Lyrics
Cho: ဝေဟင်မှာ ကိန္ဒရီ ကိန္ဒရာလို အတူတူပျော်မြူးမယ် (Yeah)
ဒဏ္ဍာရီ ပုံပြင်ထဲကအချစ်အစစ်ကို ငါသိပြီ
အချိန်တွေဟာ အလိုလို ကုန်ဆုံးသွားတာ
မြန်လွန်းတယ် မင်းနဲ့တွေ့ချိန်...
မြတ်နိုးခွင့်လေးတော့ ပေး...ပါ
မြတ်နိုးခွင့်လေးတော့ ပေး
Rap1: မင်းအတွက်ကိုယ် ဒီသီချင်းကို ဆိုနေခဲ့
ချစ်မပြတက်တဲ့ ရင်ခွင်ကြီးမှာ ခိုဝင်ခဲ့ကွယ်
Big Bag သီချင်းတွေအရမ်းကြိုက်တဲ့မင်းက
B Say ဆိုတဲ့ Rapper တစ်ကောင်ကို
အထင်များသေးခဲ့လား
အချစ်သီချင်းတွေဆိုနေလိုလည်းမဖြစ်သေးဘူး
အချစ်ခြင်းဆိုတဲ့ ဗိမာန်က မဖွင့်သေးလို
စိတ်ဆိုးနေတာလား စိတ်ဆိုးပြေပါကွာ
ပါးလေးနှစ်ဖက်ကို ကိုင်ဆွဲပြီးတော့
ငါပြောချင်နေတာ
ဒီလိုနဲ့ ရင်တွေခုန်ပြီးတော့ငါ ပျော်သွားခဲ့တယ်
မင်းနဲ့နီးဖိုခတ်ခဲတဲ့အခြေအနေကို
ကျော်လွှားခဲ့တယ်
လျှော်မသွားနဲ့ အချစ်ရယ်
အပေါစားအချစ်မဟုတ်တဲ့ ၁၅၀၀ မေတ္တာစစ်စစ်
မင်းမယုံရင် ခဏလာချစ် (Yep!)
Pre Cho: လူဆိုတာအချစ်နဲ့မကင်းဘူးဆိုတာကို
နင်အသိပါ
Cinderella ကခုံဖိနပ်မစီးဘူးဆိုတာကိုငါသိပါပြီ
မသုံးရက်တဲ့အချစ်တွေ မပေးရက်တဲ့အချစ်တွေ
အခု မင်းကိုပေးနေတဲ့ ငါ ရူးနေပြီ
အဆိုးအမြဲဆိုးပါစေ
အကောင်းအမြဲကောင်းပါစေ
အအေးအတူအပူမျှ အတူတူ နေသွားချင်တယ်
Cho: ဝေဟင်မှာ ကိန္ဒရီ ကိန္ဒရာလို အတူတူပျော်မြူးမယ် (Yeah)
ဒဏ္ဍာရီ ပုံပြင်ထဲကအချစ်အစစ်ကို ငါသိပြီ
အချိန်တွေဟာ အလိုလို ကုန်ဆုံးသွားတာ
မြန်လွန်းတယ် မင်းနဲ့တွေ့ချိန်...
[ မြတ်နိုးခွင့်လေးတော့ ပေး...ပါ
မြတ်နိုးခွင့်လေးတော့ ပေး ] (x2)
Rap2: ဟေးအချစ် နေကောင်းလား?
ကျန်းမာရေး ဂရုစိုက်ပါ အချစ်ဆုံးရာ
စိုးရိမ်ပြီးတော့ စိတ်ပူတယ် မင်းကိုချစ်လို
အချစ်အစစ်ရဲ့ အဓိပ္ပါယ်ကိုအခုမှ သိလို
မတည့်တာတွေ ဝယ်မစားနဲ့
ကိုယ်ပြောတာနားထောင်ပါ
အစပ်အဟပ် တွေစားတာလည်း
နည်းနည်းလောက် လျော့ပါကွာ
အချဥ်တွေအများကြီးစားရင်
နင်ကဗိုက်နာတက်တယ်
အစာအိမ်ရှိတော့ ဂရုစိုက်ငါ စိုးရိမ်လိုတကယ်
မိုးတွေရွာနေရင်တော့
အပြင်တွေလျှောက်မသွားနဲ့
ကိုယ့်အိမ်မှာကိုယ်နေပါ အပြင်မှာနေရင်ဖျားမယ်
ညသန်ခေါင်ယံအထိ လိုင်းတွေမသုံးပါနဲ့နော်
မနက်ရောက်ရင်မှန်ကြည့်
မျက်တွင်းလေးတွေညိုနေမယ်
စိတ်မပျက်နဲ့အချစ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့
စကားတွေကို နားလည်စေချင်တာပါချစ်သူရာ
မဖြစ်သင့်ဘူး မင်းနဲ့ငါနဲ့ဝေးရတာ
အချစ်စစ်ဦးလေးနဲ့ အတူတူ
နောက်နှစ်မှာ နှစ်သစ်ကူး
အသက်ကြီးသွားလည်းအတူတူဖြတ်သန်း
ချစ်တာ မေတ္တာတရားတွေအထက်
နားလည်မှုသာရှိရင် စိတ်ချမ်းသာတယ်
Romeo နဲ့ juliet တိုအဖြစ်ကို ခဏ ရပ်တန့်
တိုနှစ်ယောက်အချစ်ကို မှတ်တန်းပြီးတော့
ပုံပြင်တစ်ပုဒ်လိုပြောပြလိုက်
Pre Cho: လူဆိုတာအချစ်နဲ့မကင်းဘူးဆိုတာကို
နင်အသိပါ
Cinderella ကခုံဖိနပ်မစီးဘူးဆိုတာကိုငါသိပါပြီ
မသုံးရက်တဲ့အချစ်တွေ မပေးရက်တဲ့အချစ်တွေ
အခု မင်းကိုပေးနေတဲ့ ငါ ရူးနေပြီ
အဆိုးအမြဲဆိုးပါစေ
အကောင်းအမြဲကောင်းပါစေ
အအေးအတူအပူမျှ အတူတူ နေသွားချင်တယ်
Cho: ဝေဟင်မှာ ကိန္ဒရီ ကိန္ဒရာလို အတူတူပျော်မြူးမယ် (Yeah)
ဒဏ္ဍာရီ ပုံပြင်ထဲကအချစ်အစစ်ကို ငါသိပြီ
အချိန်တွေဟာ အလိုလို ကုန်ဆုံးသွားတာ
မြန်လွန်းတယ် မင်းနဲ့တွေ့ချိန်...
[ မြတ်နိုးခွင့်လေးတော့ ပေး...ပါ
မြတ်နိုးခွင့်လေးတော့ ပေး ] (x2)