ကလေးဘဝ

ကလေးဘဝ

Lyrics

စိတ်ရဲ့အတွေးတွေ

အတိတ်ရဲ့ တစ်နေရာဆီ လွင့်မျော

ကစားလိုက်နားလိုက် ကလေးဘ၀

အလွန်ဖြူစင်ခဲ့သော အပြုံးတွေနဲ့အတူ

နေ့ရက်တိုင်းဟာ အပူပင်တွေကင်းတယ်

လူဘ၀ရဲ့ ပြဿနာများစွာ ဘာမှမသိသေးခင်

ပျော်မြူးစွာဘဝကို ရှင်သန်နေရင်းနဲ့ အရှုပ်အထွေး သိပ်များတဲ့ လောကအကြောင်းကို နားမလည်သေးတဲ့အခါ

ရက်စက်ခြင်းတို လိမ်ညာခြင်းတို မသိဘူး

လျှိဝှက်ချက်တို ဟန်ဆောင်ခြင်းတိုမရှိဘူး

ရှိသလောက်နဲ့ပျော်ပျော်လေးဘဲ

ကျေနပ်နေတတ်ခဲ့တယ်

အဆုံးအစမဲ့ ပျော်ရွှင်ခြင်းများ

ပြန်မရနိုင်တော့တဲ့

ဟိုအရင်အချိန် ကလေးဘ၀တုန်းက

ဟိုအရင်အချိန် ကလေးဘ၀တုန်းက

ဟိုအရင်အချိန် ကလေးဘ၀တုန်းက

ဟိုအရင်အချိန် ကလေးဘ၀တုန်းက

စက္ကန့်နဲ့အမျှ တရွေ့ရွေ့ အချိန်တွေရယ်ရွေ့လျား

ဘ၀ရဲ့လမ်းများလျှောက်လှမ်းရင်း

အရောင်တွေ စုံလင်သွားတဲ့အခါ

ပူလောင်မူတွေကြားထဲ

ကိုယ်ချင်းစာတရားမဲ့

ပိုသိလာခဲ့တဲ့အမှန်အမှားများရယ်

ဟိုအရင်ကလိုအပြုံးနဲ့ ဖြူစင်မှုဆိတ်သုဉ်းခဲ့

ငါပြန်မရနိုင်တော့တဲ့ ဟိုးအရင်အချိန်များကဆို

Credits

Song Info

SHARE