8 Days 8 Months 8 Hours

G Fatt Songs Collection 2 · 09 Aug, 2023

8 Days 8 Months 8 Hours

Lyrics

လူလိုမဟုတ်တော့ဘူး ငါ့အတွေးတွေ

နာရီလက်တံလေးကို ငေးနေ

စိတ်နာလို့ အို.. ကောင်းနေတုန်းလား Baby

အပြင်မှာ မိုးတွေမည်းလို့သဲ

ခံနိုင်ရည်မရှိပါ အသည်းတို့ကွဲ

အခုတော့ မထူးတော့

နင်မုန်းလို့သွားလို့လေ

နှုတ်ခမ်းကပြုံးနေပေမယ့်

ရင်ဘတ်ကငိုနေတုန်းပဲ

ရင်ဘတ်ကမျက်ရည်တွေအတွက်

မျက်လုံးကဟန်ဆောင်ကောင်းခဲ့

ဦးနှောက်အသိဉာဏ်တွေထဲက

ထုတ်ပစ်ချင်ပေမယ့်လည်း

နင့်အကြောင်းတွေ

နှလုံးသားထဲကအမာရွတ်စွဲစေ

ငါဘယ်လိုနေရမလဲ

ငါဘယ်လိုနေရမလဲ

ငါဘယ်လိုနေရမလဲ နှလုံးသားထဲကအမာရွတ်စွဲစေ

ငါဘယ်လိုနေရမလဲ

ငါစိတ်ပူတယ်သိလား

ဘယ်နေရာမှာဘယ်သူနဲ့ရှိလို့နေမှာလဲ

ဒီအချိန်မျိုးဆို... ဆုတောင်းပြီး ငါတော့

Rap

(ဘုရားတရား မမေ့နဲ့ အချစ်ရေ

ဘယ်နေရာ ရောက်ရောက်

ငါတို့ ဘုရားဟောတဲ့ အတိုင်းဆို

ဝဋ်တွေ လည်မှာ တောက်လျှောက်

အဲ့တော့ လူတိုင်းအပေါ်ကို စာနာစိတ်မွေး

နင် မုဒိတာ ထား

နင့်ကို ထိုးတဲ့ လက်ညှိုးအတွက် ငါ

အင်္ဂုလိ မာလ)

နင်သူစိမ်းတွေရဲ့ ကြားထဲ

အရင်လို ငါ့နင်နံဘေး

လက်တွဲပြီး ရင်ဆိုင်ချင်သေး..သို့သော်

နှုတ်ခမ်းကပြုံးနေပေမယ့်

ရင်ဘတ်ကငိုနေတုန်းပဲ

ရင်ဘတ်ကမျက်ရည်တွေအတွက်

မျက်လုံးကဟန်ဆောင်ကောင်းခဲ့

ဦးနှောက်အသိဉာဏ်တွေထဲက

ထုတ်ပစ်ချင်ပေမယ့်လည်း

နင့်အကြောင်းတွေ

နှလုံးသားထဲကအမာရွတ်စွဲစေ

ငါဘယ်လိုနေရမလဲ

ငါဘယ်လိုနေရမလဲ

ငါဘယ်လိုနေရမလဲ နှလုံးသားထဲကအမာရွတ်စွဲစေ

ငါဘယ်လိုနေရမလဲ

Rap

(နင်နဲ့ ပြတ်ပြီး ကတည်းက

ဘယ်သူနဲ့မှလဲ မငြိစွန်းပါ ငါ

ဒီ တစ်ခွန်း စာသား

မင်းတစ်ယောက်ထဲကို ရည်ညွှန်း တာပါ

နင်ပူဆာတဲ့ အရာကို

အိမ်က ပိုက်ဆံ ခိုးဝယ်ခဲ့ဖူး

နင့်ရဲ့ အမျိုးအနွယ်လဲ မမှု့

သစ္စာတရားကို ကိုး ကွယ်တဲ့သူ

ခင်ဗျားကို သိပ်ချစ်သတဲ့ မလိမ်ဘူးပါးစပ်က

ဘုရားစူး မိုးကြိုးပစ်လို့ ကို

ကြိမ်ဖူး တတ်တာ

အဲ့လို အရမ်းပျော်ဖို့ ကောင်းတဲ့

အချိန် တစ်ခု အမှတ်ရ

ကျုပ်ကဖြစ်ချင်ခဲ့တာ သူမရဲ့ အိမ်ဦးနတ်ဗျ

(ပြန်လာပါ)

နင်ကြိုက်တဲ့ ရေမွှေးလေးလဲ ဝယ်ထားတယ်

(ဝရံတာမှာ)

နင်ကြိုက်တဲ့ ဆေးလေးနဲ့ ခြယ်ထားတယ်

(ပြန်လာပါ)

ကံဇာတာမကောင်းတဲ့ နိမိတ်ဆိုးတွေဖယ်ရှားမယ်

မအားလဲနင့်သူငယ်ချင်းတွေဆီကို အလည်သွားမယ်

ရထားနဲ့ သံလမ်းလိုပါ

အမြဲငါမရှိပဲဖြစ်တယ်ဆိုပြီးကံစမ်းမလို့လား

ငါ့အချစ်က နေမင်းအလင်းရောင်လို

နင့်ဘဝအပေါ် ဖိတ်စဉ်ကျခဲ့

မနွေးထွေးတောင် အရိပ်ထင်ရမယ်

ကျန်တာ ဘာစိတ်ဝင်စားလဲ)

နှုတ်ခမ်းကပြုံးနေပေမယ့်

ရင်ဘတ်ကငိုနေတုန်းပဲ

ရင်ဘတ်ကမျက်ရည်တွေအတွက်

မျက်လုံးကဟန်ဆောင်ကောင်းခဲ့

ဦးနှောက်အသိဉာဏ်တွေထဲက

ထုတ်ပစ်ချင်ပေမယ့်လည်း

နင့်အကြောင်းတွေ

နှလုံးသားထဲကအမာရွတ်စွဲစေ

ငါဘယ်လိုနေရမလဲ

ငါဘယ်လိုနေရမလဲ

ငါဘယ်လိုနေရမလဲ နှလုံးသားထဲကအမာရွတ်စွဲစေ

ငါဘယ်လိုနေရမလဲ...

Credits

Song Bio

8 Days 8 Months 8 Hours သီချင်းဟာ အချစ်ကြောင့် ရူးသွပ်သွားပြီး အတိတ်ကနေ ရုန်းမထွက်နိုင်ဘဲ ဟန်ဆောင်အပြုံးတွေရဲ့ နောက်ကွယ်မှာ တစ်စစီ ကြေမွပျက်စီးနေတဲ့ လူတစ်ယောက်ရဲ့ အသည်းကွဲ စိတ္တဇညည်းတွားသံ" ဖြစ်ပါတယ်။ အချစ်ကို ကိုးကွယ်ရာတစ်ခုလို သဘောထားပြီး ကိုယ့်ဘက်က နာကျင်နေရပေမယ့် တစ်ဖက်လူအတွက်တော့ ဘာသာရေးဆုတောင်းတွေ၊ ကာကွယ်ပေးချင်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ လေးနက်ခါးသီးတဲ့ သီချင်းစာသားတွေ ဖြစ်ပါတယ်။

Song Info

SHARE
8 Days 8 Months 8 Hours Lyrics – Shwe Htoo | Song Credit