Lyrics
မနက်စောစောထ အလုပ်သွားဖို့
ယူနီဖောင်းနဲ့ ခြေအိတ်ကို ဝတ်
ဖိနပ်ကိုစီး လျှောက်တဲ့
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းက
တစ်နေ့ Bill Gates လို ဖြစ်ချင်တဲ့
စိတ်ကူးတွေနဲ့ ညဘက် အိပ်မက် မက်တော့
အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုမြင်
ဒါက ပြည်ပရောက် မြန်မာတွေအတွက်
ဖြေသိမ့်ဖို့ သီချင်း
ဟောဒီ ကမ္ဘာ့မြေပုံထဲက
ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေးကို လွမ်းလို့
ကျွန်တော်ထိုင်ရေးတဲ့ ပြိုင်စံမယ့်တေး
အဲဒါ မြန်မာပြည်
တစ်နည်းအားဖြင့် ကျနော့် မွေးရပ်မြေကို
သတိရကြောင်း တင်ထားတဲ့ Status တွေဖတ်ပြီး
တစ်နေ့ထက်တစ်နေ့ ပိုကျသတဲ့ အမေ့မျက်ရည်
အချိန်တွေအိုကာ သက္ကရာဇ်ဟောင်းသွားလည်း
ငါ့အိတ်ကပ်ထဲမှာ ပလပ်စတစ်လောင်းထားတဲ့
ရွှေတိဂုံစေတီတော်ရဲ့ ရုပ်ပုံလေးပဲ
မှန်းကန်တော့
အနောက်တိုင်းသီချင်းတွေ ကြားရင်
ဂစ်တာတီးနေကြ အုတ်ခုံလေးပဲ လွမ်းရော
အလွမ်း ...
မိုင်တွေ ရာချီ ကွာဝေးနေ
ဒီ အိမ်ပြန်ချင်တဲ့ အိပ်မက်တွေ
အဆင်မပြေမှုတွေ ကြုံတိုင်း လွမ်းမိရတယ်
အမေ့ရဲ့ အိမ်အိုလေး
ပြန်ဆုံချင်တယ် သူငယ်ချင်းတွေ
ဒီ အပေါ်ယံတွေကို မပျော်ဘူးလေ
အို ဒီရုပ်ဝတ္ထုတွေကြားထဲကနေ
ပြေးထွက်ခဲ့မယ်
အိမ်ကို လွမ်းလို့
အိမ်ကို လွမ်းလို့
ဟူး ..
ကျနော် ဒီနိုင်ငံမှာ မနေချင်တော့ဘူး
ထွက်ပြေးပါရစေ
ခက်တာက အမေ့အကြွေးတွေလည်း
မဆပ်ပေးရသေး
ကျွန်တော့်အလုပ်ရှင်သူဌေး
မျက်နှာပေးက အချေ
စိတ်ချမ်းသာစရာ တစ်စက်လေးမှ မတွေ့
မိုးမျှော်တိုက်တွေ ဆောက်ထားတဲ့
တိုင်းတစ်ပါးမြေပေါ် ရပ်ငေးကာတွေး
အခုအချိန်ဆို ကျနော်တို့မြို့မှာ
လိုင်းကားတွေရော ကြပ်သေးလားမေး
လေယာဉ်ပေါ် တက်ခါနီး
ငါတို့သူငယ်ချင်းတွေ ပြေးဖက်တာကို
သတိအမြဲရတယ် သားကြီးတို့
မင်းတို့ကို လွမ်းတဲ့စိတ် အလုပ်တစ်ဖက်နဲ့
ရှေ့ဆက် ငါ ဘယ်လို ညှိမလဲကွာ
စိတ်ဓာတ်ကျတိုင်း ခေါင်းရင်းက ဓာတ်ပုံထဲက
အဖေ့မျက်နှာကို ကြည့်ဆဲပါ
ဒီမှာ ဘယ်လောက်ပဲ ကောင်းတဲ့
အစားအသောက်တွေ ပေါပေါ
အမေ့လက်ရာကို မမှီတဲ့အခါ
အမေ ခူးခပ်ပြီး ကျွေးတဲ့ ထမင်းဝိုင်းထဲက
တူးကပ်ပြီး မွှေးတဲ့ ဟင်းအတိုင်းပဲ
ကျနော် ပြန်စားချင်လို့
နောက်ပြီး အဖေ သိပ်ကြိုက်တဲ့
ဦးငှက်ကြီး ရေးတဲ့ သီချင်းအတိုင်းပဲ
အိမ်ပြန်ချင်တယ် အခု ပြန်ချင်တယ်
ဪ တွေးမိတိုင်း ဝမ်းနည်းတဲ့
Mood ပြန်ဝင်တယ်
ဘယ်သူ့ခြံအပြင်ရဲ့ရှေ့ဖြစ်ဖြစ်
ဂရုမစိုက်ဘဲ ဘောလုံးတွေ ဘာတွေ
စုကန်ချင်တယ်
သူ့တစ်ယောက်ထဲ ချန်ထားခဲ့တာလား ဆိုပြီး
ဆူဆဲရိုက်နှက်ခဲ့တဲ့ သူလည်း
သူနဲ့ လိုက်ဖက်တဲ့လူနဲ့ ယူပြီး
ဥမကွဲ သိုက်မပျက်နဲ့ ဖြစ်သွားပြီ ကြားလို့
ဝမ်းသာတယ်
ငါကတော့ အချိန်ပိုလေးတွေ ဆင်းပြီး
တိမ်လို တရွေ့ရွေ့
ပြန်ခဲ့မယ် အိမ်အိုလေးရှေ့ အိမ်အိုလေးရှေ့
အလွမ်း ...
