Du Wun Kyal

Gyin · 20 Jul, 2020

Du Wun Kyal

G Fatt

From Gyin · 20 Jul, 2020

Lyrics

အမှောင်တွေက အလင်းရဲ့ ကျေးကျွန်ပဲ

ယုံကြည်ပါ တစ်နေ့ ကျွန်တော် တောက်ပပြမယ် နေရောင်လို စွမ်းအားမကြီးပေမယ့် ဓူဝံကြယ်လောက်တော့ လင်းနိုင်ရဲ့ ငယ်စဉ်က အနုပညာသည် ဖြစ်ချင်တယ် ကျွန်တော် သီချင်းတွေဆိုရင်းနဲ့ ဝါသနာကို ကိုးကွယ်မယ် စိတ်ချမ်းသာတယ် ဒီမိသားစုလေးနဲ့ ကျွန်တော့် အိပ်မက်တွေထဲ.....

(မှောင်မိုက်နေတဲ့ ကံကြမ္မာတစ်ခုအောက်က မိသားစုအတွက် ကျွန်တော် ကြယ်တစ်ပွင့် ဖြစ်ချင်တယ် သို့မဟုတ် ပိုးစုန်းကြူး တစ်ကောင်လောက်တော့ ဖြစ်ချင်တယ်)

တစ်ထောင့်ကိုးရာ ကိုးဆယ့်နှစ် ဒီဇင်ဘာလ သားဖွားဆေးရုံထဲ ကလေးတစ်ယောက် ငိုသံ ပီပြင်စွာကြား ဒီတင် "ငါ့သားလူဖြစ်ပြီ" လို့ အဖေ ကြုံးဝါးသတဲ့ ကြည်နူးလွန်းလို့ သူ့မျက်နှာတစ်ဝိုက်မှာ အပြုံးများဝဲ အဆုံးအစမဲ့

အဖေ့ရဲ့ မေတ္တာတရားများကြောင့် သားဘဝတစ်လျှောက် အပူအပင်ကင်းဖို့ သူ့ခမျာမှာတော့ အငှားကားမောင်း ကျန်းမာရေးလည်း ချူချာတော့ ဆေးရုံဆေးခန်းဆို ခဏခဏရောက် ရှစ်တန်းနှစ်မှာ အိမ်ကိုရောင်း တစ်မိသားစုလုံး ငါးပါးမှောက် တွေးမိတိုင်း ရင်တွေနာတယ် စီးပွားရေး အဆင်မပြေတာတွေ ချမ်းသာတဲ့ အသိုက်အမြုံဆိုတာ ကျွန်တော်တို့ဘဝနဲ့ အသင်္ချေကမ္ဘာဝေး လူတွေကြိုက်သလို ထင်ပစေဗျာအဖေ ဂရုမစိုက်ဘူး ကျနော်ကြိုးစားမယ် တစ်နေ့ ရိုက်ချိုးပြမယ် ခပ်ညံ့ညံ့ကောင်လို့ ဆွေမျိုးတချို့ မြင်နေတာတွေ ပဝါမကူ ရေမရှူချပါ ဘဝကို အရှုံးမပေးနဲ့ မခေသူ ကျုပ်က အဖေတူသားပါ နေပူကြားမှာ ဒီမိသားစုအတွက် နှစ် ၂၀ ကျော်ကျော်လောက်ထိကို ရှာကျွေးခဲ့ အဲ့ဒီကျေးဇူးကို မသိတတ်တဲ့ သားမိုက် ကျပါပြီ ဆယ်တန်းစာမေးပွဲ အမေကတော့ အားပေးတယ် နောက်နှစ် စာပိုပြီးကျက်ဖို့ကို ပညာရေး စိတ်မဝင်စားတဲ့ ကျုပ်က စာကို Rap လိုဆို အသက်က တစ်ရက်ထက်တစ်ရက် ပိုတိုး ပတ်ဝန်းကျင်မှာ မရှက်သလိုအချိုး အခုတော့ ကျွန်တော်ရောက်နေပါပြီ သူတို့ တက်စေချင်တဲ့ တက္ကသိုလ်ကို

