အချစ်ရဲ့အပြစ်

အချစ်ရဲ့အပြစ်

6.7K

Streams

YouTube

6.7K

YouTube

Lyrics

အချစ်ဟာ ပျားရည်လေးလို
ချိုမြိန်နေ ကြသလို..
တစ်ချို့အတွက် အချစ်ဟာ
အမှားတွေနဲ့သာ ကြုံနေ..ကြလို့..
မက်မောခြင်းနဲ့ အတ္တတရားကို
ဒီအချစ်ခေါင်းစဉ်ခံ ကြလို့
မမှားသင့်ပဲ မှားမိနေ ကြလို့...

ပေးဆပ်ခြင်း တစ်ခုတည်းနဲ့
မလုံလောက်ခဲ့....
လိုချင် တပ်မက် စိတ်လေးများ..
နေရာယူထားလို့ အချစ်က
နှလုံးသားရဲ့အထင်မှား
အချစ်က ထိခိုက် အနာတရနဲ့....
လိုသလို အသုံး ချမိခဲ့ကြ
နောက်ဆုံးတော့အချစ်က အပြစ်ရှိတာလား...

ထင်ယောင် ထင်မှား သံယောဇဉ်ကို
အချစ်လို့ လှည့်စား
ဘဝနဲ့ ရင်းတဲ့သူအပေါ် ဥပေက္ခာပြုကြ
တကယ်တမ်း ထိခိုက်မိသူဟာ
အချစ်ကို အလွန်..အကြူး..သုံးစွဲမိသူ လား..
အပြစ်တွေ ရှာ..လို့..မရတဲ့အဆုံးမှာ
နောက်ဆုံး..အချစ်အပေါ်ပုံချ ကြ....

ပေးဆပ်ခြင်း တစ်ခုတည်းနဲ့
မလုံလောက်ခဲ့....
လိုချင် တပ်မက် စိတ်လေးများ..
နေရာယူထားလို့ အချစ်က
နှလုံးသားရဲ့အထင်မှား
အချစ်က ထိခိုက် အနာတရနဲ့....
လိုသလို အသုံး ချမိခဲ့ကြ
နောက်ဆုံးတော့အချစ်က အပြစ်ရှိတာလား...


ပေးဆပ်ခြင်း တစ်ခုတည်းနဲ့
မလုံလောက်ခဲ့....
လိုချင် တပ်မက် စိတ်လေးများ..
နေရာယူထားလို့ အချစ်က
နှလုံးသားရဲ့အထင်မှား
အချစ်က ထိခိုက် အနာတရနဲ့....
လိုသလို အသုံး ချမိခဲ့ကြ

နောက်ဆုံးတော့အချစ်က အပြစ်ရှိတာလား...

အချစ်ဟာ ပျားရည်လေးလို
ချိုမြိန်နေ ကြသလို..
တစ်ချို့အတွက် အချစ်ဟာ
အမှားတွေနဲ့သာ ကြုံနေ..ကြလို့..
မက်မောခြင်းနဲ့ အတ္တတရားကို
ဒီအချစ်ခေါင်းစဉ်ခံ ကြလို့
မမှားသင့်ပဲ မှားမိနေ ကြလို့...

Credits

Song Info

SHARE
အချစ်ရဲ့အပြစ် Lyrics – Yoon Myat Thu | Song Credit