Lyrics
မင်းနဲ့ မထိုက်တဲ့ ဖြစ်တည်မှုတစ်ခုပါ
ကမ္ဘာမှာ အသုံးချမရတဲ့ လူပိုတော့ မဖြစ်နိုင်ပါ။
တစ်ခါတစ်ခါ အများနဲ့ မတူဘဲ အတွေးများထဲ လောင်ကျွမ်းပျော်ဝင်မိတာ
ဒါတွေလည်း သီချင်းလေးက အသိဆုံးပါ။
အိမ်မက်များထဲ မင်းဝင်လာတဲ့အခါ
အပြင်က လက်တွေ့ဘ၀နဲ့ အိမ်မက်ကြားမှာ
တစ်ကယ်ကို ကွဲမပြားမနေဘဲ ကန့်လန့်ရပ်ကာ ဘ၀ရှင်သန်ခဲ့တာ
ဒါတွေလည်း မင်းတစ်ယောက်က မသိဘူးကွာ
အတွေးလေးများတိုင်း ကိုယ်ဟာမျောလွင့်သွားချင်တာ
အိမ်မက်ကနိုးရင် ရင်မဆိုင်ရဲတဲ့ လက်တွေ့ကမ္ဘာ
မင်းအနားအမြဲဝဲတဲ့ ရောင်စုံ လိပ်ပြာများထဲမှာ
ကိုယ်ဟာ လောင်ကျွမ်းမှုကြိုက်တဲ့ မီးတိုး ပိုးဖလံပါ
ဒီစိတ်ကူးများထဲက မလွတ်မြောက်နိုင်တော့ပါ
ကိုယ်ဟာ လက်တွေ့ဘ၀နဲ့ မတန်တဲ့ သနားစရာပါ
ရှင်သန်ခြင်းက တကယ်တော့
မလွတ်လပ်ရတဲ့ အချုပ်နှောင်သာတစ်ခုပါ
ကိုယ်ဟာတော့ အမြဲ လွတ်လပ်ချင်သူပါ
အတွေးလေးများတိုင်း ကိုယ်ဟာမျောလွင့်သွားချင်တာ
အိမ်မက်ကနိုးရင် ရင်မဆိုင်ရဲတဲ့ လက်တွေ့ကမ္ဘာ
မင်းအနားအမြဲဝဲတဲ့ ရောင်စုံ လိပ်ပြာများထဲမှာ
ကိုယ်ဟာ လောင်ကျွမ်းမှုကြိုက်တဲ့ မီးတိုး ပိုးဖလံပါ
တိမ်တိုက်ကလေးများလို အမြဲလွင့်မျောချင်ခဲ့
ကိုယ်ဟာ မအိပ်စက်ဘဲနဲ့တောင်
အိပ်မက် မက်ခဲ့တယ်။
တူယှဉ်တွဲတဲ့ လောက ကမ္ဘာမှာ
ပျော်ရွှင်ခြင်းလည်း ဒုက္ခနဲ့
မရေရာလှတဲ့ အကြောင်းများစွာမှာ
ပိုင်ဆိုင်ခြင်းက ယုတ္တိမဲ့
စိတ်ကူးလေးများထဲ ခရီးဆက်နှင်တော့မယ်
အတွေးလေးများတိုင်း ကိုယ်ဟာမျောလွင့်သွားချင်တာ
အိမ်မက်ကနိုးရင် ရင်မဆိုင်ရဲတဲ့ လက်တွေ့ကမ္ဘာ
မင်းအနားအမြဲဝဲတဲ့ ရောင်စုံ လိပ်ပြာများထဲမှာ
ကိုယ်ဟာ လောင်ကျွမ်းမှုကြိုက်တဲ့ မီးတိုး ပိုးဖလံပါ
Credits
Engineer
Song Writer
Producer
Organization
Song Info
- Released12 Apr, 2024
- EngineerHsan Moe Htet
- WriterShushu
- MusiciansShushu, Khaing Pwint, Ag Ye
- ProducerPhoe Lone
- OrganizationAyathakan