မိုင်တွေ ရာချီ ကွာဝေးနေ
ဒီ အိမ်ပြန်ချင်တဲ့ အိပ်မက်တွေ
အဆင်မပြေမှုတွေ ကြုံတိုင်း လွမ်းမိရတယ်
အမေ့ရဲ့ အိမ်အိုလေး
ပြန်ဆုံချင်တယ် သူငယ်ချင်းတွေ
ဒီ အပေါ်ယံတွေကို မပျော်ဘူးလေ
အို ဒီရုပ်ဝတ္ထုတွေကြားထဲကနေ
ပြေးထွက်ခဲ့မယ်
မေတ္တာတရားတွေနဲ့ ဝေး
သစ္စာတရားတွေနဲ့ ဝေး
ရွေးချယ်ခွင့်တွေလည်း ဝေး
စိတ်ဖိစီးမှုများ အပြည့်
ဖြစ်ချင်သမျှတွေလည်း မေ့
နေ့နေ့ နေ့တွေ ညတွေ တရွေ့ရွေ့
ကောင်းကင်ကြီးကိုပဲ ငေး
ကျနော့်ရဲ့ အိပ်မက်လေးတွေလည်း ဆွေး
မနက်စာ စားချိန်တွေဆို
အမေ့ရဲ့ ထမင်းကြော် လွမ်းနေတာမျိုး
စက်ပစ္စည်းတွေ ပျက်တော့
အဖေ့ကို ပြေးမြင်မိနေတာမို့
ကမ္ဘာမှာ အငြိမ်းချမ်းဆုံးနေရာ
ရှာကြည့်တဲ့ အဆုံးမှာ
ကျနော် သိခဲ့ရတာ အိမ်ကို လွမ်းလို့
အိုး.. ဝိုး.. အိမ်ကို လွမ်းလို့
မိုးမျှော်တိုက်တွေ ဆောက်ထားတဲ့
တိုင်းတစ်ပါးမြေပေါ် ရပ်ငေးကာ တွေး
အခုအချိန်ဆို ကျနော်တို့မြို့မှာ
လိုင်းကားတွေရော ကြပ်သေးလားမေး
အိမ်ကို လွမ်းလို့... အိုး...ဝူး...ဝိုး..လွမ်းလို့
လွမ်းလို့..
ကျနော်လွမ်းလို့..
ကျနော်လွမ်းလို့..
အိမ်ပြန်ချင်တယ် အခု ပြန်ချင်တယ်
ဪ တွေးမိတိုင်း ဝမ်းနည်းတဲ့
Mood ပြန်ဝင်တယ်
ဘယ်သူ့ခြံအပြင်ရဲ့ရှေ့ ဖြစ်ဖြစ်
ဂရုမစိုက်ဘဲ ဘောလုံးတွေ ဘာတွေ
စုကန်ချင်တယ်...
အိမ်ကို လွမ်းလို့.. အိမ်ကို လွမ်း လွမ်း.. လွမ်းလို့ ဝိုး..ဟိုး..
ရွှေတိဂုံစေတီတော်ရဲ့
ရုပ်ပုံလေးပဲ မှန်းကန်တော့
အနောက်တိုင်းသီချင်းတွေ ကြားရင်
ဂစ်တာတီးနေကြ အုတ်ခုံလေးပဲ
လွမ်းရော.. လွမ်းရော..
ဝိုး.. အိမ်ကို လွမ်းလို့
အိမ်ကို လွမ်းလို့...
Yeah! ပြည်တွင်းသို့ပေးစာ
ဝိုး.. ဝူး.. ဟိုး..
Credits
Organization
Musicians
Song Bio
ပြည်တွင်းသို့ ပေးစာ သီချင်းဟာ "အကြောင်းအမျိုးမျိုးကြောင့် တိုင်းတစ်ပါးမှာ သွားရောက်ရုန်းကန်နေရပြီး နေရပ်လိပ်စာနဲ့ မိသားစုကို အလွန်အမင်း တမ်းတလွမ်းဆွတ်နေရတဲ့ ရွှေ့ပြောင်းလုပ်သား (သို့မဟုတ်) ပြည်ပရောက် မြန်မာလူငယ်တစ်ယောက်၏ ရင်ဖွင့်သံ" ဖြစ်ပါတယ်။
"တိုင်းတစ်ပါးမှာ ပိုက်ဆံရှာနေရပေမဲ့ နှလုံးသားက မြန်မာပြည်မှာပဲ ကျန်ခဲ့တဲ့ လွမ်းချင်းတစ်ပုဒ်" ဖြစ်ပါတယ်။ "ကမ္ဘာမှာ အငြိမ်းချမ်းဆုံးနေရာဟာ ကိုယ့်အိမ်ပဲ" ဆိုတာကို သိသွားချိန်မှာ အိမ်ကို အပြင်းအထန် ပြန်ချင်နေတဲ့၊ ဒါပေမဲ့ တာဝန်တွေကြောင့် မပြန်နိုင်သေးဘဲ အချိန်ပို (OT) တွေဆင်းပြီး အံကြိတ်ရုန်းကန်နေရတဲ့ ပြည်ပရောက် မြန်မာလူငယ်ထုတစ်ခုလုံးရဲ့ ကိုယ်စားပြု အလွမ်းဘဝသီချင်း ဖြစ်ပါတယ်။
Song Info
- Released02 Mar, 2018
- OrganizationZen Music
- WriterG Fatt, Bunny Phyoe
- MusiciansG Fatt, Bunny Phyoe