Bal Lo Shin Mhar Lal

120/B Album · 02 Mar, 2018

Bal Lo Shin Mhar Lal

G Fatt

From 120/B Album · 02 Mar, 2018

Lyrics

(မင်းတို့ရှေ့တော်မှောက်ငါရောက်

နောက်တစ်ခေါက် လက်တွေမြှောက်) x 4

မင်း မင်း မင်း နားလည်လား

ငါ့ကာရံတွေက ဗမာလိုချိတ်တာ

Flow လဲ ဗမာဆန်တယ်ကြာ

နားထောင်တိုင်း အထာကိုသိပ်ကျ

မင်းသတ်ရမှာ ငါတို့မဟုတ်ဘူး

မင်းအတွင်းက မနာလိုစိတ်ကွ

ဘူမသိ ၉ မသိ

ဝင်ဝင်ယောင်တဲ့ကောင်တွေ

ဆရာခို လိမ်းထား

၄ Barမြောက် စကားလုံးတွေကြားမှာ

ဗုံးခွဲနေတော့မင်းပါပါး ၂ Barလောက်နဲ့

တစ်လုံးတစ်ခဲပြောရင် တုံးကနဲသေရော

ငါ့ညီမင်း ဖြတ်လမ်းလျှောက်မရွေးနဲ့

အစ်ကိုတို့လို့တက်လမ်းဖောက်ပြေး

ကိုG Fatt ဖတ်ကြမ်းသောက်ရေးတဲ့

သီချင်းတွေကို ယှဉ်ချင်လဲ

မင်းကလက်သန်းလောက်လေး

Rapper တစ်ယောက်အတွက်

ကာရံက မခက်ခဲတဲ့အရာပါ

သို့ပေမဲ့ နက်နဲတဲ့စာသားတွေသုံးပြီး

Rap ထဲထည့်ကာပြ

မင်းတို့ခေတ် Hip Hop စစ်တာ

အချင်းချင်းပတ်ဆဲတဲ့အထာလား

မိုက်မကိုင်နဲ့ မိန်းမယူ

ကလေးတွေမွေးပြီး ပုခက်ပဲလွှဲပါကြာ

အဓိပ္ပါယ်ရှိရှိအကြောင်းအရာ

တစ်ခုအပေါ် အခြေခံပြီးတော့

Rap တစ်ပိုဒ်စာရေး

သူ့အိမ်ရှေ့ဖွင့်ကြည့်လိုက်

မင်းနဲ့ငါ ဘယ်သူပိုBox စေ့လဲ

ကြိုက်တဲ့ကြေးထပ်လိုက်ကြာညေး

မိုက်ကိုင်ပြီးစင်ပေါ်မှာ

ဆက်တိုက်တာကြွေး

စင်အောက်ကမင်းတို့တွေ

လက်ပိုက်ကာငေး

$ခွက်နားသိပ်မကပ်နဲ့

ဓာတ်လိုက်ကာသေလိမ့်မယ်

ခြေရာချင်းတိုင်းချင်လဲဖိနပ်ဆိုင်သာမေး

Yah....

ဘယ့်နဲ့ ကပ္ပလီနဲ့ တူချင်တာတုန်း

အရည်အချင်းကလန်ပြန်နေလဲ

စိတ်ဓာတ်ကမဖြူစင်တာဆိုး

သူပြောတာအမှန် သူထင်တာအဟုတ်

သူများ Flow တွေယူငင်ကာသုံး

မင်းငနူဖင်နာရုပ် မြို့လယ်မှာ

Free Show သွင်းတောင်လူဝင်မှာမဟုတ်

အဲ့တော့ Rapper အချင်းချင်း

စိတ်နာစရာအဖြစ်

မင်းကG Famကကောင်တွေစီးတဲ့ဖိနပ်ရဲ့

အရိပ်သာသာအဆင့်

ဒါက2018အတွက်ငါထုတ်ပြန်တဲ့

အမိန့်အာဏာအသစ်

မင်းရပ်ကွက်ထိပ်မှာ လာဖွင့်ရင်

မင်းတစ်မျိုးလုံးလိပ်ပြာပါလွင့်

တီးလုံးဝယ်ဖို့ ပိုက်ဆံ

မလုံလောက်သည့်ကလေး

အတန်းထဲမှာ နဂိုခြောက်ပြီးရေးရတဲ့

Rap တွေကို ခုံခေါက်ပြီးရေး

ပန်းတိုင်အထိ ကဆုန်ပေါက်ပြီးပြေး

နေ့စဉ်တိုင်းသင်ယူဖို့ကြိုးစားနေဆဲ

မရှိစေရဝူး ငါ့ Rapတွေမှာ

ဆင်တူရိုးမှားတွေလဲ

မင်းတို့အပိုင်းကကောင်တွေ

ထပ်မုန်းဦးမှာပဲ ထပ်မုန်းလဲ

ဂရုမစိုက်ဘူးဟောင့် ခပ်ပြုံးပြုံးပါပဲ

မင်းတည်တံ့ဖို့အတွက်

သူများပြို လဲအောင်

တသက်လုံးမလုပ်ပါနဲ့

ငါရဲ့ 13 ပုဒ်ပါတဲ့အခွေ

မင်းအတွက် မျက်ခုံး လှုပ်စရာပဲ

ဘယ်လိုယှဉ်မှာလဲ GFattကို

ဘယ်လိုယှဉ်မှာလဲ မင်းနဲ့မတန်တဲ့

အောင်မြင်မှုနေရာမလိုချင်ပါနဲ့

ငါလဲတက်ကြွဖို့လိုအပ်တဲ့ Rap တွေ

ငါဆိုချင်တာပဲလာလာစွတဲ့ကောင်တွေကို

မီးပုံရှိပြီး သင်္ဂြိုဟ်ချင်ပါရဲ့

ဘယ်လိုယှဉ်မှာလဲ

ဘယ် ဘယ် ဘယ်လိုယှဉ်မှာလဲ....

Credits

Song Bio

"Balo Shin Mhar Lae" (How Will You Compete?) by G Fatt is an aggressive, high-energy Burmese hip-hop track that lays down a fierce challenge to posers and critics in the rap game. Delivering complex Burmese rhyme schemes with effortless flow, G Fatt sets a sharp contrast between genuine poetic skill and cheap online beefs, urging aspiring artists to focus on original lyrical depth rather than copying trends or tearing others down. Blending pride in his craft with hard-hitting bravado, the song serves as a powerful testament to his artistic authority and a wake-up call to anyone trying to step into his arena.

Song Info

SHARE