Lyrics
လမ်းဆုံမှာ ရပ်နေတဲ့
အို တစ်ယောက်တော့ ဆွေးနေမယ်
ဘယ်သူလဲကွယ် မင်းရယ်တို့ရယ်
ငိုချင်သော မျက်လုံးလေးတွေ ဟန်ဆောင်ပြုံးကာ
နင်သိတယ် ငါလည်းသိတယ်
သွားမယ်ဆို သွားပါကွယ်
ဒီလိုတစ်နေ့တော့ ဖြစ်မှာကို
ကြိုသိတယ် မင်းရယ်တို့ရယ်
တကယ်ကိုပေါင်းစပ် မရတဲ့ဘဝမို့ နေချင်သော်လည်းလေ
အချစ်လေး တချစ် မပြီးသေးခင်
နေဝင်ပြီ
ကြွေရွက်များ သူပြန်သွားတဲ့ လမ်းကလေးပေါ်မှာ
ကြေမွသွား ကျန်နေသူ ဒဏ်ချက်တွေ
ပြန်ပြီလား မပြန်ခင် စကားလေးတစ်ခွန်း ပြောလိုက်မယ်နော်
ကိုယ်ချစ်တယ် သေထိချစ်မယ်
လမ်းဆုံမှာ ဘဝမဆုံပါ
အို ကျောခိုင်းသွားပြီနော်
ကျေနပ်တယ် တို့ကျေနပ်တယ်
တကယ်ကိုပေါင်းစပ် မရတဲ့ဘဝမို့
နေချင်သော်လည်းလေ
အချစ်လေး တချစ် မပြီးသေးခင်
နေဝင်ပြီ
သွားမယ်ဆို သွားပါကွယ်
ဒီလိုတစ်နေ့တော့ ဖြစ်မှာကို
ကြိုသိတယ် မင်းရယ်တို့ရယ်
တကယ်ကိုပေါင်းစပ် မရတဲ့ဘဝမို့ နေချင်သော်လည်းလေ
အချစ်လေး တချစ် မပြီးသေးခင်
နေဝင်ပြီ
ကြွေရွက်များ သူပြန်သွားတဲ့ လမ်းကလေးပေါ်မှာ
ကြေမွသွား ကျန်နေသူ ဒဏ်ချက်တွေ
ပြန်ပြီလား မပြန်ခင် စကားလေးတစ်ခွန်း ပြောလိုက်မယ်နော်
ကိုယ်ချစ်တယ် သေထိချစ်မယ်
လမ်းဆုံမှာ ဘဝမဆုံပါ
အို ကျောခိုင်းသွားပြီနော်
ကျေနပ်တယ် တို့ကျေနပ်တယ်
တကယ်ကိုပေါင်းစပ် မရတဲ့ဘဝမို့
နေချင်သော်လည်းလေ
အချစ်လေး တချစ် မပြီးသေးခင်
နေဝင်ပြီ
အို ကျောခိုင်းသွားမှ အချစ်ရယ်
နင်ငိုနေသလားကွယ်
ပြန်ကြည့်တယ်
တို့အကြည့်ဆုံ ငိုပြီကွယ်
Credits
Song Writer
Musicians
Song Bio
လမ်းဆုံ သီချင်းရဲ့ စာသားဟာ "တကယ်ချစ်ကြပေမဲ့ ကံကြမ္မာနဲ့ ဘဝအခြေအနေတွေကြောင့် ပေါင်းစပ်ခွင့်မရဘဲ လမ်းခွဲလိုက်ရတဲ့ အလွမ်းဇာတ်လမ်းတစ်ပုဒ်" ကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။
"အတားအဆီးတွေကြားထဲမှာ အဆုံးသတ်လိုက်ရတဲ့ မပြီးဆုံးသေးတဲ့ အချစ်ဦး/အချစ်ဟောင်း ဇာတ်လမ်းတစ်ပုဒ်" ဖြစ်ပါတယ်။ ၉၀ ခုနှစ်တွေက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Slow Rock သီချင်းတွေ၊ ဒါမှမဟုတ် Acoustic Guitar အေးအေးလေးနဲ့ ဆိုတဲ့ Pop အလွမ်းသီချင်း Mood မျိုး ရှိပြီး၊ နားထောင်သူကို ရင်ထဲမှာ တနင့်နင့်နဲ့ ကျန်ခဲ့စေမယ့် အဓိပ္ပာယ်မျိုး ဆောင်ပါတယ် ခင်ဗျာ။
Song Info
- Released19 May, 2023
- WriterAung Ko Latt
- MusiciansAung Ko Latt