Nar Ya Tae Kabyar

120/B Album · 02 Mar, 2018

Nar Ya Tae Kabyar

G Fatt

From 120/B Album · 02 Mar, 2018

Lyrics

မနက်တောင်မစားရသေးပဲ 

မိုးလင်းလင်းချင်း ဒီသီချင်းစရေးခဲ့ 

မနေ့ညကတက်တဲ့ပြဿနာတွေ 

မျက်လုံး၂လုံးဖွင့်တာနဲ့ 

အလိုလိုခေါင်းထဲပြန်ရောက်လာတယ်။

ရိသဲ့သဲ့လာလုပ်တဲ့ကောင်တွေကို

စောက်အရောမဝင်နဲ့လို့ 

ငါပြောပေမဲ့ သူငယ်ချင်းတွေကြားမှာ 

မျက်နှာပျက်မှာကြောက်လို့ 

ပြတ်သားစွာမငြင်းဆိုရဲတာတဲ့ 

နောက်ဆုံးငါပဲ ဒေါသတွေထွက် 

မျက်ရည်မျက်ခွက်နဲ့ စိတ်ဆိုး

ပြန်ချော့တဲ့စကားလုံးလေးတွေကြားရင် 

ဒီကကောင်အရည်ပျော်ပြီး 

ခွေးမြီးကောက်ကျည်တောက်စွပ်တဲ့ 

ကတိတွေမျက်လုံးမှိတ်ယုံပြီး 

ငါခွင့်လွှတ်လိုက်တာချည်း 

ဘယ်တော့မှစောက်မှတ်သည်းခြေမရှိ

နောက်ကျောကိုဓားနဲ့ထိုး နင်ဓားနဲ့ထိုး 

ကလိမ်ကကျစ်တွေလုပ်ပါဦး မုသားတွေသုံး 

အကွက်တွေရွှေ့ကာ ထပ်လှည့်စားပါဗျို့

မျက်နှာနည်းနည်းလောက်ထပ်များပါဦး

နောက်ကျောကိုဓားနဲ့ထိုး နင်ဓားနဲ့ထိုး 

ကလိမ်ကကျစ်တွေလုပ်ပါဦး မုသားတွေသုံး 

အကွက်တွေရွှေ့ကာ ထပ်လှည့်စားပါဗျို့

မျက်နှာနည်းနည်းလောက်ထပ်များပါဦး

အချစ်ရေ

ဒီသီချင်းထဲကအတိုင်း 

ထပ်မဖြစ်ပါစေနဲ့တော့လို့ 

ဆုတောင်းပြီး အသံသွင်းခဲ့တာ 

မင်းရဲ့အရံစာရင်းထဲကကောင်တွေနဲ့ 

ကန်ငြင်းလဲငါမယှဉ်နိုင်ပါဘူညံ့ဖျင်းတဲ့ဘဝ 

သူ့ရဲ့အိမ်ခြံဝင်းရဲ့နားမှာ 

ပြဿနာတွေထတက်ပြီးရန်ဖြစ်တဲ့ညက 

မင်းမာယာတွေနဲ့ဖန်ဆင်းတဲ့ကမ္ဘာမှာ 

ငါမနေချင်တော့ဘူး 

ဒါနောက်ဆုံးအနေနဲ့ငါ့ရဲ့ခံပြင်းတဲ့စကားပါ

ရှင်ထွက်မသွားနဲ့လို့ နင်ငိုပြီးတားလဲ

ဆုံးဖြတ်ချက်တွေကို ပြင်ဖို့သတိမရခဲ့ 

အရင်လိုfeelရတဲ့statusတွေကိုမတင်တော့ပေမဲ့ 

ကောင်လေးတွေနဲ့ 

ဓာတ်ပုံမြင်ရင်သဝန်တိုပြီးသားပဲ 

Indonesia ရဲ့ကျွန်းလေးမှာငါတို့အတူ

မက်ခဲ့တဲ့အိပ်မက်တွေအလျှင်စလိုပြီးသွားလဲ 

ငါကိုလွမ်းတဲ့အချိန်တိုင်း 

ငါလုပ်ပေးခဲ့သလိုမျိုး 

ကျစ်ဆံမြီးလေးကျစ်ပြီးတော့ 

ဆံပင်ကိုစည်းထားဆဲ

ခင်ဗျားတို့သိလား 

သူကပါးကွက်လေးကွက်ထားရင် 

ရိုးရိုးလေးနဲ့လှတာ 

သူ့ရဲ့ချစ်လှစွာသော သူငယ်ချင်းတွေ 

