Daddy is gone

Daddy is gone

Lyrics

Daddy is gone

မပြောဖြစ်ခဲ့တဲ့ ဒီစကားများ
မက်ခွင့်မရှိတော့တဲ့ အိပ်မက်လား
ငယ်ငယ်တုန်းက ကျနော်အဖေ့လက်ကိုကိုင်ပြီးတော့ကျောင်းသွားဖူး
အဲဒီလက်ပေါ်မှာ ယုံကြည်အားကိုးတဲ့စိတ်ဟာ
အခုလက်ရှိထိ ပြောင်းမသွားဘူး
ပုံမှန်အတိုင်းဆို အဖေ့မျက်နှာဟာ
အမြဲတမ်းကြီးလိုလို တည်ပေမယ့်
အဖေနဲ့အမေ ဘယ်သူ့ကို ပိုချစ်လဲမေးတော့
ကျနော် အမေ့ကိုရွေးတိုင်းမှာ ရယ်နေတယ်
ကျနော် အသက်ကြီးလာလေလေ အဖေနဲ့ စိမ်းလာလေလေပဲနော်သိလား
အဲ့တုန်းကဆို အဖေဟာကျနော်အတွက်ကြောက်ရမယ့်လူလို့ကိုထင်ထားမိတာ
အဖေဟာ မေ့လျော့ခံပါ
ကျနော်အပြင်ကပြန်လာတိုင်းရှာတာ အမေပဲ
သားအဖနှစ်ယောက်လမ်းမှာ မျက်နှာချင်းဆိုင်တွေ့တာတောင် နှုတ်မဆက်ဘဲခပ်တည်တည်နေခဲ့
အခုတလော အမေသိပ်နေမကောင်းဘူး
အိမ်ကစီးပွါးရေး အရိပ်အခြေမကောင်းဘူး
အမေဟာဟန်ဆောင်ပြီး ပြုံးပြုံးလေးနေပေမယ့်
အဖေမရှိတဲ့နောက် သိပ်အဆင်မပြေလောက်ဘူး
ဆုံးမဖို့အတွက် အမုန်းခံခဲ့
နဖူးကချွေး ခြေမကျအောင်ရုန်းကန်ခဲ့
လူတွေဟာအနားမှာမရှိတော့တဲ့အချိန်ကျမှ တန်ဖိုးတွေထားတတ်ကြတာထုံးစံပဲ
တခါတလေ သဘောထားတွေမတိုက်ဆိုင်
ရန်ဖြစ်စကားများ မာနတွေလိုက်ပြိုင်
အဖေ့ကိုအော်ဟစ်ကျနော်မိုက်ရိုင်းခဲ့
အမေ့ကို အဖေနဲ့ကျနော်ပြတ်ခိုင်းခဲ့
အခုကျမှလိမ္မာခွင့်မရှိတော့ဘူး
ကျနော့်ကိုအဖေလှည့်မကြည့်တော့ဘူး
အားလုံးကိုဝန်ချပြီးတောင်းပန်ချင်တဲ့အချိန်ကျမှ
အဖေဟာကျနော်တို့နားမှာမရှိတော့ဘူး

မပြောဖြစ်ခဲ့တဲ့ ဒီစကားများ
မက်ခွင့်မရှိတော့တဲ့ အိပ်မက်လား
Daddy is gone

ကျနော့်ကိုပညာတတ်စေချင်တဲ့အဖေ
ဘွဲ့ယူတဲ့အချိန်မလိုက်တော့ဘူးလား
မင်္ဂလာဆောင်တဲ့အချိန်အမေဘက်ပဲ့နေမှာရော
အဖေစောက်ဂရုမစိုက်တော့ဘူးလား
သူများတွေသူတို့အဖေကိုအဖေလို့ခေါ်တိုင်းမှာ
ကျနော်အဖေ့ကိုအရမ်းသတိရတယ်
မတော်တဆလမ်းမှာ အဖေနဲ့တူတဲ့လူတစ်ယောက်ယောက်တွေ့ရင်တောင် လိုက်လိုက်ကြည့်ရဆဲ
အဖေ့ကိုချစ်တယ် ရှိနေတုန်းကျနော်ပြောရမှာရှက်ခဲ့
ပိုက်ဆံတောင်းဖို့အပြင်နေကောင်းရဲ့လားတောင်
မေးဖို့အတွက် ကျနော့်ပါးစပ်ကမထွက်ခဲ့
အမြဲတမ်းရမယ်ထင် လွယ်လွယ်လေးသဘောထား
ဥပက္ခာပြုခဲ့တဲ့ မေတ္တာတရား
ဝမ်းနည်းတာအဖေဖြစ်စေချင်တာတွေအားလုံးက
အဖေမရှိတဲ့နောက်ပိုင်းကျမှဖြစ်လာတာ
အခုဆို ကျနော်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်
မိသားစုကိုစောင့်ရှောက်နေနိုင်ပြီ
အဖေသာရှိမယ်ဆိုရင် အဖေမေးသမျှကို ခေါင်းမော့ရင်ကော့ဖြေနိုင်ပြီ
သူငယ်ချင်းတွေကို အားကျတယ်
သူတို့လို မိသားစုစုံစုံလင်လင်ပျော်ချင်တယ်
ဖြစ်နိုင်မယ်ဆိုရင်လေ နောက်ဆုံးတခေါက်လောက်တော့ အဖေလို့ လှိုက်လှိုက်လှဲလှဲခေါ်ချင်တယ်
သေခြင်းတရားကိုသိပ်မုန်းတာပဲလေ
အဖေချစ်တဲ့ မိသားစုနဲ့လမ်းခွဲ
ကျနာ်ရယ် အဖေရယ်အိမ်ကျဉ်းကျဉ်းလေးထဲ
သီချင်းတွေအော်ဟစ်ဆိုခဲ့တာလည်း လွမ်းတယ်
အဖေ့ကျေးဇူးပြီးတော့အဖေ့ရဲ့မေတ္တာ
မမေ့လျော့ပဲ အမြဲသိနေမှာပါ
ကျနော်အသက်ရှင်သမျှ ဘဝတလျှာက်လုံးထဲဍအဖေ့အရိပ်ဟာအမြဲရှိနေမှာပါ

Credits

Song Info

SHARE