Lyrics
Pre ( ရာသီဥတု ကိုယ့်ဖက်ပါရေ တစ်နိန့်မှာ တွိဆုံခရေ မမာ့ချေကို မိန့်မရ ရင်ဘတ်ထဲထိ တိုးဗျာလ် နိန်ရာယူထား မျက်လုံးထဲက မထွက်နိုင်ဗျာလ် သူ့အလှ)
Cho ( She’s my dream girl, I wanna be her boy. ရင်ခုန်သံထိန်းချုပ်မရ မင်းအနားကို လာတိုင်း အရာအားလုံးမမာ့တိနန့် မင်းတစ်ယောက်ကို ငါမနှိင်း မင်းနန့်အတူ ဆုံခွင့်ရချင် ဒေဘဒ္ဒကမ္ဘာတိုင်း မင်းကိုလွမ်းရေ နိန့်တိုင်းမှာ မင်းကိုလွမ်းရေ မင်းမျက်ဝန်းချေ မြင်ယောင်နိန် မင်းမျက်ဝန်းချေ အရာရာ အနှိင်းမဲ့ ငါ့အတွက် မင်းစွာ ကမ္ဘာကြီး ဒေဘဝထဲ မင်းကလွဲ နောက်တစ်ယောက် မရှိဝေ
Verse
မမျော်လင့်ပဲ တွိခရရေ မင်းအပြုံးနန့်မင်းမျက်ဝန်းချေတစ်ခါမှမဖြစ်ဖူးပဲ ခံစားချက်ကဆန်းကြည်
နှလုံးသားကလန်းရေ ရင်ခုန်သံ တိပုံမှန်မဟုတ်စော်ငါသတိထားလိုက်တေမြင်မြင်ချင်းချိုက်ရေ
လူတိဇာလောက်ပင်ပြောပြောအယင်ကမယုံခဖူးဝေ
အခုကျ ငါ့နှလုံးသားတစ်ခုလုံး မင်းကအပိုင်
သိမ်းလားဗျာလ်မလားယေ
အချိုက်က အလားအပြန်ရှိဖိုဆိုပနာ ငါလက်ခံထားရေ
မင်းဖက်က စိမ်းကားလို ပြန်မချစ်နိုင်ကေတောင် တစ်သက်လုံး ရင်ထဲမှာ သိမ်းထားဖို
တောင်းပန်ရေ ငါ့ကမင်းအတွက်ဆိုစော်ကို မိန့်မလားဖို
ပိုင်ဆိုင်ချင်ရေ အတ္တကို
ဒေတစ်ခါတော့ အပြစ်မတင်လို
အရင်ဆုံး ရင်နီးခွင့်ရပြီးကေ မင်းနဲ့ကိုယ် ခင်မင်ဖို
မင်းမကြိုက်ရေ အချက်လက်တိကိုပြင်ဆင်လို
မင်းအနားကို ရောက်အောင်လားမေ
ငါတန်ဖိုးထားရေမင်းအတွက်
ဇာလောက်ပင်ခက်ခဲပါစီ ငါအားတင်းထားရေ
I wanna be your boyfriend.
မင်းအကြောင်းစဥ်းစားမိရေအခိုက်အတန့်
နှလုံးသားကဒဏ်ရာကို ကုစားပါ မင်းအချိုက်နန့်
ဒေတိုင်းတော့ မဖြစ်ဗျာလ်ဝေး
မင်းအလှကို အဝီးကလိုက်ဗျာလ်ငေး ကြည့်ရရေဘဝပါ
Oh Shit!မင်းအလှမှာ ကျရှုးလခဗျာလ် Bae
(Cho)
Verse
ရခိုင်ပြည်မှာ အချောလှများရေကြားက မင်းကိုရာ သဘောကျလားရေ
ငါ့ရင်ထဲခံစားရသမျှကို မင်းသိအောင်ပြောပြလားမေ
ဘုရားကြွလို တရားချကေတောင် ငါ့အချိုက်ကိုထိန်းမရကား လူတစ်တစ်ယောက်က တစ်ယောက်ကိုချိုက်တေစော် လွန်ဆန်လိုမရရေ လောက သဘောလေ
လူ့ဘဝက အတိုချေရာ အနာဂတ်ထက်မင်းက ပိုသေချာ
အောင်မြင်မူ စည်းစိမ်ချမ်းသာထက် မင်းအချိုက်ကို ပိုလို လိုရေငါ မင်းမျက်နှာကို မတွိရရေ ရက်တိက ပုံမှန်ထက်ကို ရှည်ကြာပြီးကေ တစ်ခုမှ မအိုကေပါ
ယင်းဟာကိုသိလား ပျိုမေကညာ
အမိလေ့ရခိုင် အဖလေ့ရခိုင်ဖြစ်လို သာကီနွယ်က ဆင်းသက်လာ ဆောင်းတွင်မှာကျရေ နှင်းစက်ဖြာ
သာယာအီးချမ်းရေ မင်းမျက်နှာ အာရုံဦးမှာအလင်းထွက်လာပိုင် အသားအရေတိက လင်းလက်ဖြာ
Shorty ကိုယ်က SHINEတော့မဟုတ်
ယကေလေ့ ဖြစ်ချင်ရေ မင်းအတွက်ငါ
စိတ်နန့်ကိုယ်နန့် မကပ်ယာငါ
(အိပ်စက်လိုလည်းမရယာငါ)2
ထိန်းချုပ်ဖိုလည်း မတတ်ယာငါ
(Cho)