အမှောင်တွေက အလင်းရဲ့ ကျေးကျွန်ပဲ

ယုံကြည်ပါ တစ်နေ့ ကျွန်တော် တောက်ပပြမယ် နေရောင်လို စွမ်းအားမကြီးပေမယ့် ဓူဝံကြယ်လောက်တော့ လင်းနိုင်ရဲ့ ငယ်စဉ်က အနုပညာသည် ဖြစ်ချင်တယ် ကျွန်တော် သီချင်းတွေဆိုရင်းနဲ့ ဝါသနာကို ကိုးကွယ်မယ် စိတ်ချမ်းသာတယ် ဒီမိသားစုလေးနဲ့ ကျွန်တော့် အိပ်မက်တွေထဲ

အမေက သာမန် အလယ်တန်းပြ ကျောင်းဆရာမ အမေနဲ့တူတာတဲ့ တစ်ချက်က တစ်ခုခုဆို ကျုပ်ခေါင်းမာတာ အပေါင်းအပါများနဲ့ လူငယ် လွတ်လပ်ခွင့်တွေကို မနှောက်ယှက်ပါနဲ့ အမေမသိအောင် ကျောင်းတွေပျက် ဆေးလိပ်တွေလည်း ငါသောက်တတ်လာတယ် လူငယ်ပဲ မှားတာရှိကြတာ မဆန်းပါ ပန်းတိုင်တိကျစွာ မှန်းမရတဲ့အပြင် ရည်းစားထားလမ်းသလား စာမကျက် အမှတ်ကနည်း အောင်စာရင်းထွက်တိုင်း အရှက်ပါကွဲ Level တန်းတူ အပေါင်းအသင်း ဆရာမတွေကြား အမေက Ever မျက်နှာငယ် အခက်အခဲ အကျပ်အတည်းတွေ အိမ်မှာထင်တာထက် မနည်းပါ တစ်ဖက်တစ်လမ်းက အစ်မက လုပ်ကျွေးတယ် သူ ကြင်ယာဖက်လည်း မရှာ ပြီးတော့ ပညာတတ် ဘွဲ့ရ ကျွန်တော်နဲ့ယှဉ်ရင် ဆီနဲ့ရေပဲ အဲ့ဒီမခံချင်စိတ်တွေက ကျုပ်ကို ဒီဂီတလောကမှာ တည်မြဲစေခဲ့ "သူ့သားဆိုလို့" တဲ့ လိုက်အားပေးတယ် Stage Show ကို စင်အောက်က ကြည့်နေရင်း အမေ့ရင်ထဲမှာ တိတ်တခိုးငို "ဒီဂီတမှ မအောင်မြင်ရင် ငါ့သားတစ်ယောက်တော့ ဘဝပျက်မှာပဲ" အဲ့ဒီစကားတွေ ကြားရတော့ ကျုပ် အမေ့ကို ပိုပြီး သနားတတ်လာတယ် "လူဆိုတာ ကံဆရာကြိုးဆွဲရာ ကရတဲ့ ရုပ်သေးပဲ" အဲ့ဒီအဆိုအမိန့်ကို လက်မခံနိုင်လို့ ကျုပ်အနာဂတ်ကို ကျုပ်ဆေးချယ် ဆိုခဲ့ဖူးသမျှ သီချင်းတိုင်းမှာ ဦးနှောက်အစွမ်းအစ အကုန်ထုတ်ရေးခဲ့ အရည်အချင်းက စကားပြောတဲ့ တစ်နေ့ကျ အဖေနဲ့ အမေကို လုပ်ကျွေးမယ်

အမှောင်တွေက အလင်းရဲ့ ကျေးကျွန်ပဲ

ယုံကြည်ပါ တစ်နေ့ ကျွန်တော် တောက်ပပြမယ် နေရောင်လို စွမ်းအားမကြီးပေမယ့် ဓူဝံကြယ်လောက်တော့ လင်းနိုင်ရဲ့ ငယ်စဉ်က အနုပညာသည် ဖြစ်ချင်တယ် ကျွန်တော် သီချင်းတွေဆိုရင်းနဲ့ ဝါသနာကို ကိုးကွယ်မယ် စိတ်ချမ်းသာတယ် ဒီမိသားစုလေးနဲ့ ကျွန်တော့် အိပ်မက်တွေထဲ

Credits

Song Info

SHARE