့နဲ့ မျောသွားပြီ

ဟေး...ဟေ..ဟေး ဟူ...ဟူး..ဟူး ဟူး

တို့ဆေးမိတော့ မမူးဘူးငါက

အချစ်နဲ့တို့တော့ ရူးသွားတာငါ

မေတ္တာတစ်ခုတည်း ခေါင်းစဉ်တပ်ပြီး အသည်းဟာ လောင်ကျွမ်းတော့မှာ

သူပေးနေတာတဲ့ သူပေးတာအမှန်ပဲ ငါ ရနေတာက ပြဿနာ

ငါ ခါးကော့လို့ပေးထားမှာပါ

နောက်ကျောက ဓားတော့ မုန်းလို့ပါကွာ

ငါ့မှာ တစ်ယောက်တည်း ဘဝကို စောက်တလွဲ

မင်းမပါနေတော့ ခက်တာ

အသစ်မရှာဖွေဘဲ ငါချစ်တာနွေတဲ့လား

Cho

အဆုတ်ထဲထိကို ဝင်တိုးမယ့် ဆေးလိပ်လိုလား

နင် ဝင်တိုးဖို့ကို ကူပေးတဲ့ မီးခြစ်လိုလား

နိမ့်လိုက်ကျလိုက် ကျလိုက်နိမ့်လိုက်နဲ့

ငါ့ဘဝဟာ စုတ်ပြတ်သွားပြီ

ပြတ်လိုက် ဆက်လိုက် ချစ်လိုက်မုန်းလိုက်နဲ့

နောက်ဆုံးမှာတော့ နှုတ်ဆက်သွားပြီ

အဆုတ်ထဲထိကို ဝင်တိုးတဲ့ အခိုးအငွေ့လိုလား

နင် ဝင်တိုးဖို့ကို ကူပေးတဲ့ မီးခြစ်လိုလား

နိမ့်လိုက်ကျလိုက် ကျလိုက်နိမ့်လိုက်နဲ့

ငါ့ဘဝဟာ စုတ်ပြတ်သွားပြီ

ပေးခဲ့ဖူးတဲ့ အချစ်နဲ့ကတိတို့ တချို့

ဆေးလိပ်အငွေ့နဲ့ မျောသွားပြီ

စုဆောင်းမိထားတဲ့ စိတ်ဒဏ်ရာရယ်

ရသလောက်ဈေးနဲ့ ရောင်းချင်ပါတယ်

ငါ ဝမ်းနည်းနေခဲ့တယ် ငါ့အတွက် ငါ့အတွက် ဟိုး

Cho

အဆုတ်ထဲထိကို ဝင်တိုးမယ့် ဆေးလိပ်လိုလား

နင် ဝင်တိုးဖို့ကို ကူပေးတဲ့ မီးခြစ်လိုလား

နိမ့်လိုက်ကျလိုက် ကျလိုက်နိမ့်လိုက်နဲ့

ငါ့ဘဝဟာ စုတ်ပြတ်သွားပြီ

ပြတ်လိုက် ဆက်လိုက် ချစ်လိုက်မုန်းလိုက်နဲ့

နောက်ဆုံးမှာတော့ နှုတ်ဆက်သွားပြီ

အဆုတ်ထဲထိကို ဝင်တိုးတဲ့ အခိုးအငွေ့လိုလား

နင် ဝင်တိုးဖို့ကို ကူပေးတဲ့ မီးခြစ်လိုလား

နိမ့်လိုက်ကျလိုက် ကျလိုက်နိမ့်လိုက်နဲ့

ငါ့ဘဝဟာ စုတ်ပြတ်သွားပြီ

ပေးခဲ့ဖူးတဲ့ အချစ်နဲ့ကတိတို့ တချို့

ဆေးလိပ်အငွေ့နဲ့ မျောသွားပြီ

Credits

Song Bio

ဆေးလိပ်နဲ့ မီးခြစ် သီချင်း စာသားက Toxic ဖြစ်တဲ့၊ တစ်ဖက်သတ်ဆန်တဲ့ အချစ်တစ်ခုကြားမှာ ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးပြီး နာကျင်ပတ်ချာလည်နေရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ဆေးလိပ်၊ မီးခြစ်၊ မီးခိုးငွေ့ စတဲ့ ရုပ်ဝတ္ထုတွေကို သုံးပြီး အချစ်ရဲ့ လောင်ကျွမ်းမှုကို ဥပမာပေးထားတာက တော်တော်လေး လေးနက်ပါတယ်။

Song Info

SHARE
ဆေးလိပ်နဲ့မီးခြစ် Lyrics – May | Song Credit