Lyrics
အချစ်နဲ့ကော်ဖီ
မနက်ခင်း တစ်ခုရဲ့အစက လေးလံလွန်း ကော်ဖီအေးစက်တစ်ခွက်ဟာ
မင်းရဲ့အကြောင်းနဲ့အလွမ်းတိုပြည့်နက်လို
သကြားမပါတဲ့ Coffee ခါးသက်တစ်ခွက်လိုမျိုး
မင်းမပါတဲ့ ကိုယ့်မနက်တိုင်းဟာ ခါးသက်အေးစက်လို
ငါ့စိတ်တွေထိုင်းမှိင်းလို ကော်ဖီခါးခါးတစ်ခွက်လိုနေ အထီးကျန်ခြင်းကလွတ်မြောက်ဖို လိုနေတာမင်းရဲ့အထိအတွေ့တွေ
လူတွေပြောတယ် စွဲလမ်းမှုက မကောင်းဘူးလို
ကော်ဖီနဲ့အချစ်မရှိတော့ရင် ကိုယ့်နှလုံးသားလေးဟာ ရပ်တန့်သွားတော့မလို
လိုနေတာ အချစ်Coffee ခါးသက်တစ်ခွက်ဖန်ဆင်း
Caffeineထက်ပြင်းတဲ့ မင်းရဲ့ အချစ်တွေ သွေးကြောထဲစီးဝင်
ကြင်နာသူ မင်း ရင်ခုန်ခြင်းများလဲ ဖန်ဆင်း
စွဲလမ်းမိတဲ့ မင်းရဲ့အနမ်းနဲ့ မနက်ခင်းတိုင်းနိုးထချင်
ကော်ဖီတစ်ခွက်ရယ် မင်းရယ် အနားအမြဲရှိရင်
ဘာမှထပ်မတောင်းတချင်တော့ပြီ
Coffeeဆို ခါးရင်လည်း သောက်မယ်မင်းကြောင့်ကိုယ်နာကျင်ရလည်း ချစ်မယ်ဒီလိုရူးသွပ်မှုတွေကို ဘာကြောင့်နဲ့မှ မစွန့်လွှတ်နိုင်ဘူး
ကော်ဖီတစ်ခွက်ရယ် အချစ်မင်းရယ် ကိုယ့်အနားနားအမြဲရှိရင်......
Credits
Producer
Musicians
Song Writer
Organization
Song Info
- Released14 Jul, 2026
- ProducerThawng Ling
- MusiciansAn Nay Yar
- WriterZulu
- EngineerKyaw Kyaw (UK)
- OrganizationBellarie Production