မင်းမကြားနိုင်​​တော့​သော

မင်းမကြားနိုင်​​တော့​သော

Lyrics

ငါ့အစ်ကို .. တမျိုးတဆွေလုံးမှာ ငါအဆိုးပေဆုံး

မင်းခေါ်သွားမှပဲ ရောက်ခဲ့ဖူးတာပဲ အဲ့ Hip-hop Show တွေကို

ပြန်ရောက်ရင် ပိုးမသေ rhyme တွေရှာ Flow တွေထုတ်

ငါတို့အတူအိပ်တဲ့ ဖျာကြမ်းလေးမှာ ဂျပိုးတွေထိုး တစ်ခါတစ်လေ မိုးတွေယို

ဗလာစာအုပ်တွေအပေါ် ငါ့ Rhyme တွေ သွန်ချခဲ့တယ်

အခန့်မသင့်ရင် မူးယစ်ဆေးနွံထဲတွေ ဘာတွေ ကျွံကျမယ့်အရွယ် ..

မင်းညွှန်ပြတဲ့ တည့်တည့်ကိုရောက်ဖို့ မင်းပေးတဲ့ခွန်အားနဲ့ပဲ

သူရဲဘောကြောင်တာလွန်လှတဲ့ မင်းညီဟာ စွန့်စားရဲခဲ့တာ ..

အဲ့ဒီနောက် ငါတို့မိသားစုလေး အသက်ရှူချောင်ခဲ့ပြီ

အဖေ့ရဲ့တာဝန်တွေကို ငါ့ရဲ့ပုခုံးပေါ် ဆက်ယူဆောင်တဲ့အထိ

မင်းရဲ့အဆင်မပြေမှုတွေအတွက် မင်းဘေးမှာ ထပ်တူပေါက်ကွဲပြီး

အရက်အတူသောက် နားထောင်ပေးမယ့်သူဆိုလို့ မြတ်သူတစ်ကောင်တည်းရှိတာ။

ပင်လယ်တင်မက မြေပြန့်နဲ့တကွ တောင်တန်းတွေအထိ ငါတို့ ခြေဆန့်ခဲ့ကြ

အခုဘယ်လိုက်ရှာရမှာလဲ ငါမင်းကို အသေလွမ်းတဲ့အခါ

ကမ္ဘာကြီးပေါ်မှာ ငါတို့အတူ ဆိုးမိုက်ပေကမ်းခဲ့သမျှ

အမှတ်တရတွေ မေ့ပစ်လိုက်ပြီလား ငါ့ကို ဖြေစမ်းလှည့်ပါ။

Cho:

မင်းဟာ အငွေ့ပျံပျောက်ဆုံးသွားပေါ့

ငါဘာမှ မတတ်နိုင်ခဲ့ဘူး ငါ့အစ်ကို

ငယ်ငယ်တုန်းကငါ ရူးသွပ်သမျှကို

ယုံကြည်ပေးခဲ့တာ ကျေးဇူးငါ့အစ်ကို

အသက်ရှူမရတာ သေချာတော့မှ

မင်းလက်လျှော့သွားတာ မဟုတ်လားငါ့အစ်ကို

ထွက်သွားစမ်းကွာ ဟိုး အဝေးကြီးကို

ငါသီချင်းလေးတစ်ပုဒ်ညည်းနေမလို့

ငါသီချင်းလေးတစ်ပုဒ်ညည်းနေမလို့

မင်းရောက်ရာအရပ်က နားဆင်ဦး

ငါသီချင်းလေးတစ်ပုဒ်ညည်းနေမလို့

မင်းရောက်ရာအရပ်က နားဆင်ဦး

ငါ့အစ်ကို ပြန်မရနိုင်‌တော့ပါ ဟိုးတစ်ခါဘဝတွေ

မင်းအိမ်ကို ခိုးလာရတဲ့ ရိုးရာညတွေ ..

မင်းအဆုတ်ရဲ့အခြေအနေဟာ တဖြည်းဖြည်းချင်း ပိုဆိုးလာသမျှလေ

မင်းဟာဘယ်မှ မသွားနိုင်တော့ အောက်ဆီဂျင်အိုးရဲ့ ကြိုးအကွာကနေ

ငါ့အစ်ကို ဆေးတွေဟာ မင်းကိုကယ်ဖို့ မစွမ်းတော့ပါလား

တီမျိုးရဲ့ အခန်းလေးကအစ အရာအားလုံးဟာ လွမ်းမောစရာကွာ

မင်းဟာအရမ်းမောလာပြီး အသက်မရှူတော့ကြောင်း လှမ်းပြောလာကြချိန်

ငါမင်းဆီအပြေးလာပေမယ့် မင်းအသက်ဟာ တန်းမျောပါသွားခဲ့ပြီ ..

