Lyrics
အလင်းနှစ်များစွာကြားမှာ
ကမ္ဘာ ဟာ အစက်အပျောက်တစ်ခုဘဲ
မင်း ရဲ့ ဖြစ်တည်မှုဟာ
ခြင်တကောင်ထက်သေးကွေးနေခဲ့
မတည်မြဲခြင်းများနဲ့ လူ့ဘ၀ကြီးမှာ
မာနတရားများထားနေမလား
ဒီအစက်အပျောက်ထဲက လူသားများစွာ
အကုန် သေမျိုးတွေချည်းပါ
အတ္တမီးတောက်များ
လူသားအချင်းချင်းကို အမုန်းတရားထားနေလား
တိုတောင်းတဲ့လူဘ၀အား
ကိုယ့်အကျိုးစီးပွါးအတွက် သတ်ဖြတ်လိုနေကျ
လောဘ ဒေါသများ
အညစ်အကြေးများစိတ်မှာ စွန်းထင်းလိုသွား
မတည်မြဲခြင်းတရားတွေ မြင်ပြီလား
မြင်ပြီလား မြင်ပြီလား
မြင်ရဲ့လား
အတ္တရဲ့မီးတောက်များ
ကမ္ဘာမြေဟာလောင်ကျွမ်းခဲ့ပြီ
အတ္တရဲ့မီးတောက်များ
ဒီရင်မှာလောင်းကျွမ်းခဲ့
ဆိုးရွားလွန် တဲ့ မီးတောက်များ
လောင်ကျွမ်းအားပြင်းတဲ့ မီးတောက်များ
ငါ့ရဲ့စိတ်က ငါ့အတ္တ
ပူပြင်းလွန်းတဲ့ဒီမီးတောက်များ
တစ်ရက်ပြီး တစ်ရက် မနက်ခင်းတွေများစွာထဲ
နိုးထရင်ငါ တရက်ချင်းရွေ့လျားလာခဲ့
အသက်တွေကြီးလာတော့ ပြဿနာတွေကြီးလာ
လောကဓံ ရဲ့ အကောက်အကွေ့
အတက်အဆင်းတွေကြားမှာ
အတွင်းစိတ်ထဲက
အပျက်အယွင်းတွေများလာခဲ့
အပျက်အယွင်းတွေကို တက်နင်းခြေမွကာဝဲ
အနိစ္စ ဖြစ်ခြင်း ပျက်ခြင်းတွေ ဘာမှမမြဲတော့
အချိန်တန်လာတဲ့တစ်ရက်
မင်းသေရမှာမလွဲ
မသေခင်ဘာတွေယူသွားမလဲ
သေရင်ဘာတွေထားသွားမလဲ
အတောမသတ်နိုင်တဲ့ ဆန္ဒတွေနောက်ကို လိုက်
လိုက်ရင်း ငြိမ်းချမ်းခြင်းနဲ့ ကမ္ဘာတွေခြားသွားခဲ့
ဒေါသတွေထွက်ကာ စကားများမယ်
လောဘတွေတက်ကာ မှားကြမယ်
မျက်နှာဖုံးတွေ တပ်ပြီး အထာတွေ မထားကျတဲ့ ဘ၀ထဲမှာ ငါနေသားကျခဲ့
အချုပ်အနှောင်တွေကြားက ရုန်းထွက်ခဲ့
မင်းဘ၀ကို မင်းစိတ်ကြိုက်ပျံသန်းဦးကွာ
ဘ၀ဆိုတာ ကိုယ်တိုင်သရုပ်ဆောင်ရတဲ့
ဘယ်အချိန်ပြီးမှန်မသိတဲ့ ဇာတ်လမ်းတစ်ပုဒ်
အစွမ်းအစတွေကို ဉာဏ်ရှိသလောက်ထုတ်
အတွေးထဲမှာ ဆူညံပြီးခေါင်းရှုပ်စေမဲ့
ကိစ္စတွေအ၀င်မခံနဲ့ ပြန်ပြီးမောင်းထုတ်
မင်းဇာတ်လမ်းကို မင်းကိုယ်တိုင်
ဖန်တီး အကောင်းဆုံး
ကြုံလာသမျှကို ရှေ့ဆက်တိုးလိုသွား
မတူညီကြတဲ့ အငွေ့အသက်အမျိုးမျိုးကြား
နေ့စဉ်နဲ့အမျှအသစ်ထပ်တိုးလိုလာမဲ့
အညစ်အကြေးတွေ
အဆင့်တက်စိုးမိုးမသွားအောင်
မကောင်းတဲ့စိတ်တွေကို
ပြောင်းလဲ ပြင်ဆင် တွေးဆ
လူလူ ချင်း အကြောင်း မဲ့
အထင်အမြင် မသေးကြဘဲ
ကူညီရင်း တစ်ယောက်တစ်လှည့် ခင်မင်ဖေးမ
ကောင်းတဲ့အမြင်မြင်ပေးသွား
အခေါင်းထဲ မ၀င်ခင်လေး ခဏ
Credits
Organization
Musicians
Engineer
Producer
Song Info
- Released11 Nov, 2026
- OrganizationZen Music
- WriterX Track, Juxie Wayne
- MusiciansX Track, Juxie Wayne
- EngineerAce T, SMiTT
- ProducerSMiTT