အမျိုးမျိုးသွေးခွဲခဲ့ကြလဲ 

လူကြီးတွေမသိအောင် ကျနော်တို့ 

ခိုးခိုးတွေ့ခဲ့ကြတဲ့ နေ့တွေအကြောင်း 

ပြန်စဉ်းစားမိရင် သီချင်းလဲရေးလို့မရ 

တနေကုန်တိုင်ပတ်တာပဲ 

မြယမုံအိမ်ရာနဲ့သင်္ကန်းကျွန်းတဝိုက်တင်မက 

အမှတ်တရတွေကျန်သေးတယ် ရွှေဂုံတိုင်ဘက်မှာလဲ

ကဲထားပါတော့ စိတ်နာရတဲ့ 

မင်းအကြောင်းတွေကိုလဲ 

သီချင်းပြောင်းရေးလိုက်တယ် 

ဘယ်တော့များပြတ်မလဲ ပြတ်မလဲလို့ 

အတင်းချောင်းနေတဲ့ကောင်တွေကိုလဲ 

သတင်းကောင်းပေးလိုက်မယ် 

ကျနော်တို့နှစ်ယောက်လမ်းခွဲလိုက်ပါပြီ 

ခင်ဗျားတို့လဲတဖက်သတ်ခံစားမနေပါနဲ့ 

ဘယ်တော့မှ ဘာကြောင့်မှမခွဲတော့ဘူးလို့ 

အတူတူသစ္စာဆိုဖူးခဲ့တဲ့ 

ပုဂံဘုရားတွေကိုတော့ 

ပြန်အားတွေနာတယ်

အဲ့လို ခင်ဗျားကိုချစ်ဖို့ကလွဲရင် 

ဘာစိတ်အတွေးမှမရှိတဲ့ ချာတိတ်လေးပါ 

တစ်ကောင်ကောင်နဲ့မင်္ဂလာဆောင်သွားရင်တော့ 

စာအိတ်လေးနဲ့လာဖိတ်ပေးပါ 

ဟိုးတချိန်က ကျနော်ကသတို့သား 

သူမက သတို့သမီးလိုဝတ် 

ရိုက်ထားတဲ့ဓာတ်ပုံလေးကို 

ကြည့်ကာခိုးပြီးငိုရင်း 

နောက်ဆုံးတော့ G fatt တို့ပဲ 

အငြိုးကြီးသလိုဖြစ် Bitch

ရိသဲ့သဲ့လာလုပ်တဲ့ကောင်တွေကို

စောက်အရောမဝင်နဲ့လို့ 

ငါပြောပေမဲ့ သူငယ်ချင်းတွေကြားမှာ 

မျက်နှာပျက်မှာကြောက်လို့ 

ပြတ်သားစွာမငြင်းဆိုရဲတာတဲ့ 

နောက်ဆုံးငါပဲ ဒေါသတွေထွက် 

မျက်ရည်မျက်ခွက်နဲ့ စိတ်ဆိုး

ပြန်ချော့တဲ့စကားလုံးလေးတွေကြားရင်

ဒီကကောင်အရည်ပျော်ပြီး

ခွေးမြီးကောက်ကျည်တောက်စွပ်တဲ့

ကတိတွေမျက်လုံးမှိတ်ယုံပြီ

ငါခွင့်လွှတ်လိုက်တာချည်း

ဘယ်တော့မှစောက်မှတ်သည်းခြေမရှိ

နောက်ကျောကိုဓားနဲ့ထိုး နင်ဓားနဲ့ထိုး 

ကလိမ်ကကျစ်တွေလုပ်ပါဦး မုသားတွေသုံး 

အကွက်တွေရွှေ့ကာ ထပ်လှည့်စားပါဗျို့

မျက်နှာနည်းနည်းလောက်ထပ်များပါဦး

နောက်ကျောကိုဓားနဲ့ထိုး နင်ဓားနဲ့ထိုး 

ကလိမ်ကကျစ်တွေလုပ်ပါဦး မုသားတွေသုံး 

အကွက်တွေရွှေ့ကာ ထပ်လှည့်စားပါဗျို့

မျက်နှာနည်းနည်းလောက်ထပ်များပါဦး

အချစ်ရေ

နောက်ကျောကိုဓားနဲ့ထိုး 

နောက်ကျောကိုဓားနဲ့ထိုး

Credits

Song Info

SHARE
Nar Ya Tae Kabyar Lyrics – G Fatt | Song Credit