Lyrics
V1: ကမ္ဘာတခွင်မှာ တုနှိုင်းမရတဲ့ စံထားလောက်တဲ့ ချစ်တဲ့ဖေဖေ သားသမီးတွေ အတွက် ကျိုးစားရှာဖွေနေ ပင်ပန်းနွမ်းလည်း တချက်မညီးခဲ့တဲ့ ဖေဖေအသက်ပေး ချစ်တဲ့ဖေဖေ ဖေဖေမေတ္တာတော် အနန္တတွေ သားရှစ်ခိုးကန်တော့လိုက်ပါတယ်အဖေ
V2: ကိုးလလွယ်ဆယ်လ မွေးအသက်ပေးပြီး ချစ်တဲ့မေမေ နို့ချိုတိုက်ကျွေးယုယ အကြင်နာတွေ ပင်ပန်းနွမ်းလည်း တချက်မညီးခဲ့တဲ့ မေမေ ဘဝပေးချစ်တဲ့မေမေ မေမေမေတ္တာတော် အနန္တတွေ သားရှစ်ခိုးကန်တော့လိုက်ပါတယ်အမေ
Cho: မြင့်မိုရ်တောင်းဦး မကြူးတဲ့ ကျေးဇူးရှင်တွေ ဖေဖေ မေမေ အချစ်မေတ္တာ ကျေးဇူးများကို သားသမီးတို့ ဆပ်ကြမယ်လေ ဘုရားရှင်နို့ဖိုး ဆပ်တာ တစ်စက်မကျန် အကုန်ကြေ ဖေဖေချွေးဖိုးလည်း ကြေ တုနှိုင်းမရတဲ့ မေတ္တာတွေ အဖေချွေးဖိုးနဲ့ အမေနို့ဖိုးတွေ သားဆပ်နိုင်ရေး ကြိုးစားပါ့မယ် ချစ်တဲ့အဖေ အဖေ ကျန်းမာလို့ပျော်ရွှင်စေ အသက်ရှည်လို့ အနာကင်းစေ အသေမဦးခင်လေး ဉာဏ်သတိယှဥ်၍ မဂ်လမ်းပေါက်ပါစေ အဖေအမေရေ
Credits
Organization
Musicians
Producer
Engineer
Song Writer
Song Bio
Song Info
- Released02 Jun, 2021
- OrganizationZen Music, Monywa
- MusiciansKaung Htet
- ProducerWai Lu
- EngineerThet Naing
- WriterAung Aung