ငှက်

ငှက်

Lyrics

ငါဟာ ငှက်ကလေး ဖြစ်မယ်ဆို

နင်ရှိနေတဲ့ ဟိုးအရပ်ကို

ဝေဟင်ထက်က အတောင်ပံခတ်လို

ပျံသန်းခဲ့မှာပါ

မိုးမြင့်ထက်ကကြယ်တွေကို

ငါငေးကြည့်နေချိန်

အဝေးရောက်နေတဲ့ငါ့ရဲ့ချစ်သူ

နင်လည်းပဲငေးနေမယ်

မိုးလင်းကစ မှောင်ချိန်တွေအထိ

မင်းစိတ်နဲ့ငါပါ

မင်းဘက်ကရော ငါ့ကိုသတိရ

တမ်းတ လွမ်းနေမလား

ငါဟာ ငှက်ကလေး ဖြစ်မယ်ဆို

နင်ရှိနေတဲ့ ဟိုးအရပ်ကို

ဝေဟင်ထက်က အတောင်ပံခတ်လို

ပျံသန်းခဲ့မှာပါ

အကြိမ်ကြိမ် မရပ်မနားအမြဲ ဆက်ပျံကာ

နင်နဲ့အမြန်ဆုံးတွေ့ဖိုရာ

လေမုန်တိုင်းကြောင့် အတောင်တွေကျိုးလည်း

မင်းရဲ့အနားတော့ ရောက်အောင်ပြန်ခဲ့မှာ

အဝေးရောက်သွားတော့ဒီလူကို

နင်မေ့လိုသွားပြီလား

နင်ပြောခဲ့ဖူးတဲ့ စကားလေးများ

ပြန်တွေးရင်း သတိတွေရ

ငါတိုနှစ်ယောက် ဘယ်တော့များ

ပြန်ဆုံမှာလဲ စဉ်းစားရင်းလေငါ

လွမ်းရင်းလွမ်းရင်း လွမ်းချင်းထပ်ကာ

တမ်းတမိနေတာ

လေမုန်တိုင်းကြောင့် အတောင်တွေကျိုးလည်း

မင်းရဲ့အနားတော့ ဟိုး …

Credits

Song Info

SHARE