Lyrics
ကလေးငယ်တစ်ယောက်ရဲ့ ဘဝကို
ဖန်ဆင်းသူ
တုနှိင်းမမှီ မေတ္တာကြီးမား
ဘယ်အရာနဲ့မှ အစားထိုးလိုလည်းမရ
သတ္တိတွေရှိအောင် သင်ပေးသူ
သူဟာတံတိုင်းလို အမြဲကာရံပေးခဲ့
သူမနောက်ကျောမှာ ဓားချက်များနဲ့
အမေမရှိတော့ အားလုံးဟာပြောင်းလဲ
မငိုအောင်စိတ်တင်းထားနေချင်ပေမယ့်
ဒီအိမ်လေးထဲအားလုံးဟာ မဟောင်းပဲ
အရင်ထားခဲ့တဲ့ အတိုင်းလေ
Momma.. I’’ sorry Momma
သားရဲ့ အကျင့်ဆိုးတွေ မပြုပြင်ခဲ့လို
ခေါ်သံတွေကြားလား….? ?
I’m sorry Momma….
အမေ့ရဲ့ကျေးဇူးတွေ မဆပ်နိုင်ခဲ့လို
အရာရာနောက်ကျခဲ့ပြီကိုး….
Ohhhh…..Awwww…
အသည်းကွဲနေတယ့် အဖေ့ကို
ကျွန်တော်မေးတယ်..??
သူသတိရပြီးတော့ မျက်ရည်ဝဲ…
ပြောနေကြ သူလွမ်းတယ်တဲ့
အမေ့ကို အိပ်မက်ထဲမှာ မြင်သေးတယ်..
သူကောင်းမွန်တဲ့အရပ်မှာ အနားယူသွား
လူ့ဘဝကြီးက အမှားတွေများလွန်းတယ်
အိမ်ပြန်နောက်ကျလိုဆက်တဲ့
အမေ့ Phone လေး..
ခေါ်သံကို မကြားရနိုင်ပြီ အမေ..
ကျွန်တော်သီကျူးတဲ့
အမေ့အတွက်သီချင်းတွေလည်း
အမေ မကြားရနိုင်တော့ပြီ
Momma…I’m sorry Momma…
သားရဲ့ အကျင့်ဆိုးတွေ မပြုပြင်ခဲ့လို
ခေါ်သံတွေကြားလား….??
I’m sorry Momma….
အမေ့ရဲ့ကျေးဇူးတွေ မဆပ်နိုင်ခဲ့လို
အရာရာနောက်ကျခဲ့ပြီကိုး….
Ohhhh…..Awwww…