အသည်းကွဲလူနာ

အသည်းကွဲလူနာ

Lyrics

အထွေထွေရောဂါကုဆရာဝန်ကြီးများ လက်ဖျားခါတဲ့လူနာ
ဒီရင်အနက်ရှိင်းဆုံးထိကုသပေးနိုင်တာ မင်းတစ်ယောက်ပဲရှိတာ
ဗေဒင်ဆရာတွေကြိုမဟောပေးနိုင်ခဲ့တဲ့ တိုနှစ်ယောက်ရဲ့ကံကြမ္မာ ဘယ်လိုဖြတ်သန်းကြမလဲ တည်ဆောက်ကြမလဲအစား လမ်းခွဲနှုတ်ဆက်သွား

ကိုယ်တိုတစ်ယောက်ကိုတစ်ယောက်မြင်အောင်မကြည့်နိုင်ခဲ့လိုဝေးရတာဖြစ်သင့်ပါတယ်
မင်းလည်းကြာလာတော့အနီးနားကတစ်ယောက်ယောက်ကိုချစ်ဖြစ်လာမယ်
စီးပွားရေးလိုတွေးရင် အမြတ်နဲ့အရှုးကြားအရင်ဆုံးရင်းသင့်တာပဲ
တစ်ခါတလေကိုယ်ကလူကြိုက်ကုန်ပစ္စည်းတစ်ခါတလေကျတော့လည်း လွှင့်ပစ်စရာပဲ

မင်းနှုတ်ခမ်းနီရာနဲ့ T shirt လေးလည်းငါဝတ်ဖြစ်ပါရဲ့
လူတစ်ယောက်ကိုချစ်ဖိုကအလွယ်လေး မေ့ဖိုကျအဆင့်အဆင့်ကြာခဲ့
ရေနစ်သူကိုယ့်အတွက် ကောက်ရိိးတစ်မျှင်စာဟာ မင်းဖြစ်ပါတယ်
နောက်ဆုံး အသက်ကယ်ဆေးတစ်ချောင်းဟာ မင်းမေတ္တာပဲ

အကိုက်အခဲပျောက်ဆေးအလုံး၁၀၀သောက်ရင်တောင်မှကိုယ့်မှာမသက်သာ
မင်းထွက်သွားတဲ့နောက်မကပ်တာစိတ်နဲ့လူနဲ့ညှိးတာမျက်နှာ
အရင်လိုကိုယ်အိပ်တဲ့အချိန်နင်ဘေးကခိုးလာဖက်မလား
ဘဝရဲ့ နံရိုးလေးတစ်ချောင်းကလည်းအခုတော့အရိုးပါအက်လာတယ်

နွေးမိုးဆောင်း ပြောင်းသွားလဲ မပြောင်းလဲငါ့ခေါင်းထဲကမင်းနာမည်
နေဝင်ချိန်များစွာများလာ ပိုဝေးလိုသွားတာကိုယ်တိုနှစ်ယောက်အတိတ်တွေပဲ

လမ်းခွဲပြီးတဲ့နောက်မှာ ကိုယ်မင်းရဲ့မျက်နှာလေးကို တစ်ခေါက်လောက်တွေ့ခွင့်ရရင် တစ်ခေါက်လောက်တွေ့ခွင့်ရချင်

မိုးတွေချိန်းရင်နင်သိပ်ကြောက်တက်လွန်းလို မိုးရာသီကိုငါအမုန်းဆုံး
အပြင်မှာရော အိပ်မက်ထဲမှာရောဝေးတော့ချစ်ရသူကိုနှစ်ခါဆုံးရှုး
ဂြိုဟ်ကြီးကိုးလုံးထဲ မင်းကကိုယ်နေထိုင်ချင်စရာ ကမ္ဘာလုံးတစ်လုံး
အိမ်က WiFi password တောင်မှ မင်းမွေးနေ့နဲ့ မင်းနာမည်အစသုံးလုံး

နံရံတွေမှာမင်းအရိပ်တွေရှိမလားလို မျှော်ရင်း နံရံတိုင်းကိုငေးမော
ထွက်သွားတဲ့ရထားတစ်စင်းကိုနောက်ကျတဲ့သူတစ်ယောက်ကပြန်လိုက်ဖိုဝေးရော
မင်းပြန်လာမယ့်နည်းလမ်းတွေ ChatGPT နဲ့ Gemini ကိုမေးတော့
ပြောစရာစကားမရှိ ဆွံအလျက် မင်းဘဝမင်းကံအတိုင်းငိုကျွေးတော့တဲ့

သံသရာပတ်လမ်းပြည့်ဖိုဘယ်လောက်တောင်ကြာဦးမလဲ
ဒီနိုင်ငံလေးအတွင်းမှာတောင် မင်းနဲ့ကိုယ်နဲ့လွဲ
ဘယ်လိုဝဋ်ကြွေးလဲ ဘယ်လိုဖြေသိမ့်ရမလဲ
ဆုံတွေ့ချိန်တိုင်းဟာမြန်ပြီး ခွဲခွာချိန်တွေဟာကြာလွန်းခဲ့တယ်

အထွေထွေရောဂါကုဆရာဝန်ကြီးများ လက်ဖျားခါတဲ့လူနာ
ဒီရင်အနက်ရှိင်းဆုံးထိကုသပေးနိုင်တာ မင်းတစ်ယောက်ပဲရှိတာ
ဗေဒင်ဆရာတွေကြိုမဟောပေးနိုင်ခဲ့တဲ့ တိုနှစ်ယောက်ရဲ့ကံကြမ္မာ ဘယ်လိုဖြတ်သန်းကြမလဲ တည်ဆောက်ကြမလဲအစား လမ်းခွဲနှုတ်ဆက်သွား

အထွေထွေရောဂါကုဆရာဝန်ကြီးများ လက်ဖျားခါတဲ့လူနာ
ဒီရင်အနက်ရှိင်းဆုံးထိကုသပေးနိုင်တာ မင်းတစ်ယောက်ပဲရှိတာ
ဗေဒင်ဆရာတွေကြိုမဟောပေးနိုင်ခဲ့တဲ့ တိုနှစ်ယောက်ရဲ့ကံကြမ္မာ ဘယ်လိုဖြတ်သန်းကြမလဲ တည်ဆောက်ကြမလဲအစား လမ်းခွဲနှုတ်ဆက်သွား

Credits

Song Info

SHARE
အသည်းကွဲလူနာ Lyrics – Min Thant | Song Credit