Lyrics
အချစ်ကြောင့် အားလုံးပြောင်းလဲနိုင်သလို
အချစ်ကြောင့် အားလုံးရူးသွားနိုင်တယ်
မင်းမရက်စက်နဲ့လို့ ပြောဖို့ခွန်အားမရှိ
မုန်းမုန်းမေ့မေ့ မင်းဘဲနေနိုင်သူ
ခါးခါးသီးသီးဖြစ်ဖို့တော့ စိတ်မကူးဘူး
တိုးတိုးတိတ်တိတ်နဲ့ မင်းရဲ့အနားက
ထွက်သွားပေးမယ်
ဒီလောက်ဆို အဆင်ပြေလား
ကိုယ့်အချစ်က မင်းအတွက်
အနှောင့်အယှက်တစ်ခုလို
ထင်မြင်နေတာတွေကို ရပ်နိုင်ပြီလား
လူတွေအလယ်မှာ ငါဟာ
ရူးမိုက်နေတဲ့အတိုင်းပါ
Ohhh
ဘာကြောင့် ဒီလောက်မုန်းတီးရတာလဲ
တွေးလေလေ အဖြေဟာမဲ့
ရူးမိုက်လွန်းတယ်တဲ့ စရိုက်တွေ
နင်မကြိုက်ခဲ့
Ohh
ငါလိုကောင်ကို ပြန်မချစ်နဲ့လို့
အားလုံး ဝိုင်းပြောကြတယ်
ဘယ်လိုထင်ထင် ငါဂရုမစိုက်ဘဲ
အားလုံးပဲ မောသွားမယ်
ဒီကမ္ဘာပေါ်မှာ အလိုချင်ဆုံး
မိန်းကလေးအကြောင်း ပြောပြမယ်
Ohh
တစ်ချိန်ချိန်မှာ ပြန်ချစ်လိမ့်မယ်လို့
အမြဲတမ်းတွေးခဲ့တယ်
လိုချင်တာပိုင်ဆိုင်ရမယ့် အတ္တကြောင့်
ဝေးခဲ့တယ်
နာကျင်နေမှာကို သိရက်နဲ့
မင်းလေးပဲ ရွေးခဲ့တယ်
Wooh
Credits
Organization
Song Writer
Musicians
Engineer
Producer
Song Bio
Doublejရဲ့ ချစ်လူမိုက်သီချင်းဟာ "ကိုယ့်ကို လုံးဝမချစ်ဘဲ မုန်းတီးနေတဲ့သူကိုမှ ရူးရူးမိုက်မိုက် ကန့်သတ်ချက်မရှိ ချစ်မိလို့ နောက်ဆုံးမှာ အရှုံးပေးပြီး နာကျင်စွာနဲ့ လှည့်ပြန်ခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ညည်းတွားသံ" မျိုး ဖြစ်ပါတယ်။