ရန်ကုန်ဟာ အပြင်းအထန်မိုးသည်း ငါလည်း ငိုချင်စိတ်ကို အံကြိတ်ပြီးတော့ တင်းခံလို့ရယ်

မင်းမရှိတော့ခြင်းဆိုတာကို ငြင်းဆန်ဖို့မလွယ်

ဒီအခြေအနေဆိုးတွေဟာ ဘယ်လိုပုံ ဘယ်လိုအဆင်းသဏ္ဌာန်မျိုးနဲ့ မင်းအပေါ်လာ နင်းကန်အငြိုးဖွဲ့ 

စည် ငါတို့ညီအစ်ကိုတွေ ဘဝခြားခဲ့ပြီ အရင်က တစ်ခုခုဆို မင်းဆီအရင် ရောက်အောင် လာကြွားတဲ့ညီဟာ

မင်းထွက်သွားတော့မယ့် အဲ့ဒီ နောက်ဆုံး ဈာပနရဲ့ ခရီးမှာ မင်းခန္ဓာကိုယ်ကို သဂြိုဟ်ပေးခဲ့တာ ပြာကျတဲ့အထိ

Cho:

မင်းဟာ အငွေ့ပျံပျောက်ဆုံးသွားပေါ့

ငါဘာမှ မတတ်နိုင်ခဲ့ဘူး ငါ့အစ်ကို

ငယ်ငယ်တုန်းကငါ ရူးသွပ်သမျှကို

ယုံကြည်ပေးခဲ့တာ ကျေးဇူးငါ့အစ်ကို

အသက်ရှူမရတာ သေချာတော့မှ

မင်းလက်လျှော့သွားတာ မဟုတ်လားငါ့အစ်ကို

ထွက်သွားစမ်းကွာ ဟိုး အဝေးကြီးကို

ငါသီချင်းလေးတစ်ပုဒ်ညည်းနေမလို့

ငါသီချင်းလေးတစ်ပုဒ်ညည်းနေမလို့

မင်းရောက်ရာအရပ်က နားဆင်ဦး

ငါသီချင်းလေးတစ်ပုဒ်ညည်းနေမလို့

မင်းရောက်ရာအရပ်က နားဆင်ဦး

ခွင့်လွှတ်ပါကွာ ငါမင်းဆီအမြဲလာမလည်နိုင်ခဲ့တာ

အထီးကျန်ခြင်းတွေသာ မင်းရင်ဘတ်မှာ အနည်ထိုင်ခဲ့ရ

ကံတရားနဲ့တော့ဒါ ဘယ်ဆိုင်မလဲကွာ

ငါ့မှာသာ ပိုက်ဆံတွေအများကြီးရှိရင် ငါမင်းကို ကယ်နိုင်ခဲ့မှာ

လူတိုင်းက ပစ်ပယ်ကြလို့ သိမ်ငယ်ရလို့ ..

ငါ့ဆီရင်ဖွင့်စရာလည်း မင်းမလိုတော့ဘူးပေါ့

လူတိုင်းကို စောင့်မျှော်ရတဲ့ ကုတင်ပေါ်ကနေ

အသက်ကို လုရှူဖို့လည်း မလိုတော့ဘူးနော်

လူတိုင်းက ပစ်ပယ်ကြလို့ သိမ်ငယ်ရလို့ ..

ငါ့ဆီရင်ဖွင့်စရာလည်း မင်းမလိုတော့ဘူးပေါ့

လူတိုင်းကို စောင့်မျှော်ရတဲ့ ကုတင်ပေါ်ကနေ

အသက်ကို လုရှူဖို့လည်း မလိုတော့ဘူးနော်

မင်း သိပ်ချစ်ရတဲ့ အဆိုတော်ရူးပေါ့

မင်း သိပ်ချစ်ရတဲ့ အဆိုတော်ရူးပေါ့

မင်း သိပ်ချစ်ရတဲ့ အဆိုတော်ရူးပေါ့

Credits

Song Info

SHARE