Lyrics
[Verse 1]
စိန်စီထားတဲ့
တိမ်ပန်းချီကားတွေကြည့်ကာ
လွမ်းတယ်
ဒေစီပန်းတွေ
ဝေသည့်လမ်းကိုလျှောက်ချင်
မင်းနဲ့
[Pre-Chorus]
ချစ်ခရီးတွေက
မျှော်လင့်သည့်အတိုင်း
ဖြောင့်ဖြူးခြင်းမရှိပါ
သို့သော် ယုံထားမလား
ကိုယ့်လက်ကိုကိုင်ဆွဲကာ
[Chorus]
မင်းတစ်ယောက်အတွက် ငါ့ဘဝကိုပုံပြီး
ရှိရှိသမျှပေးအပ်လို့ထားပြီ
အဆုံးသတ်အထိ နောက်လှည့်ကာပြန်မကြည့်တော့ပါ
ကြီးမားတဲ့ဒုက္ခတွေငါမသိ
စိတ်ပျက်လို့လက်လျှော့ဖို့အကြောင်းမရှိ
ရူးသွပ်မှုမေးခွန်း အဖြေရှာကြည့်တဲ့အခါ
ကိုယ့်ရဲ့အသက်ဟာ
မင်းရဲ့လက်မှာ
[Verse 2]
ရာသီအလှတွေ
စာစီပြတောင်
မင်းလောက်မဆန်းကြယ်
အဝါရောင်သန်းတဲ့
အပြာရောင်ပန်းငယ်လေးဟာ
မင်းပဲ
[Pre-Chorus]
ချစ်ခရီးတွေက
မျှော်လင့်သည့်အတိုင်း
ဖြောင့်ဖြူးခြင်းမရှိပါ
သို့သော် ယုံထားမလား
ကိုယ့်လက်ကိုကိုင်ဆွဲကာ
[Chorus]
မင်းတစ်ယောက်အတွက် ငါ့ဘဝကိုပုံပြီး
ရှိရှိသမျှပေးအပ်လို့ထားပြီ
အဆုံးသတ်အထိ နောက်လှည့်ကာပြန်မကြည့်တော့ပါ
ကြီးမားတဲ့ဒုက္ခတွေငါမသိ
စိတ်ပျက်လို့လက်လျှော့ဖို့အကြောင်းမရှိ
ရူးသွပ်မှုမေးခွန်း အဖြေရှာကြည့်တဲ့အခါ
ကိုယ့်ရဲ့အသက်ဟာ
မင်းရဲ့လက်မှာ