ခမ်းနားလွန်းတဲ့နေ့

ခမ်းနားလွန်းတဲ့နေ့

Lyrics

ဒီနေ့က မေ့မရတဲ့ Monday..

ကိုယ်ဟာတစ်ယောက်တည်း လမ်းမ..အလယ်

(ထားသွားခဲ့တဲ့ အသည်းတစ်ခြမ်းကို လှမ်..တွေ့

မင်္ဂလာဆောင်ခြင်း အခမ်းနားထဲ)

အားလုံးထက်မင်းက သိပ်သိပ်လှနေ..ရဲ့

မပိုင်ဆိုင်တော့ကြောင်း အပြီးသတ်သတ်နှုတ်ဆက်ပွဲ

(မင်းတို့မိဘ အသိုင်းအဝိုင်းလည်း မျှ ခြေ တည့်..

ဂုဏ်ပညာကြီးမားတဲ့ အချစ်ဖလှယ်ပွဲ..yah)

မှားခဲ့..တဲ့ အပြစ်တွေ အဆုံးသတ်လိုက်ပြီ..

ငါသိပ်..ချစ်ခဲ့ သူအတွက်..

ခမ်းနားလွန်းတဲ့နေ့

Wedding Dress လေးနဲ့

လှပတဲ့သူမရဲ့ အပြုံးတစ်ပွင့်

အခြားတစ်ယောက်လက်ကိုတွဲ

ခန်းမကြီးထဲ

မဂ်လာဆောင်နေသောနေ့..

ဝမ်းနည်းဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရ..

အခြားရင်ခွင်မှာ မင်းလေး ပျော်နိုင်မလားတွေး

ပြောင်းလဲသွားတဲ့မင်းရဲ့ဘဝ..

အမြဲငါ လက်ခုပ်တီးကာ အားပေး..ဝိုးဟို..ဟူးဟို

လက်ခုပ်တီးကာ အားပေး..ဝိုးဟို..ဟူးဟို

သုံးမရတဲ့ကိုယ့်အဖြစ်ဟာ ရီစရာ

ချစ်ခဲ့သမျှ အမှတ်တရတွေ လေထဲမှာ

ဘာကြောင့်မို့ဝေးရတာကို အဖြေရှာ

ငါ့ဦးနှောက်ကအလုပ်မလုပ် နေ..ခဲ့ပါ

မင်းကောင်းတဲ့လမ်းကိုရွေးနေခဲ့သူ မင်းလေး

ပျော်နေဖို့က အဓိကပဲ

ပြည့်စုံလွန်းတဲ့ဘဝရဲ့ ပေါင်းစပ်ခြင်းတွေငါ

လက်ခုပ်တီးရင်း.. သီချင်းလေးညည်းရင်းနဲ့..

မှားခဲ့တဲ့ အပြစ်တွေ အဆုံးသတ်လိုက်ပြီ

ငါသိပ်..ချစ်ခဲ့သူအတွက်..

ခမ်းနားလွန်းတဲ့နေ့

Wedding Dress လေးနဲ့

လှပတဲ့သူမရဲ့ အပြုံးတစ်ပွင့်

အခြားတစ်ယောက်လက်ကိုတွဲ

ခန်းမကြီးထဲ

မဂ်လာဆောင်နေသောနေ့..

ဝမ်းနည်းဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရ..

အခြားရင်ခွင်မှာ မင်းလေး ပျော်နိုင်မလားတွေး

ပြောင်းလဲသွားတဲ့မင်းရဲ့ဘဝ..

အမြဲငါ လက်ခုပ်တီးကာ အားပေး..ဝိုးဟို..ဟူးဟို

လက်ခုပ်တီးကာ အားပေး..ဝိုးဟို..ဟူးဟို

ခမ်းနားလွန်းတဲ့နေ့

Wedding Dress လေးနဲ့

လှပတဲ့သူမရဲ့ အပြုံးတစ်ပွင့်

အခြားတစ်ယောက်လက်ကိုတွဲ

ခန်းမကြီးထဲ

မဂ်လာဆောင်နေသောနေ့..

ဝမ်းနည်းဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရ..

အခြားရင်ခွင်မှာ မင်းလေး ပျော်နိုင်မလားတွေး

ပြောင်းလဲသွားတဲ့မင်းရဲ့ဘဝ..

အမြဲငါ လက်ခုပ်တီးကာ အားပေး..ဝိုးဟို..ဟူးဟို

Credits

Song Bio

ခမ်းနားလွန်းတဲ့ နေ့ သီချင်းဟာ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ထက်သာလွန်ပြည့်စုံတဲ့ နောက်တစ်ယောက်နဲ့ လက်ထပ်ပြီး ဘဝသစ်တစ်ခု ထူထောင်သွားတာကို ခံစားချက်အပြည့်နဲ့ ငေးကြည့်ရင်း ကျန်ရစ်ခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ရင်နင့်စရာ ဝမ်းနည်းပူဆွေးမှု၊ လက်ခံနိုင်စရာမရှိပေမဲ့ လက်ခံလိုက်ရတဲ့ အဖြစ်နဲ့ မေတ္တာစစ်ရဲ့ သဘောတရားကို ပေါ်လွင်အောင် ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ရန်လိုမုန်းတီးခြင်း၊ အငြိုးအတေးထားခြင်း မရှိဘဲ ရင့်ကျက်တဲ့ အချစ်နဲ့ပဲ လွှတ်ပေးလိုက်ပါတယ်။ သူမ ပျော်ရွှင်ဖို့ကသာ အဓိကမို့လို့ ခန်းမအပြင်ကနေ အဝေးကနေပဲ သီချင်းလေးညည်းရင်း၊ "လက်ခုပ်တီးကာ အားပေး" ရင်း ကောင်းချီးပေးရင်းနဲ့ပဲ ကိုယ့်ရဲ့ အချစ်ဇာတ်လမ်းကို အပြီးသတ် ဇာတ်သိမ်းလိုက်တဲ့ အကြောင်း ဖြစ်ပါတယ်။

ဒီသီချင်းဟာ ကိုယ်ချစ်တဲ့သူ ပျော်ရွှင်ဖို့အတွက်ဆိုရင် ကိုယ်တိုင် ငိုကြွေးကျန်ရစ်ခဲ့ရပါစေဦးတော့၊ ပြုံးပြုံးလေးနဲ့ လက်ခုပ်တီးပြီး လွှတ်ပေးလိုက်ရတဲ့ "အနစ်နာခံ စွန့်လွှတ်ရတဲ့ အချစ်" အကြောင်းကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။

Song Info

SHARE