Lyrics
ဝန်ခံပါတယ် ငါဆိုးခဲ့တာတွေ
မင်းကြားမယ့်ဇာတ်လမ်းများ
အဲ့အတွက်ငါ နောင်တရ
ငါကိုယ်တိုင်ပါ အခုပြောင်းလဲချင်တာ
ဘာကြောင့်ဆိုငါတွေးရ
မင်းနဲ့အတူအနာဂတ်ဘဝ
ယုံဖို့ခက်မယ် သိပါတယ်ကွာ
အချိန်က သက်သေပြလာမှာပါ
လူတိုင်းငါ့ကို မုန်းဂရုမစိုက်ပါ
ငါကြည့်ခဲ့တာ မင်းရဲ့တစ်မျက်နှာ
ရင်ထဲကပါ ပြောတဲ့ဒီစကား
ထာဝရအတွက် အတူ ရှိချင်တာပါ
နောက်ဆုံးအချစ်ဟာ မင်းပဲ ဖြစ်ချင်လို့
ဘယ်လောက်ကွာခြားဦးမလဲ
ဘယ်နှစ်ယောက်က တားဦးမလဲ
ဘယ်သူက မှားတယ်ပြောပါစေပေါ့ကွယ်
ငါနင့်နားရောက်အောင်လျှောက်လာခဲ့မယ်
နင်ရှိရင်အားလုံးနဲ့
ငါစစ်တောင်ခင်းနိုင်တယ်
မယုံကြည်တဲ့အသိုင်းဝိုင်းများရဲ့ စကားတွေ
အတူလက်တွဲမင်းနဲ့ ဖြတ်ကျော်ပါရစေ
မလွှတ်လိုက်နဲ့
နေချင်ပါတယ် ငါမင်းအနားမှာလေ
ကောင်းလည်းအတူစံစားရင်း
ဆိုးလည်းအတူခံစားရင်း
မျက်စိမှိတ် ပြီးတော့ပဲ
မင်းတစ်ယောက်ပဲရွေးချယ်မယ်
ဒီလူနှစ်ယောက်အချစ်က အဓိကပဲ
ဘာလိုသေးလဲ
ယုံဖို့ခက်မယ် သိပါတယ်ကွာ
အချိန်က သက်သေပြလာမှာပါ
လူတိုင်းငါ့ကို မုန်းဂရုမစိုက်ပါ
ငါကြည့်ခဲ့တာ မင်းရဲ့တစ်မျက်နှာ
ရင်ထဲကပါ ပြောတဲ့ဒီစကား
ထာဝရအတွက် အတူ ရှိချင်တာပါ
နောက်ဆုံးအချစ်ဟာ မင်းပဲ ဖြစ်ချင်လို့
ဘယ်လောက်ကွာခြားဦးမလဲ
ဘယ်နှစ်ယောက်က တားဦးမလဲ
ဘယ်သူက မှားတယ်ပြောပါစေပေါ့ကွယ်
ငါနင်နားရောက်အောင်လျှောက်လာခဲ့မယ်
နင်ရှိရင်အားလုံးနဲ့
ငါစစ်တောင်ခင်းနိုင်တယ်
မယုံကြည်တဲ့အသိုင်းဝိုင်းများရဲ့ စကားတွေ
အတူလက်တွဲမင်းနဲ့ ဖြတ်ကျော်ပါရစေ
မလွှတ်လိုက်နဲ့
Credits
Song Writer
Musicians
Song Bio
"My Forever" is a heartfelt Burmese ballad about owning past mistakes and committing fully to a future together. Bunny Phyo opens with an apology, acknowledging past wrongs and expressing genuine remorse and a desire to change, driven by the hope of a shared future with the one they love. Fully aware trust will take time to rebuild, they vow to prove it through actions, undeterred by others' doubts or disapproval — declaring this love worth fighting for, no matter who tries to stand in the way. The song builds to a resolute promise: to stay through good and bad, choosing this one person completely, with nothing else mattering more than their love. It's a sincere anthem of accountability, devotion, and lasting commitment.
Song Info
- Released09 May, 2026
- WriterBunny Phyoe
- EngineerBunny Phyoe, Myo Zaw Htet
- ProducerBunny Phyoe, Myo Zaw Htet
- MusiciansBunny Phyoe