နွေရဲ့အဖြေ

နွေရဲ့အဖြေ

Lyrics

ွေရဲ့အဖြေ Lyrics
Verse 1: ကိုယ့်ခြေလှမ်းများ..
တွေဝေမနေဘဲ အို မင်းဆီရောက်လာ..
ဝေဆာနေတဲ့ ဒီပိတောက်တွေကြားမှာ..
ကိုယ်ရှာဖွေမိတာ အနူးညံ့ဆုံးအရာ...
သိမ်ငယ်မှုများကြားမှာ
အရာရာ ရင်ဆိုင်နိုင်ရန်ခက်ခဲတဲ့ဘဝ...
ဒီအချိန်တွေမင်းတစ်ယောက်သာ
ပျော်ရွှင်စေနိုင်မဲ့ မနက်ခင်းရဲ့အစ...

Cho/ပူလောင်လွန်းတဲ့ဘဝကပေးတဲ့
ဒီအရိပ်အမြွက်
သာယာအေးချမ်းမှုကမင်းဖြစ်စေတယ်
တစ်ချိန်ချိန်ဒီအာရုံတွေ
ကွယ်ပျောက်လိုသွားတောင်
ကိုယ်နှလုံးသားလေးကမှတ်မိနေမယ်
အချိန်တွေတိုင်းမင်းရှိခဲ့လို
အကုန်လောင်ကျွမ်းနေတဲ့ဒီဘဝထဲရှေ့ဆက်နိုင်ခဲ့တယ်
ကျေးဇူးကွယ်..

Verse2: ဒီစိတ်ကမိုးသားထက်
ကောင်းကင်လို
အရောင်တွေပြောင်းတိုင်းလည်းဘဲ
အမြဲသည်းခံပေးသူ...
နက်ရှိင်းတဲ့မင်းအချစ်ရဲ့သမုဒ္ဒရာငယ်
ကြည်လင်လှပလွန်းလို လက်ပြစ်ငါကူး...
ဒီနွေဦးရဲ့.. မင်းနဲ့စတဲ့အလှ
ကျန်တာဘယ်အရာယှဉ်နိုင်ဦးမလဲ..
ချစ်သူရယ် Babe မင်းပြောကွယ်

Cho/ပူလောင်လွန်းတဲ့ဘဝကပေးတဲ့
ဒီအရိပ်အမြွက်
သာယာအေးချမ်းမှုကမင်းဖြစ်စေတယ်
တစ်ချိန်ချိန်ဒီအာရုံတွေ
ကွယ်ပျောက်လိုသွားတောင်
ကိုယ်နှလုံးသားလေးကမှတ်မိနေမယ်
အချိန်တွေတိုင်းမင်းရှိခဲ့လို
အကုန်လောင်ကျွမ်းနေတဲ့ဒီဘဝထဲရှေ့ဆက်နိုင်ခဲ့တယ်
ကျေးဇူးကွယ်..

Outro/ မင်းအသံလေးတွေ ကိုယ့်ရင်ထဲဝေ
မင်းအသံလေးတွေ ကိုယ့်ရင်ထဲကြွေ

Credits

Song Info

SHARE
နွေရဲ့အဖြေ Lyrics – Boon Born | Song Credit