Outro

Outro

Lyrics

ဘဝက တစ်နေ့တစ်နေ့

ဖြတ်သန်းနေရတယ် နေ့နဲ့ည

အကောင်းနဲ့အဆိုးကြားက

ရိုက်ခတ်ခြင်းတွေ ကြုံတွေ့ခဲ့ရပြီး

အေးခဲသွားတဲ့

ခံစားချက်တွေနောက်ကို လိုက်ရင်း

ငါ့ရဲ့ ရေးလက်စ သီချင်းတွေလည်း

ဆက်မရေးပဲထား

အမှောင်ထဲမှာ တစ်ကောင်တည်းငါ

လျှောက်ဆဲပါ အလင်းနဲ့ ဝေးတဲ့ ည

အဆင်မပြေခြင်းတွေ အလယ်

ငါဘယ်လိုမှ ရှောင်ထွက် ပြေးလည်းမရ

ဘယ်အရာတွေဆုပ်ကိုင်ရမလဲ

ငါ့ကိုငါ မေးနေရင်း

အဖြေမပေါ်တဲ့ မေးခွန်းတွေ

ငါဖျောက်ချင်မိတယ် အတွေးထဲက

Credits

Song Info

SHARE